[Zawgyi]

သမီးျဖစ္သူအတြက္ ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ ေဖေဖ မင္းေမာ္ကြန္း

ကေလး(၃)ေယာက္ေဖေဖျဖစ္တဲ့ အကယ္ဒမီမင္းေမာ္ကြန္းကေတာ့ လူပ်ိဳလူလြတ္တစ္ေယာက္အလားထင္ရေလာက္ေအာင္ ဒီေန႕အခ်ိန္ထိ အရြယ္တင္ႏုပ်ိဳလြန္းလုိ႕ပရိသတ္ေတြအားက်ရသူျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သားၾကီး သမီးၾကီး ႏွစ္ေယာက္နဲ႕သားငယ္ေလး တစ္ေယာက္ ကုိ ပုိင္ဆုိင္ထားတဲ့ မင္းေမာ္ကြန္းဟာ သာယာေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ကုိလည္း ပိုင္ဆုိင္ထားရပါတယ္။

သမီးေလေျပေသြးနဲ႕ သားၾကီး မင္းျမတ္

မင္းေမာ္ကြန္းရဲ႕ သမီးၾကီး ျဖစ္သူ ဆယ္ေက်ာ္သက္အရြယ္သာရွိေသးတဲ့ ေလေျပေသြး ဟာ ရုပ္ရည္ေလးခ်စ္စရာေကာင္းရုံသာမက ပညာေရးမွာလည္းထူးခၽြန္တာမုိ႕ မိသားစုအတြက္ ဂုဏ္ေဆာင္ေပးသူေလးျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံ၊ ဗလာဒီေဘာ့စေတာ့ၿမိဳ႕ရွိ အိုကီယမ္ လူငယ္စင္တာ ( OKEAN All Russian Children Center ) မွာ က်င္းပျပဳလုပ္ခဲ့တဲ့ လူငယ္ပြဲေတာ္မွာ သမီးျဖစ္သူေလေျပေသြးပါ၀င္တဲ့ ျမန္မာေက်ာင္းသား၊သူေတြက အျမင့္ဆုံးဆုဆြတ္ခူးခဲ့တယ္လုိ႕ သိရပါတယ္။

family

Private Teachers Association နဲ႕ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးတို႔ ပူးေပါင္းေစလႊတ္ခဲ့ျပီး ႏုိင္ငံေပါင္း(၁၂)ႏုိင္ငံပါ၀င္တဲ့ လူငယ္ပြဲေတာ္မွာ Live, Create, Dream အမည္ရ အႏုပညာပြဲေတာ္တစ္ခုလံုးဆိုင္ရာ (Grand Prix) တစ္ဆုတည္းေသာ အျမင့္ဆံုးဆုကို ျမန္မာႏိုင္ငံက ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း အရည္အခ်င္းရွိတဲ့ သမီးျဖစ္သူအတြက္ မင္းေမာ္ကြန္းတစ္ေယာက္ ၀မ္းသာဂုဏ္ယူလ်က္ရွိျပီး အႏုပညာအသုိင္းအ၀ုိင္းကလည္း ဂုဏ္ျပဳခ်ီးမြမ္းစကားေတြဆုိထားၾကပါတယ္။

Photos Credit – Kyaw Kyaw Htay Lwin Facebook

ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

သမီးဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဖေဖေ မင်းမော်ကွန်း

ကလေး(၃)ယောက်ဖေဖေဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းကတော့ လူပျိုလူလွတ်တစ်ယောက်အလားထင်ရလောက်အောင် ဒီနေ့အချိန်ထိ အရွယ်တင်နုပျိုလွန်းလို့ပရိသတ်တွေအားကျရသူဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားကြီး သမီးကြီး နှစ်ယောက်နဲ့သားငယ်လေး တစ်ယောက် ကို ပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းဟာ သာယာပျော်ရွှင်ဖွယ်မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားရပါတယ်။

သမီးေလေျပေသြးနဲ႕ သားၾကီး မင္းျမတ္

မင်းမော်ကွန်းရဲ့ သမီးကြီး ဖြစ်သူ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ လေပြေသွေး ဟာ ရုပ်ရည်လေးချစ်စရာကောင်းရုံသာမက ပညာရေးမှာလည်းထူးချွန်တာမို့ မိသားစုအတွက် ဂုဏ်ဆောင်ပေးသူလေးဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့ရှိ အိုကီယမ် လူငယ်စင်တာ ( OKEAN All Russian Children Center ) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်ပွဲတော်မှာ သမီးဖြစ်သူလေပြေသွေးပါဝင်တဲ့ မြန်မာကျောင်းသား၊သူတွေက အမြင့်ဆုံးဆုဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

family

Private Teachers Association နဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့ ပူးပေါင်းစေလွှတ်ခဲ့ပြီး နိုင်ငံပေါင်း(၁၂)နိုင်ငံပါဝင်တဲ့ လူငယ်ပွဲတော်မှာ Live, Create, Dream အမည်ရ အနုပညာပွဲတော်တစ်ခုလုံးဆိုင်ရာ (Grand Prix) တစ်ဆုတည်းသော အမြင့်ဆုံးဆုကို မြန်မာနိုင်ငံက ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း အရည်အချင်းရှိတဲ့ သမီးဖြစ်သူအတွက် မင်းမော်ကွန်းတစ်ယောက် ဝမ်းသာဂုဏ်ယူလျက်ရှိပြီး အနုပညာအသိုင်းအဝိုင်းကလည်း ဂုဏ်ပြုချီးမွမ်းစကားတွေဆိုထားကြပါတယ်။

Photos Credit – Kyaw Kyaw Htay Lwin Facebook

ကြည်သာ (Akhayar)

www.akhayar.com