[Zawgyi]

မီလန္ဒါဘီပြဲစဥ္မွာ ဘယ္အသင္းအသာရသြားမလဲ

မီလန္ဒါဘီဆိုတာ အရင္ကျပိဳင္ဆိုင္မႈျပင္းထန္ျပီး ပရိသတ္စိတ္၀င္စားမႈအျပည္႔ရိွတဲ႔ ပြဲစဥ္ပါ။ ေနာက္ပိုင္းမွာေတာ႔ စီးရီးေအရဲ႕ ပံုရိပ္က်ဆင္းမႈ ၊ မီလန္(၂)သင္းရဲ႕က်ဆင္းမႈေတြေၾကာင္႔ အရိွန္အ၀ါကင္းမဲ႔လာျပီး ပရိသတ္စိတ္၀င္စားမႈ ေလ်ာ႔က်ခဲ႔ပါတယ္။ ဒါေပမဲ႔ လက္ရိွမီလန္(၂)သင္းရဲ႕ ကစားသမားပိုင္းေတာင္႔တင္းလာခဲ႔တာ ၊ ေျခစြမ္းပိုင္းတိုးတက္လာခဲ႔တာေတြေၾကာင္႔ စီးရီးေအပြဲစဥ္(၉)ရဲ႕ မီလန္ဒါဘီပြဲစဥ္မွာေတာ႔ ဘယ္အသင္းအသာရသြားမလဲဆိုတာစိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

အင္တာမီလန္ – ေအစီမီလန္ ( တနလၤာမနက္ ၁း၀၀ နာရီ )

Icardi

Icardi

လက္ရိွ(၂)သင္းလံုးရဲ႕ ေျခစြမ္းဟာ အေကာင္းဆံုးမွာရိ္ွေနပါတယ္။ အင္တာမီလန္အသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၆)ပြဲဆက္ အႏိုင္ကစားထားပါတယ္။ ေအစီမီလန္အသင္းကေတာ႔ ျပိဳင္ပြဲစံုေနာက္ဆံုး (၈)ပြဲဆက္ ရံႈးပြဲမရိွကစားထားျပီး (၅)ပြဲႏိုင္ ၊ (၃)ပြဲသေရကစားထားပါတယ္။ လက္ရိွ(၂)သင္းလံုးရဲ႕ အေနအထားေတြေၾကာင္႔ ဒီပြဲမွာဘယ္အသင္းအသာရသြားမလဲဆိုတာ မွန္းဆရခက္ခဲေနတာကေတာ႔ အမွန္ပါပဲ။ နည္းျပစပယ္လက္တီ Spalletti နဲ႔ နည္းျပဂတ္တူဆို Gattuso တို႔ရဲ႕ နည္းဗ်ဴဟာပိုင္းအားျပိဳင္မႈေတြကို ျမင္ေတြ႕ရဖို႔ရိွေနသလို အာဂ်င္တီးနားတိုက္စစ္မွဴးေတြျဖစ္တဲ႔ အီကာဒီ Icardi နဲ႔ ဟီဂြါအင္ Higuaín တို႔ဘယ္သူက ဒီပြဲမွာ အသာရသြားမလဲဆိုတာကလည္း စိတ္၀င္စားစရာပါ။ ဒီပြဲဟာ တစ္သင္းနဲ႔ တစ္သင္းအမွားေစာင္႔ကစားတဲ႔ပြဲ ျဖစ္လာႏိုင္ျပီး (၂)သင္းလံုးရဲ႕ကစားပံုေၾကာင္႔ သြင္းဂိုးနည္းဖို႔ရိွပါတယ္။ အႏိုင္ရလဒ္ထြက္ေပၚလာဖို႔ထက္ သေရက်ဖို႔ ရာခိုင္ႏႈန္းပိုမ်ားတဲ႔ ပြဲမ်ိဳးျဖစ္ျပီး အင္တာမီလန္ ( ၁ – ၁ ) ေအစီမီလန္ရလဒ္မ်ိဳးျဖစ္လာႏိုင္ပါတယ္။

Higuaín

Higuaín

အင္တာမီလန္ – ေအစီမီလန္ ျပိဳင္ပြဲစံုထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္

Milan 0 – 0 Internazionale
Milan E 1 – 0 Internazionale
Internazionale 3 – 2 Milan
Internazionale 2 – 2 Milan
Milan 2 – 2 Internazionale

