[Zawgyi]

ေဖေဖထူးအိမ္သင္ရဲ ႔  ခ်စ္သမီးေလးမိခြန္ေထာ ၂၂နွစ္ျပည့္ေမြးေန႔

ဒီေန႕ဇြန္လ ၄ ရက္ေန႔ဟာ ထူးအိမ္သင္ရဲ ႔သမီးေလးမိခြန္ေထာရဲ႕  ၂၂ နွစ္ျပည့္ေမြးေန႔ပဲျဖစ္ပါတယ္။ ဒီေန႔မွာ သမီးေလးမိခြန္ေထာဟာ ဖခင္ျဖစ္သူကိုသတိရတယ္ ဆိုၿပီးေတာ့လည္း သူမရဲ ႔ လူမႈကြန္ရက္မွာ တင္ထားတာကိုေတြ႕ရပါတယ္။

မိခြန္ေထာငယ္စဥ္ကေဖေဖထူးအိမ္သင္နဲ႕အတူေတြ႕ရပံု

 

အဆိုေတာ္ထူးအိမ္သင္ဟာ  ေတးသီခ်င္းေပါင္းမ်ားစြာကိုေရးသားခဲ့ၿပီး လက္ရွိအခ်ိန္အထိလည္း သူဖန္တီးခဲ့တဲ့ အနုပညာေတြဟာ လူတိုင္းရဲ ႔ ပါးစပ္ဖ်ားမွာစြဲျမဲေနဆဲပါ။ သမီးေလးကိုခ်စ္လြန္းလို႕ သူကိုယ္တိုင္ဖန္တီးခဲ့တဲ့ တုႏိႈင္းမဲ့ရတနာ ဆိုတဲ့ သီခ်င္းေလးကလည္း ပရိသတ္ေတြအင္မတန္ကို ႀကိဳက္နွစ္သက္ၾကတဲ့ သီခ်င္းေလးတစ္ပုဒ္ျဖစ္ပါတယ္။

မိခင္ျဖစ္သူနဲ႔အတူေတြ႕ရတဲ့မိခြန္ေထာ

သမီးေလးမိခြန္ေထာလို႔ေျပာလိုက္ရင္ အဆိုေတာ္ႀကီးထူးအိမ္သင္ကို အျမဲတြဲၿပီးျမင္တက္တဲ့ အနုပညာေလာကအသိုင္းအဝိုင္းကလည္း အဆိုေတာ္ႀကီးမရွိေတာ့ေပမယ့္လို႔ သူ႕ရဲ ႔ေတးသီခ်င္းေတြကို တန္ဖိုးထားသလို သူ႕ရဲ႕မိသားစုကိုလည္း ဝိုင္းဝန္းၿပီးတန္ဖိုးထားခ်စ္ခင္ေပးၾကတဲ့တာကိုေတြ႔ရပါတယ္။

ၿပီးခဲ့တဲ့The Voice Myanmar ၿပိဳင္ပြဲမွာ ဆုရရွိခဲ့သူ ကိုေငြစိုးသီဆိုခဲ့တဲ့ ရာဇဝင္မ်ားရဲ႕သတို႔သမီး သီခ်င္းကိုလည္း ထူးအိမ္သင္ကိုယ္တိုင္ေရးသားသီဆိုခဲ့တာျဖစ္လို႔ မိသားစုထံကေန ခြင့္ျပဳခ်က္ေတာင္းခံၿပီးမွ သီဆိုခဲ့တယ္ဆိုတာကို အဆိုေတာ္လင္းလင္းက ၿပိဳင္ပြဲျပဳလုပ္ေနစဥ္အတြင္းမွာ ေျပာခဲ့ပါေသးတယ္။

ၾကည္သာ (Akhayar)

Photo Credit:Mikon htaw Facebook

www.akhayar.com

[Unicode]

ဖေဖေထူးအိမ်သင်ရဲ့ ချစ်သမီးလေးမိခွန်ထော ၂၂နှစ်ပြည့်မွေးနေ့

ဒီနေ့ဇွန်လ ၄ ရက်နေ့ဟာ ထူးအိမ်သင်ရဲ့သမီးလေးမိခွန်ထောရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနေ့မှာ သမီးလေးမိခွန်ထောဟာ ဖခင်ဖြစ်သူကိုသတိရတယ် ဆိုပြီးတော့လည်း သူမရဲ့ လူမှုကွန်ရက်မှာ တင်ထားတာကိုတွေ့ရပါတယ်။

မိခွန်ထောငယ်စဉ်ကဖေဖေထူးအိမ်သင်နဲ့အတူတွေ့ရပုံ

 

အဆိုတော်ထူးအိမ်သင်ဟာ တေးသီချင်းပေါင်းများစွာကိုရေးသားခဲ့ပြီး လက်ရှိအချိန်အထိလည်း သူဖန်တီးခဲ့တဲ့ အနုပညာတွေဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာစွဲမြဲနေဆဲပါ။ သမီးလေးကိုချစ်လွန်းလို့ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ တုနှိုင်းမဲ့ရတနာ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေအင်မတန်ကို ကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

မိခင်ဖြစ်သူနဲ့အတူတွေ့ရတဲ့မိခွန်ထော

သမီးလေးမိခွန်ထောလို့ပြောလိုက်ရင် အဆိုတော်ကြီးထူးအိမ်သင်ကို အမြဲတွဲပြီးမြင်တက်တဲ့ အနုပညာလောကအသိုင်းအဝိုင်းကလည်း အဆိုတော်ကြီးမရှိတော့ပေမယ့်လို့ သူ့ရဲ့တေးသီချင်းတွေကို တန်ဖိုးထားသလို သူ့ရဲ့မိသားစုကိုလည်း ဝိုင်းဝန်းပြီးတန်ဖိုးထားချစ်ခင်ပေးကြတဲ့တာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့The Voice Myanmar ပြိုင်ပွဲမှာ ဆုရရှိခဲ့သူ ကိုငွေစိုးသီဆိုခဲ့တဲ့ ရာဇဝင်များရဲ့သတို့သမီး သီချင်းကိုလည်း ထူးအိမ်သင်ကိုယ်တိုင်ရေးသားသီဆိုခဲ့တာဖြစ်လို့ မိသားစုထံကနေ ခွင့်ပြုချက်တောင်းခံပြီးမှ သီဆိုခဲ့တယ်ဆိုတာကို အဆိုတော်လင်းလင်းက ပြိုင်ပွဲပြုလုပ်နေစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။

ကြည်သာ (Akhayar)

Photo Credit:Mikon htaw Facebook

www.akhayar.com