[Zawgyi]

Microsoft ကိုပူးတြဲတည္ေထာင္သူ Paul Allen အသက္ ၆၅ ႏွစ္မွာ ကြယ္လြန္သြားခဲ့ျပီ

Microsoft လုပ္ငန္းစုၾကီးကို Bill Gates နဲ႔ ပူးတြဲတည္ေထာင္သူ Paul Allen ကေတာ့ Non-Hodgkin’s Lymphoma (NHL) ဆိုတဲ့ ေသြးကင္ဆာနဲ႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါျပီ။ သူေသဆုံးသြားခ်ိန္မွာ အသက္ ၆၅ ရွိေနျပီး Allen ဟာ အဆိုပါကင္ဆာေရာဂါကို ၁၉၈၃ ခုႏွစ္ကတည္းက စြဲကပ္ေနခဲ့တယ္လို႔ သိရပါတယ္။

Paul Allen [Left] Bill Gates [Right]

Allen အေၾကာင္းေျပာရမယ္ဆိုရင္ ၁၉၇၅ မွာ Bill Gates နဲ႔ Micosoft လုပ္ငန္းစုၾကီးကို ပူးတြဲတည္ေထာင္ခဲ့ၾကပါတယ္၊ ဒါေပမယ့္ ေသြးကင္ဆာ အစပ်ိဳးေနျပီျဖစ္တဲ့ Allen ဟာ ၁၉၈၃ မွာပဲ Microsoft နဲ႔ လက္တြဲျဖဳတ္ခဲ့ပါတယ္။ သူဒီလိုထြက္ခြာခဲ့ရေပမယ့္ ၂၀၀၀ ခုႏွစ္အထိ Microsoft မွာပဲ Board Member အေနနဲ႔ တာဝန္ထမ္းေဆာင္ေပးခဲ့ပါတယ္။

Bill Gates (13) Allen (15)

၂၀၀၉ ေရာက္လာတဲ့အခါမွာေတာ့ Allen စြဲကပ္ေနတဲ့ ကင္ဆာေဝဒနာကို ေသြးကင္ဆာမ်ိဳးကြဲ (NHL) လို႔ ပထမဆုံးျပဌာန္းခံရျပီး အဲ့ခ်ိန္ကတည္းက ေတာက္ေလွ်ာက္ကုသလာခဲ့ရတာပါ။ Bill Gates နဲ႔ ငယ္သူငယ္ခ်င္း တျဖစ္လည္း Paul Allen အခုလို ေသဆုံးသြားတဲ့အခါမွာေတာ့ “ကြ်န္ေတာ့္အသည္းေတြ အစိတ္စိတ္၊ အမႊာမႊာကြဲသြားရသလိုပါပဲ၊ အရမ္းကို ခ်စ္ခင္ရတဲ့ ငယ္ကြ်မ္းေဆြ ခ်စ္သူငယ္ခ်င္းေလး အခုလိုထြက္ခြာသြားရတာ” ဆိုျပီး ဝမ္းနည္းေၾကကြဲစြာ Bill Gates ေျပာဆိုခဲ့ပါတယ္။

Paul Allen (1953 – 2018)

Microsoft နဲ႔ အျပီးအပိုင္ လမ္းခြဲခဲ့တဲ့ ၂၀၁၁ ေနာက္ပိုင္း ရလာတဲ့အစုရွယ္ယာေတြ၊ ပိုင္ဆိုင္မႈေတြနဲ႔ Vulcan ကုမၸဏီဆီမွာ Investor ျဖစ္လာခဲ့ပါတယ္၊ ဒီ Vulcan ဟာ Machine Learning ပိုင္းအဓိကထား ေလ့လာေနတဲ့ ကုမၸဏီျဖစ္သလို အေျခတည္ထားတဲ့ Seattle ဆိုတဲ့ျမိဳ႕ကေလးမွာ Allen ၾကိဳးစားမႈေတြက လူသိမ်ားလာခဲ့ပါတယ္။ အထူးသျဖင့္ ရာသီဥတု ဘယ္လိုထိန္းသိမ္းမလဲ၊ Stratolaunch နဲ႔ အာကာသေလယာဥ္တည္ေဆာက္တဲ့ေနရာေတြမွာ Allen အေငြ႔အသက္ေတြ ထင္က်န္ေနဆဲပါ။

