[ZawGyi]

သန္းၾကြယ္သူေဌးေတြရဲ႕ေကာလိပ္ GPA က 2.9 သာရွိပါသတဲ႔

အေမရိကန္ ဘီလီယံနာေတြရဲ႕ေက်ာင္းတုန္းကလႈပ္ရွားမႈေတြ အဆင္႔သတ္မွတ္ခ်က္ေတြကိုေလ႔လာၾကည္႔တဲ႔အခါ GPA လုိ႔ေခၚတဲ႔ Great Point Average က 2.9 ပဲရွိတယ္လုိ႔ေလ႔လာေတြ႔ရွိရပါတယ္။ GPA ဆုိတာက Course တစ္ခုျပီးသြားခ်ိန္မွာသင္႔ရဲ႕သင္ခန္းစာတတ္ေျမာက္မႈႏႈန္းကို A,B,C,D နဲ႔ခြဲျခားသတ္မွတ္ျပီးရလာတဲ႔ Great Value ၊ ဒီ Great Value ကို Credit Value နဲ႔ေျမွာက္ျပီးရလာတဲ႔ Great Points ၊ Great Points ေတြကိုေပါင္းထားတဲ႔ Total Great Points စတာေတြနဲ႔အေျခခံတြက္ခ်က္တာျဖစ္ပါတယ္။

GPA-Calculate

GPA-Calculate

ရလာတဲ႔ Total Grade Points ကို Total Credits Attempted နဲ႔စားလိုက္ျပီး GPA ကိုသတ္မွတ္တာျဖစ္ပါတယ္။ ေလ႔လာသူေတြက Boston College မွာအေျခတည္ျပီးသုေတသနျပဳခဲ႔ၾကတာျဖစ္ပါတယ္။ ေကာလိပ္ကေနေက်ာင္းျပီးသြားတဲ႔သူေတြရဲ႕ ေအာင္ျမင္မႈကိုစစ္တမ္းေကာက္ၾကည္႔ျပန္ေတာ႔ GPA မေကာင္းခဲ႔သူေတြဟာလည္း ေအာင္ျမင္မႈေတြၾကီးၾကီးမားမားရတယ္ဆုိတာကိုေတြ႔ရပါတယ္တဲ႔။ အထူးသျဖင္႔ သန္းၾကြယ္သူေဌးေတြဟာ ဘယ္သူမွေက်ာင္းမွာအဆင္႔ေကာင္းေကာင္းရခဲ႔သူေတြမဟုတ္ပါဘူး။

အထက္တန္းေက်ာင္းမွာ အဆင္႔ေကာင္းေကာင္းရတတ္တဲ႔ စာေတာ္တဲ႔ထဲပါတဲ႔သူေတြဟာလည္း ထူးထူးခၽြန္ခၽြန္ေအာင္ျမင္တဲ႔သူေတြျဖစ္လာတာထက္ သာမန္ဘဝမွာက်င္လည္လႈပ္ရွားေနၾကရသူေတြမ်ားတယ္လုိ႔ သူတုိ႔ရဲ႕ေလ႔လာခ်က္ေတြကေဖာ္ျပထားတာျဖစ္ပါတယ္။ ဒါဟာ ဘာေၾကာင္႔လဲလို႔ေလ႔လာၾကည္႔ရာမွာ ေက်ာင္းေတြဟာ စည္းမ်ဥ္းေတြကိုလုိက္နာတတ္ဖုိ႔သင္ၾကားေပးၾကတာေၾကာင္႔ျဖစ္ပါတယ္။ ဒါေပမဲ႔ တစ္ခုခုမွာထူးခၽြန္သူ၊ စြန္႔ဦးတီထြင္သမားေတြကေတာ႔ သူတုိ႔စိတ္ဝင္စားရာကိုသာလုပ္ေဆာင္ၾကသူေတြျဖစ္ပါတယ္။ သူတုိ႔ဟာ ေက်ာင္းရဲ႕စည္းမ်ဥ္းစည္းကမ္းထဲ ေဘာင္ဝင္ေအာင္မေနၾကသူေတြမ်ားပါတယ္တဲ႔။ သူတုိ႔စိတ္ဝင္စားရာကိုအာရံံုစိုက္မိေနရင္ ေက်ာင္းစည္းကမ္းေတြကိုခ်ိဳးေဖာက္ဖုိ႔ ဝန္မေလးၾကပါဘူး။ တကယ္တမ္းမွာေတာ႔ ေက်ာင္းရဲ႕စည္းမ်ဥ္းစည္းကမ္းေတြဟာရိုးရွင္းျပီး လက္ေတြ႔ဘဝရဲ႕စည္းမ်ဥ္းေတြကေတာ႔ ရႈပ္ေထြးလြန္းပါတယ္။ေက်ာင္းသားဘဝမွာအခက္အခဲလို႔ထင္ခဲ႔တဲ႔အရာေတြဟာ ဘဝခရီးရွည္တစ္ခုကိုေလွ်ာက္လွမ္းသြားျပီးခ်ိန္မွာ ေသးမႊားလြန္းတဲ႔အရာေလးျဖစ္သြားတာပါ။