မီလန္ဒါဘီပြဲစဥ္ရဲ႕ ထူးျခားခ်က္မ်ား

Shevchenko

Shevchenko

– အင္တာမီလန္ နဲ႔ ေအစီမီလန္တို႔ဟာ သမိုင္းတစ္ေလွ်ာက္ပြဲေပါင္း (၂၂၁)ပြဲကစားခဲ႔ၾကျပီး အင္တာမီလန္က (၇၈)ပြဲႏိုင္ ၊ ေအစီမီလန္က (၇၆)ပြဲႏိုင္ ၊ (၆၇)ပြဲသေရ က်ထားပါတယ္။
– အင္တာမီလန္ဟာ သမိုင္းတစ္ေလွ်ာက္မီလန္ဒါဘီပြဲစဥ္မွာ သြင္းဂိုး(၂၉၉)ဂိုးသြင္းယူထားျပီး ေအစီမီလန္အသင္းကေတာ႔ သြင္းဂိုး(၂၉၇)ဂိုးသြင္းယူထားပါတယ္။
– မီလန္ဒါဘီသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးတိုက္စစ္မွဴးကေတာ႔ ေအစီမီလန္တိုက္စစ္မွဴး ရွက္ဗ္ခ်င္ကို   Shevchenko ျဖစ္ျပီး (၁၄)ဂိုးသြင္းယူထားပါတယ္။
– အင္တာမီလန္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး အီကာဒီဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ အသင္းအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး(၅)ဂိုးသြင္းယူထားျပီး ေအစီမီလန္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဟီဂြါအင္ကေတာ႔ ဒီႏွစ္ေဘာလံုးရာသီမွာအသင္းအတြက္ လက္ရိွအခ်ိန္ထိ ျပိဳင္ပြဲစံုသြင္းဂိုး(၆)ဂိုးသြင္းယူထားပါတယ္။
– ေအစီမီလန္အသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၃)ပြဲမွာ (၁)ပြဲကိုအနိမ္႔ဆံုး (၃)ဂိုးသြင္းယူထားပါတယ္။
– (၂)သင္းလံုးဟာ လက္ရိွမွာ ဒဏ္ရာျပႆနာကင္းစင္ေနပါတယ္။

Milan-Derby

Milan-Derby

မီလန္(၂)သင္းရဲ႕ ဆုဖလားရရိွမႈ အေျခအေန

Trophies                 Internazionale          Milan

Serie A                               18                         18

Champions League        3                           7

Coppa Italia                      7                            5

Europa League                3                            0

Super Cup                         5                             7

UEFA Super Cup             0                             5

FIFA Club World Cup     1                             1

Inter Continental Cup    2                             3

Serie B                                0                             2

UEFA Cup Winners’ Cup 0                           2

Photo: International Champions Cup , Goal.com , SempreMilan
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မီလန်ဒါဘီပွဲစဉ်မှာ ဘယ်အသင်းအသာရသွားမလဲ

မီလန်ဒါဘီဆိုတာ အရင်က ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပရိသတ်စိတ်ဝင်စားမှုအပြည့်ရှိတဲ့ ပွဲစဉ်ပါ။ နောက်ပိုင်းမှာတော့ စီးရီးအေရဲ့ ပုံရိပ်ကျဆင်းမှု ၊ မီလန်(၂)သင်းရဲ့ကျဆင်းမှုတွေကြောင့် အရှိန်အဝါကင်းမဲ့လာပြီး ပရိသတ်စိတ်ဝင်စားမှုလျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမီလန်(၂)သင်းရဲ့ ကစားသမားပိုင်းတောင့်တင်းလာခဲ့တာ ၊ ခြေစွမ်းပိုင်းတိုးတက်လာခဲ့တာတွေကြောင့် စီးရီးအေပွဲစဉ်(၉)ရဲ့ မီလန်ဒါဘီပွဲစဉ်မှာတော့ ဘယ်အသင်းအသာရသွားမလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အင်တာမီလန် – အေစီမီလန် ( တနင်္လာမနက် ၁း၀၀ နာရီ )

