Microsoft ဟာ မေန႔တုန္းက Surface Pro တက္ဘလက္အသစ္ကုိ ထုတ္ေဖာ္ခဲ့ပါတယ္။ ၂၀၁၅ခုႏွစ္က Surface Pro 4 အေနနဲ႔ ထုတ္လုပ္ထားတဲ့ တက္ဘလက္ကြန္ပ်ဴတာဟာ ယခုတစ္ဖန္ေတာ့ Surface Pro 5 အေနနဲ႔ ထြက္လာခဲ့တာပါ။

ပစၥည္းကေတာ့ အေရွ႕မွာတုန္းက ထြက္ခဲ့တဲ့ သတင္းေတြအတုိင္းပဲ MacBook ကိုယွဥ္ၿပိဳင္မယ့္ တက္ဘလက္တစ္လံုးဆုိတဲ့အတုိင္းပါပဲ။ ပစၥည္းကုိ ထုတ္လုပ္တဲ့ ရက္ပဲ အနည္းငယ္ကြာျခားသြားတာပါ။ ဒါေပမယ့္ ေကာလဟလသတင္းေတြအတုိင္း အဆင့္ျမွင့္မႈအခ်ိဳ႕ကုိေတာ့ ေတြ႔ခဲ့ရပါတယ္။

အသိအမွတ္ျပဳဖုိ႔ေကာင္းတဲ့ တစ္ခ်က္ကေတာ့ ဘက္ထရီသက္တမ္းပါပဲ။ ဘက္ထရီသက္တမ္းဟာ ဗီဒီယုိၾကည့္ခ်ိန္အေနနဲ႔ ၁၃.၅ နာရီရွိၿပီး i5 ေမာ္ဒယ္မွာတုန္းကေတာ့ ၉နာရီပဲ ၾကာရွည္ခံခဲ့တာပါ။ SSD ကတ္ထပ္ထုိးဖုိ႔ေတာ့ အေပါက္မရွိေပမယ့္ စက္အသံုးျပဳထားတဲ့ Memory အပါအဝင္ကုိ ၉၉ရာခုိင္ႏႈန္းေလာက္အထိ စက္အတြင္း Memory ေတြက်န္မွာပါ။

ဘက္ထရီသက္တမ္းဟာ Surface Pro စီးရီးမွာ ကြန္ပလိန္းအျဖစ္ဆံုး ျဖစ္တာေၾကာင့္ အခုလုိျပင္ဆင္လုိက္တာကေတာ့ အေတာ္အဆင္ေျပသြားမွာပါ။ အဲ့ဒီအျပင္ ဒီထဲမွာ Alcantara အမ်ိဳးအစား Cover ေတြပါဝင္လာခဲ့ၿပီး အေရာင္အေသြးအေနနဲ႔ Cobalt Blue, Burgundy နဲ႔ Platinum ဆုိၿပီး အေရာင္ေတြရွိမွာပါ။ Microsoft ဟာ Premium Option အေနနဲ႔ အေရာင္ႏွစ္မ်ိဳးကုိလည္း ထပ္တုိးထည့္သြင္းထားပါေသးတယ္။

Update လုပ္လုိက္တဲ့ Surface Pen အတြက္ေတာ့ Artist ေတြက ေပ်ာ္ရႊင္ၾကမွာပါ။ ဖန္စီကာလာအသစ္ေတြကုိ ထပ္ၿပီး Support လုပ္လုိက္တဲ့အျပင္။ Pressure Sensitivity ကုိလည္း အဆင့္ေပါင္း ၄၀၉၆ဆင့္ထပ္တုိးထားတာေၾကာင္းလဲ သိရပါတယ္။

Surface Pro ေတြကုိ ေဒၚလာ ၈၀၀နဲ႔ Pre Order မွာႏုိင္ၿပီျဖစ္ၿပီးေတာ့ ဇြန္လ ၁၅ရက္ေန႔မွာ တင္ပုိ႔ေရာင္းခ်သြားမွာပါ။ Alcantara Cover အတြက္ေနာက္ထပ္ ေဒၚလာ ၁၆၀ က်သင့္မွာ ျဖစ္ၿပီးေတာ့ သာမန္ Black အတြက္ ေဒၚလာ ၁၂၀က်သင့္မွာပါ။ Surface Pen အတြက္ ေနာက္ထပ္ ေဒၚလာ ၁၀၀ ထပ္မံ က်သင့္သြားဦးမွာျဖစ္ေၾကာင္းလဲ သိရပါတယ္။ ဒါေၾကာင့္ Tools အျပည့္အစံုနဲ႔ Surface Pro အတြက္ေဒၚလာ ၁၁၀၀နီးပါးေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

