[Zawgyi]

သရုပ္ေဆာင္တစ္ေယာက္က အျမဲပရိသတ္အႀကိဳက္ႀကီးပဲလုပ္လို႔မရပါဘူးလို႔ဆိုတဲ့ မင္းေမာ္ကြန္း

အႏုပညာေလာကရဲ႕ဝါရင့္သရုပ္ေဆာင္တစ္ဦးျဖစ္သူ မင္းေမာ္ကြန္းက သရုပ္ေဆာင္ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ အႏုပညာဖန္တီးမႈေတြမွာ ပရိသတ္ေတြအႀကိဳက္တစ္ခုကိုပဲ လိုက္လုပ္လို႔မရႏိုင္ဘူးလို႔ ဆိုပါတယ္။“၂၀၁၈ မွာေတာ့ ဇာတ္ေကာင္ေရြးခ်ယ္တဲ႔အခါမွာ ေသေသခ်ာခ်ာေလး လုပ္ရတဲ့အပိုင္းကို ပုိဦးစားေပးသရုပ္ေဆာင္ျဖစ္တယ္။ ဇာတ္အိမ္က အဓိကခိုင္မာရမယ္။ အဲလိုဇာတ္ရုပ္မ်ဳိးကို ပိုေရြးခ်ယ္ျဖစ္တယ္။ ကၽြန္ေတာ္တို႔က အႏုပညာသမားတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ပရိသတ္ေတြေနာက္ကိုပဲဲေတာက္ေလွ်ာက္၊ သူတို႔ႀကိဳက္တာကိုပဲလုိက္လုပ္လို႔မရပါဘူး။ ကိုယ္လုပ္ျပခ်င္တာ ၾကည့္ေစခ်င္တဲ့အေၾကာင္းအရာေလးေတြကိုလည္း လုပ္ျပရပါတယ္” လို႔ အႏုပညာသရုပ္ေဆာင္ ခ်က္ေတြကို ပရိတ္သတ္ဆီခ်ျပမႈနဲ႔ပတ္သက္ၿပီး မင္းေမာ္ကြန္းကေျပာပါတယ္။

လာမယ့္၂၀၁၇ အကယ္ဒမီအတြက္ကိုလည္း ရင္ခုန္မႈမရွိပဲ၊ တျခားအႏုပညာေမာင္ႏွမေတြအတြက္ပဲရင္ခုန္ေပးေနပါတယ္လို႔လည္း မင္းေမာ္ကြန္းကဆိုပါတယ္။ “နယူးဗားရွင္း” ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဒါရိုက္အသစ္နဲ႔ လက္တြဲသရုပ္ေဆာင္ခဲ့ရတဲ့အေပၚကိုလည္း “ဒီဇာတ္ကားထဲမွာ ကၽြန္ေတာ္က အျမဲတမ္းကံဆိုးေနတတ္တဲ့ လူတစ္ေယာက္ရဲ႕ ဇာတ္ေကာင္ပါ။ ဒါရိုက္တာကအသစ္ဆိုေပမယ့္လည္း ဒီအႏုပညာေလာကထဲမွာ အေတြ႕အႀကံဳရွိၿပီးသားလူတစ္ေယာက္ပါ။ ကိုေဇာ္ႏိုင္တို႔နဲ႔ ကၽြန္ေတာ္တို႔ကလက္တြဲလာတာလည္းၾကာၿပီ။ ဒါရိုက္တာသာမလုပ္ျဖစ္ေသးတာ ဒါရိုက္တာေပါင္းစံုရဲ႕ပညာကို သူရေနၿပီးသားပါ။ သူပထမဦးဆံုးရိုက္မယ့္ဇာတ္ကားမွာ ကၽြန္ေတာ္ကိုလည္းပါေစခ်င္တယ္။ အဲဒီအတြက္ ကၽြန္ေတာ္ကလည္း ပါဝင္ၿပီးအားျဖည့္ေပးတဲ့သေဘာပါ။ ရိုက္ကတည္းကလည္း အတတ္ႏိုင္ဆံုးအေကာင္းဆံုးျဖစ္ေအာင္ကို ေသခ်ာႀကိဳးစားထားပါတယ္။ အဲဒါအျပင္ ဒီကားေလးကလည္း ပရိသတ္ေတြအတြက္ ေပါ့ေပါ့ပါးပါးရယ္ရမယ့္ ဟာသဇာတ္ကားတစ္ကားေလးလည္းျဖစ္ပါတယ္” လို႔ မင္းေမာ္ကြန္းကေျပာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သရုပ်ဆောင်တစ်ယောက်က အမြဲပရိသတ်အကြိုက်ကြီးပဲလုပ်လို့မရပါဘူးလို့ဆိုတဲ့ မင်းမော်ကွန်း