Icardi

Icardi

လက်ရှိ(၂)သင်းလုံးရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမှာရိှနေပါတယ်။ အင်တာမီလန်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက် အနိုင်ကစားထားပါတယ်။ အေစီမီလန်အသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး (၅)ပွဲနိုင် ၊ (၃)ပွဲသရေကစားထားပါတယ်။ လက်ရှိ(၂)သင်းလုံးရဲ့ အနေအထားတွေကြောင့် ဒီပွဲမှာဘယ်အသင်းအသာရသွားမလဲဆိုတာ မှန်းဆရခက်ခဲနေတာကတော့ အမှန်ပါပဲ။ နည်းပြစပယ်လက်တီ Spalletti နဲ့ နည်းပြဂတ်တူဆို Gattuso တို့ရဲ့ နည်းဗျူဟာပိုင်းအားပြိုင်မှုတွေကို မြင်တွေ့ရဖို့ရှိနေသလို အာဂျင်တီးနားတိုက်စစ်မှူးတွေဖြစ်တဲ့ အီကာဒီ Icardi နဲ့ ဟီဂွါအင် Higuaín တို့ဘယ်သူက ဒီပွဲမှာ အသာရသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒီပွဲဟာ တစ်သင်းနဲ့ တစ်သင်းအမှားစောင့်ကစားတဲ့ပွဲ ဖြစ်လာနိုင်ပြီး (၂)သင်းလုံးရဲ့ကစားပုံကြောင့် သွင်းဂိုးနည်းဖို့ရှိပါတယ်။ အနိုင်ရလဒ်ထွက်ပေါ်လာဖို့ထက် သရေကျဖို့ ရာခိုင်နှုန်းပိုများတဲ့ ပွဲမျိုးဖြစ်ပြီး အင်တာမီလန် ( ၁ – ၁ ) အေစီမီလန်ရလဒ်မျိုးဖြစ်လာနိုင်ပါတယ်။

Higuaín

Higuaín

အင်တာမီလန် – အေစီမီလန် ပြိုင်ပွဲစုံထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Milan 0 – 0 Internazionale
Milan E 1 – 0 Internazionale
Internazionale 3 – 2 Milan
Internazionale 2 – 2 Milan
Milan 2 – 2 Internazionale

မီလန်ဒါဘီပွဲစဉ်ရဲ့ ထူးခြားချက်များ

Shevchenko

Shevchenko

– အင်တာမီလန် နဲ့ အေစီမီလန်တို့ဟာ သမိုင်းတစ်လျှောက်ပွဲပေါင်း (၂၂၁)ပွဲကစားခဲ့ကြပြီး အင်တာမီလန်က (၇၈)ပွဲနိုင် ၊ အေစီမီလန်က (၇၆)ပွဲနိုင် ၊ (၆၇)ပွဲသရေ ကျထားပါတယ်။
– အင်တာမီလန်ဟာ သမိုင်းတစ်လျှောက်မီလန်ဒါဘီပွဲစဉ်မှာ သွင်းဂိုး(၂၉၉)ဂိုးသွင်းယူထားပြီး အေစီမီလန်အသင်းကတော့ သွင်းဂိုး(၂၉၇)ဂိုးသွင်းယူထားပါတယ်။
– မီလန်ဒါဘီသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးတိုက်စစ်မှူးကတော့ အေစီမီလန်တိုက်စစ်မှူး ရှက်ဗ်ချင်ကို   Shevchenko ဖြစ်ပြီး (၁၄)ဂိုးသွင်းယူထားပါတယ်။
– အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး အီကာဒီဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၅)ဂိုးသွင်းယူထားပြီး အေစီမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟီဂွါအင်ကတော့ ဒီနှစ်ဘောလုံးရာသီမှာအသင်းအတွက် လက်ရှိအချိန်ထိ ပြိုင်ပွဲစုံသွင်းဂိုး(၆)ဂိုးသွင်းယူထားပါတယ်။
– အေစီမီလန်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲမှာ (၁)ပွဲကိုအနိမ့်ဆုံး (၃)ဂိုးသွင်းယူထားပါတယ်။
– (၂)သင်းလုံးဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကင်းစင်နေပါတယ်။

Milan-Derby

Milan-Derby

မီလန်(၂)သင်းရဲ့ ဆုဖလားရရှိမှု အခြေအနေ

Trophies                 Internazionale          Milan

Serie A                               18                         18

Champions League        3                           7

Coppa Italia                      7                            5

Europa League                3                            0

Super Cup                         5                             7

UEFA Super Cup             0                             5

FIFA Club World Cup     1                             1

Inter Continental Cup    2                             3

Serie B                                0                             2

UEFA Cup Winners’ Cup 0                           2

Photo: International Champions Cup , Goal.com , SempreMilan
Ko Kyue(Akhayar)
www.akhayar.com