Joker (Akhayar)

Ref: TNW

=====================

Surface Pro အသစ်ကို Microsoft ထုတ်လုပ်

Microsoft ဟာ မနေ့တုန်းက Surface Pro တက်ဘလက်အသစ်ကို ထုတ်ဖော်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်က Surface Pro 4 အနေနဲ့ ထုတ်လုပ်ထားတဲ့ တက်ဘလက်ကွန်ပျူတာဟာ ယခုတစ်ဖန်တော့ Surface Pro 5 အနေနဲ့ ထွက်လာခဲ့တာပါ။

ပစ္စည်းကတော့ အရှေ့မှာတုန်းက ထွက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ MacBook ကိုယှဉ်ပြိုင်မယ့် တက်ဘလက်တစ်လုံးဆိုတဲ့အတိုင်းပါပဲ။ ပစ္စည်းကို ထုတ်လုပ်တဲ့ ရက်ပဲ အနည်းငယ်ကွာခြားသွားတာပါ။ ဒါပေမယ့် ကောလဟလသတင်းတွေအတိုင်း အဆင့်မြှင့်မှုအချို့ကိုတော့ တွေ့ခဲ့ရပါတယ်။

အသိအမှတ်ပြုဖို့ကောင်းတဲ့ တစ်ချက်ကတော့ ဘက်ထရီသက်တမ်းပါပဲ။ ဘက်ထရီသက်တမ်းဟာ ဗီဒီယိုကြည့်ချိန်အနေနဲ့ ၁၃.၅ နာရီရှိပြီး i5 မော်ဒယ်မှာတုန်းကတော့ ၉နာရီပဲ ကြာရှည်ခံခဲ့တာပါ။ SSD ကတ်ထပ်ထိုးဖို့တော့ အပေါက်မရှိပေမယ့် စက်အသုံးပြုထားတဲ့ Memory အပါအဝင်ကို ၉၉ရာခိုင်နှုန်းလောက်အထိ စက်အတွင်း Memory တွေကျန်မှာပါ။

ဘက်ထရီသက်တမ်းဟာ Surface Pro စီးရီးမှာ ကွန်ပလိန်းအဖြစ်ဆုံး ဖြစ်တာကြောင့် အခုလိုပြင်ဆင်လိုက်တာကတော့ အတော်အဆင်ပြေသွားမှာပါ။ အဲ့ဒီအပြင် ဒီထဲမှာ Alcantara အမျိုးအစား Cover တွေပါဝင်လာခဲ့ပြီး အရောင်အသွေးအနေနဲ့ Cobalt Blue, Burgundy နဲ့ Platinum ဆိုပြီး အရောင်တွေရှိမှာပါ။ Microsoft ဟာ Premium Option အနေနဲ့ အရောင်နှစ်မျိုးကိုလည်း ထပ်တိုးထည့်သွင်းထားပါသေးတယ်။

Update လုပ်လိုက်တဲ့ Surface Pen အတွက်တော့ Artist တွေက ပျော်ရွှင်ကြမှာပါ။ ဖန်စီကာလာအသစ်တွေကို ထပ်ပြီး Support လုပ်လိုက်တဲ့အပြင်။ Pressure Sensitivity ကိုလည်း အဆင့်ပေါင်း ၄၀၉၆ဆင့်ထပ်တိုးထားတာကြောင်းလဲ သိရပါတယ်။

Surface Pro တွေကို ဒေါ်လာ ၈၀၀နဲ့ Pre Order မှာနိုင်ပြီဖြစ်ပြီးတော့ ဇွန်လ ၁၅ရက်နေ့မှာ တင်ပို့ရောင်းချသွားမှာပါ။ Alcantara Cover အတွက်နောက်ထပ် ဒေါ်လာ ၁၆၀ ကျသင့်မှာ ဖြစ်ပြီးတော့ သာမန် Black အတွက် ဒေါ်လာ ၁၂၀ကျသင့်မှာပါ။ Surface Pen အတွက် နောက်ထပ် ဒေါ်လာ ၁၀၀ ထပ်မံ ကျသင့်သွားဦးမှာဖြစ်ကြောင်းလဲ သိရပါတယ်။ ဒါကြောင့် Tools အပြည့်အစုံနဲ့ Surface Pro အတွက်ဒေါ်လာ ၁၁၀၀နီးပါးလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Joker (Akhayar)

Ref: TNW