Bill Gates [Left] Paul Allen [Right]

ဒီလို Microsoft Foundation မွာလည္း ကုမၸဏီနာမည္ေပးတာနဲ႔ Two-button Mouse ဖန္တီးတဲ့ေနရာေတြမွာ အေရးပါခဲ့သလို Seattle မိဘမဲ့ေဂဟာ၊ အိုးမဲ့အိမ္မဲ့ေတြနဲ႔ ဆင္းရဲတဲ့မိသားစုေတြကို $46 သန္းအထိ မေသခင္ ေထာက္ပံ့သြားခဲ့ပါေသးတယ္။

Tim Cook’s Condolences

အခုလို ထူးခြ်န္တယ္၊ ႏုလုံးရည္လည္းေကာင္းတဲ့အတြက္ Apple CEO “Tim Cook” နဲ႔ Google CEO “Sundar Pichai” တို႔က နည္းပညာဖခင္ၾကီး “Tech Pionner” ဆိုျပီး Allen ဖန္တီးခဲ့တဲ့ အႏုပညာလုပ္ငန္းေတြ၊ သုေတသနစင္တာေတြ၊ ေထာက္ပံ့ေရးစတဲ့ ျပည္သူအက်ိဳးျပဳလုပ္ငန္းေတြၾကည့္ျပီး သူတို႔ရဲ႕ Twitter စာမ်က္ႏွာမွာ ဝမ္းနည္းစကား ေျပာဆိုခဲ့ၾကပါတယ္။

From when they were young to elderly age

လူသာေသသြားတယ္၊ ဘာလို႔ Allen ကို Bill Gates ၊ Tim Cook နဲ႔ Google CEO တို႔ ေလးစားရသလဲဆိုရင္ Paul G. Allen Philanthropies ဆိုတဲ့ သူ႔ကိုယ္ပိုင္ Website ကေန $2 ဘီလီယံ ရွာႏိုင္ခဲ့တယ္၊ အဲ့ေငြအားလုံးကို အက်ိဳးျပဳဖို႔ပဲ သူစိတ္အားထက္သန္ေနခဲ့တယ္၊ ၂၀၀၃ မွာ Allen Institute for Brain Science ဆိုတဲ့ သုေတသန လုပ္ငန္းကိုသူပဲ တည္ေထာင္ေပးခဲ့ျပီး သိပၸံပညာရွင္ေတြ၊ ေက်ာင္းသားေတြအတြက္ $500 သန္းေထာက္ပံ့ေပးခဲ့တယ္။

Sundar Pichai’s Condolences

အဓိက လူဦးေႏွာက္ဘယ္လို ေလ့လာႏိုင္ဖို႔ အားေပးအားေျမာက္ျပဳခဲ့သလို၂၀၁၄ ခုႏွစ္မွာ Allen Institute for Artificial Intelligence (A.I.) သုေတသနလုပ္ငန္းစုၾကီးကို တည္ေထာင္ခဲ့ျပန္တယ္။ အခုလို A.I နည္းပညာဖြ႔ံျဖိဳးဖို႔ဆိုတာလည္း လူသားအက်ိဳးျပဳလုပ္ငန္းစုအတြက္ျဖစ္ျပီး သူမေသဆုံးခင္ အသားတင္ၾကြယ္ဝမႈက $20.8 ဘီလီယံရွိပါတယ္။ လက္ရွိ Allen Institute CEO “Allan Jones ေျပာသြားတဲ့အခ်က္က “Paul Allen ဟာ တကယ့္ကို ထူးခြ်န္တဲ့ ဂီတပညာရွင္တစ္ေယာက္ပါ၊ သူ Guitar တီး အရမ္းကြ်မ္းတယ္ေလး” ဆိုျပီး ေနာက္ဆုံးႏႈတ္ဆက္စကားနဲ႔ ဇာတိခ်က္ေၾကြ ေမြးရပ္ေျမ Seattle ျမိဳ႕ကေလးမွာပဲ ထာဝရအနားယူသြားခဲ့ပါျပီ။