ဒါေၾကာင္႔လည္း ေက်ာင္းမွာရခဲ႔တဲ႔အဆင္႔ေတြကိုၾကည္႔ျပီး လူတစ္ေယာက္ရဲ႕အရည္အခ်င္းကို အကဲမျဖတ္မိေစဖုိ႔ဆုိထားၾကတာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

သန်းကြွယ်သူဌေးတွေရဲ့ကောလိပ် GPA က 2.9 သာရှိပါသတဲ့

အမေရိကန် ဘီလီယံနာတွေရဲ့ကျောင်းတုန်းကလှုပ်ရှားမှုတွေ အဆင့်သတ်မှတ်ချက်တွေကိုလေ့လာကြည့်တဲ့အခါ GPA လို့ခေါ်တဲ့ Great Point Average က 2.9 ပဲရှိတယ်လို့လေ့လာတွေ့ရှိရပါတယ်။ GPA ဆိုတာက Course တစ်ခုပြီးသွားချိန်မှာသင့်ရဲ့သင်ခန်းစာတတ်မြောက်မှုနှုန်းကို A,B,C,D နဲ့ခွဲခြားသတ်မှတ်ပြီးရလာတဲ့ Great Value ၊ ဒီ Great Value ကို Credit Value နဲ့မြှောက်ပြီးရလာတဲ့ Great Points ၊ Great Points တွေကိုပေါင်းထားတဲ့ Total Great Points စတာတွေနဲ့အခြေခံတွက်ချက်တာဖြစ်ပါတယ်။

GPA-Calculate

GPA-Calculate

ရလာတဲ့ Total Grade Points ကို Total Credits Attempted နဲ့စားလိုက်ပြီး GPA ကိုသတ်မှတ်တာဖြစ်ပါတယ်။ လေ့လာသူတွေက Boston College မှာအခြေတည်ပြီးသုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။ ကောလိပ်ကနေကျောင်းပြီးသွားတဲ့သူတွေရဲ့ အောင်မြင်မှုကိုစစ်တမ်းကောက်ကြည့်ပြန်တော့ GPA မကောင်းခဲ့သူတွေဟာလည်း အောင်မြင်မှုတွေကြီးကြီးမားမားရတယ်ဆိုတာကိုတွေ့ရပါတယ်တဲ့။ အထူးသဖြင့် သန်းကြွယ်သူဌေးတွေဟာ ဘယ်သူမှကျောင်းမှာအဆင့်ကောင်းကောင်းရခဲ့သူတွေမဟုတ်ပါဘူး။

အထက်တန်းကျောင်းမှာ အဆင့်ကောင်းကောင်းရတတ်တဲ့ စာတော်တဲ့ထဲပါတဲ့သူတွေဟာလည်း ထူးထူးချွန်ချွန်အောင်မြင်တဲ့သူတွေဖြစ်လာတာထက် သာမန်ဘဝမှာကျင်လည်လှုပ်ရှားနေကြရသူတွေများတယ်လို့ သူတို့ရဲ့လေ့လာချက်တွေကဖော်ပြထားတာဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲလို့လေ့လာကြည့်ရာမှာ ကျောင်းတွေဟာ စည်းမျဉ်းတွေကိုလိုက်နာတတ်ဖို့သင်ကြားပေးကြတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုခုမှာထူးချွန်သူ၊ စွန့်ဦးတီထွင်သမားတွေကတော့ သူတို့စိတ်ဝင်စားရာကိုသာလုပ်ဆောင်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ ကျောင်းရဲ့စည်းမျဉ်းစည်းကမ်းထဲ ဘောင်ဝင်အောင်မနေကြသူတွေများပါတယ်တဲ့။ သူတို့စိတ်ဝင်စားရာကိုအာရံုံစိုက်မိနေရင် ကျောင်းစည်းကမ်းတွေကိုချိုးဖောက်ဖို့ ဝန်မလေးကြပါဘူး။ တကယ်တမ်းမှာတော့ ကျောင်းရဲ့စည်းမျဉ်းစည်းကမ်းတွေဟာရိုးရှင်းပြီး လက်တွေ့ဘဝရဲ့စည်းမျဉ်းတွေကတော့ ရှုပ်ထွေးလွန်းပါတယ်။ကျောင်းသားဘဝမှာအခက်အခဲလို့ထင်ခဲ့တဲ့အရာတွေဟာ ဘဝခရီးရှည်တစ်ခုကိုလျှောက်လှမ်းသွားပြီးချိန်မှာ သေးမွှားလွန်းတဲ့အရာလေးဖြစ်သွားတာပါ။

ဒါကြောင့်လည်း ကျောင်းမှာရခဲ့တဲ့အဆင့်တွေကိုကြည့်ပြီး လူတစ်ယောက်ရဲ့အရည်အချင်းကို အကဲမဖြတ်မိစေဖို့ဆိုထားကြတာဖြစ်ပါတယ်။

www.akhayar.com