အနုပညာလောကရဲ့ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ မင်းမော်ကွန်းက သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာဖန်တီးမှုတွေမှာ ပရိသတ်တွေအကြိုက်တစ်ခုကိုပဲ လိုက်လုပ်လို့မရနိုင်ဘူးလို့ ဆိုပါတယ်။“၂၀၁၈ မှာတော့ ဇာတ်ကောင်ရွေးချယ်တဲ့အခါမှာ သေသေချာချာလေး လုပ်ရတဲ့အပိုင်းကို ပိုဦးစားပေးသရုပ်ဆောင်ဖြစ်တယ်။ ဇာတ်အိမ်က အဓိကခိုင်မာရမယ်။ အဲလိုဇာတ်ရုပ်မျိုးကို ပိုရွေးချယ်ဖြစ်တယ်။ ကျွန်တော်တို့က အနုပညာသမားတစ်ယောက်ဖြစ်နေတဲ့အတွက် ပရိသတ်တွေနောက်ကိုပဲတောက်လျှောက်၊ သူတို့ကြိုက်တာကိုပဲလိုက်လုပ်လို့မရပါဘူး။ ကိုယ်လုပ်ပြချင်တာ ကြည့်စေချင်တဲ့အကြောင်းအရာလေးတွေကိုလည်း လုပ်ပြရပါတယ်” လို့ အနုပညာသရုပ်ဆောင် ချက်တွေကို ပရိတ်သတ်ဆီချပြမှုနဲ့ပတ်သက်ပြီး မင်းမော်ကွန်းကပြောပါတယ်။

လာမယ့်၂၀၁၇ အကယ်ဒမီအတွက်ကိုလည်း ရင်ခုန်မှုမရှိပဲ၊ တခြားအနုပညာမောင်နှမတွေအတွက်ပဲရင်ခုန်ပေးနေပါတယ်လို့လည်း မင်းမော်ကွန်းကဆိုပါတယ်။ “နယူးဗားရှင်း” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒါရိုက်အသစ်နဲ့ လက်တွဲသရုပ်ဆောင်ခဲ့ရတဲ့အပေါ်ကိုလည်း “ဒီဇာတ်ကားထဲမှာ ကျွန်တော်က အမြဲတမ်းကံဆိုးနေတတ်တဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကောင်ပါ။ ဒါရိုက်တာကအသစ်ဆိုပေမယ့်လည်း ဒီအနုပညာလောကထဲမှာ အတွေ့အကြုံရှိပြီးသားလူတစ်ယောက်ပါ။ ကိုဇော်နိုင်တို့နဲ့ ကျွန်တော်တို့ကလက်တွဲလာတာလည်းကြာပြီ။ ဒါရိုက်တာသာမလုပ်ဖြစ်သေးတာ ဒါရိုက်တာပေါင်းစုံရဲ့ပညာကို သူရနေပြီးသားပါ။ သူပထမဦးဆုံးရိုက်မယ့်ဇာတ်ကားမှာ ကျွန်တော်ကိုလည်းပါစေချင်တယ်။ အဲဒီအတွက် ကျွန်တော်ကလည်း ပါဝင်ပြီးအားဖြည့်ပေးတဲ့သဘောပါ။ ရိုက်ကတည်းကလည်း အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကို သေချာကြိုးစားထားပါတယ်။ အဲဒါအပြင် ဒီကားလေးကလည်း ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရယ်ရမယ့် ဟာသဇာတ်ကားတစ်ကားလေးလည်းဖြစ်ပါတယ်” လို့ မင်းမော်ကွန်းကပြောပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။