R.I.P “Paul Allen: 1953 – 2018″
2B (Akhayar)
www.akhayar.com

[Unicode]

Microsoft ကိုပူးတွဲတည်ထောင်သူ Paul Allen အသက် ၆၅ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီ

Microsoft လုပ်ငန်းစုကြီးကို Bill Gates နဲ့ ပူးတွဲတည်ထောင်သူ Paul Allen ကတော့ Non-Hodgkin’s Lymphoma (NHL) ဆိုတဲ့ သွေးကင်ဆာနဲ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူသေဆုံးသွားချိန်မှာ အသက် ၆၅ ရှိနေပြီး Allen ဟာ အဆိုပါကင်ဆာရောဂါကို ၁၉၈၃ ခုနှစ်ကတည်းက စွဲကပ်နေခဲ့တယ်လို့ သိရပါတယ်။

Paul Allen [Left] Bill Gates [Right]

Allen အကြောင်းပြောရမယ်ဆိုရင် ၁၉၇၅ မှာ Bill Gates နဲ့ Micosoft လုပ်ငန်းစုကြီးကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်၊ ဒါပေမယ့် သွေးကင်ဆာ အစပျိုးနေပြီဖြစ်တဲ့ Allen ဟာ ၁၉၈၃ မှာပဲ Microsoft နဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။ သူဒီလိုထွက်ခွာခဲ့ရပေမယ့် ၂၀၀၀ ခုနှစ်အထိ Microsoft မှာပဲ Board Member အနေနဲ့ တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။

Bill Gates (13) Allen (15)

၂၀၀၉ ရောက်လာတဲ့အခါမှာတော့ Allen စွဲကပ်နေတဲ့ ကင်ဆာဝေဒနာကို သွေးကင်ဆာမျိုးကွဲ (NHL) လို့ ပထမဆုံးပြဌာန်းခံရပြီး အဲ့ချိန်ကတည်းက တောက်လျှောက်ကုသလာခဲ့ရတာပါ။ Bill Gates နဲ့ ငယ်သူငယ်ချင်း တဖြစ်လည်း Paul Allen အခုလို သေဆုံးသွားတဲ့အခါမှာတော့ “ကျွန်တော့်အသည်းတွေ အစိတ်စိတ်၊ အမွှာမွှာကွဲသွားရသလိုပါပဲ၊ အရမ်းကို ချစ်ခင်ရတဲ့ ငယ်ကျွမ်းဆွေ ချစ်သူငယ်ချင်းလေး အခုလိုထွက်ခွာသွားရတာ” ဆိုပြီး ဝမ်းနည်းကြေကွဲစွာ Bill Gates ပြောဆိုခဲ့ပါတယ်။

Paul Allen (1953 – 2018)

Microsoft နဲ့ အပြီးအပိုင် လမ်းခွဲခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း ရလာတဲ့အစုရှယ်ယာတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ Vulcan ကုမ္ပဏီဆီမှာ Investor ဖြစ်လာခဲ့ပါတယ်၊ ဒီ Vulcan ဟာ Machine Learning ပိုင်းအဓိကထား လေ့လာနေတဲ့ ကုမ္ပဏီဖြစ်သလို အခြေတည်ထားတဲ့ Seattle ဆိုတဲ့မြို့ကလေးမှာ Allen ကြိုးစားမှုတွေက လူသိများလာခဲ့ပါတယ်။ အထူးသဖြင့် ရာသီဥတု ဘယ်လိုထိန်းသိမ်းမလဲ၊ Stratolaunch နဲ့ အာကာသလေယာဉ်တည်ဆောက်တဲ့နေရာတွေမှာ Allen အငွေ့အသက်တွေ ထင်ကျန်နေဆဲပါ။

Bill Gates [Left] Paul Allen [Right]

ဒီလို Microsoft Foundation မှာလည်း ကုမ္ပဏီနာမည်ပေးတာနဲ့ Two-button Mouse ဖန်တီးတဲ့နေရာတွေမှာ အရေးပါခဲ့သလို Seattle မိဘမဲ့ဂေဟာ၊ အိုးမဲ့အိမ်မဲ့တွေနဲ့ ဆင်းရဲတဲ့မိသားစုတွေကို $46 သန်းအထိ မသေခင် ထောက်ပံ့သွားခဲ့ပါသေးတယ်။

Tim Cook’s Condolences

အခုလို ထူးချွန်တယ်၊ နုလုံးရည်လည်းကောင်းတဲ့အတွက် Apple CEO “Tim Cook” နဲ့ Google CEO “Sundar Pichai” တို့က နည်းပညာဖခင်ကြီး “Tech Pionner” ဆိုပြီး Allen ဖန်တီးခဲ့တဲ့ အနုပညာလုပ်ငန်းတွေ၊ သုတေသနစင်တာတွေ၊ ထောက်ပံ့ရေးစတဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေကြည့်ပြီး သူတို့ရဲ့ Twitter စာမျက်နှာမှာ ဝမ်းနည်းစကား ပြောဆိုခဲ့ကြပါတယ်။

From when they were young to elderly age

လူသာသေသွားတယ်၊ ဘာလို့ Allen ကို Bill Gates ၊ Tim Cook နဲ့ Google CEO တို့ လေးစားရသလဲဆိုရင် Paul G. Allen Philanthropies ဆိုတဲ့ သူ့ကိုယ်ပိုင် Website ကနေ $2 ဘီလီယံ ရှာနိုင်ခဲ့တယ်၊ အဲ့ငွေအားလုံးကို အကျိုးပြုဖို့ပဲ သူစိတ်အားထက်သန်နေခဲ့တယ်၊ ၂၀၀၃ မှာ Allen Institute for Brain Science ဆိုတဲ့ သုတေသန လုပ်ငန်းကိုသူပဲ တည်ထောင်ပေးခဲ့ပြီး သိပ္ပံပညာရှင်တွေ၊ ကျောင်းသားတွေအတွက် $500 သန်းထောက်ပံ့ပေးခဲ့တယ်။

Sundar Pichai’s Condolences

အဓိက လူဦးနှောက်ဘယ်လို လေ့လာနိုင်ဖို့ အားပေးအားမြောက်ပြုခဲ့သလို၂၀၁၄ ခုနှစ်မှာ Allen Institute for Artificial Intelligence (A.I.) သုတေသနလုပ်ငန်းစုကြီးကို တည်ထောင်ခဲ့ပြန်တယ်။ အခုလို A.I နည်းပညာဖွံ့ဖြိုးဖို့ဆိုတာလည်း လူသားအကျိုးပြုလုပ်ငန်းစုအတွက်ဖြစ်ပြီး သူမသေဆုံးခင် အသားတင်ကြွယ်ဝမှုက $20.8 ဘီလီယံရှိပါတယ်။ လက်ရှိ Allen Institute CEO “Allan Jones ပြောသွားတဲ့အချက်က “Paul Allen ဟာ တကယ့်ကို ထူးချွန်တဲ့ ဂီတပညာရှင်တစ်ယောက်ပါ၊ သူ Guitar တီး အရမ်းကျွမ်းတယ်လေး” ဆိုပြီး နောက်ဆုံးနှုတ်ဆက်စကားနဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ Seattle မြို့ကလေးမှာပဲ ထာဝရအနားယူသွားခဲ့ပါပြီ။

R.I.P “Paul Allen: 1953 – 2018″
2B (Akhayar)
www.akhayar.com