လက္ရွိအခ်ိန္မွာ Microsoft က Windows 10 Operating System ကိုပဲ အာရုံစိုက္ေနျပီးေတာ့ က်န္တဲ့ Windows 8 နဲ႔ Windows 8.1 OS ေတြကို တျဖည္းျဖည္းအသံုးျပဳမႈနည္းပါးေအာင္ ေဆာင္ရြက္ေနျပီျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း Microsoft ကေန Windows 8 အသံုးျပဳသူေတြနဲ႔ ပတ္သတ္တဲ့ သတင္းတစ္ခုကို ထုတ္ျပန္လုိက္ပါတယ္။

Windows 8.1 Phone

အခု သတင္းထုတ္ျပန္ခ်က္အရ Microsoft ဟာ လက္ရွိ Windows 8 နဲ႔ 8.1 ကို အသံုးျပဳေနတဲ့သူေတြအတြက္ Windows Application ေတြကို အသံုးျပဳႏုိင္မႈကို ရပ္ဆုိင္းပစ္ဖုိ႔ စီစဥ္ေနျပီးေတာ့ လာမယ့္ ေအာက္တိုဘာလ ၃၁ ရက္ေန႔Application အသစ္ေတြကို လက္ခံမွာမဟုတ္ေတာ့ဘူးလုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ Windows Application ေတြကုိ ေဆာင္ရြက္ေနတဲ့ Developer ေတြအေနနဲ႔ Windows 8 နဲ႔ 8.1 အတြက္ Application ေတြကို ထုတ္လို႔ရမွာမဟုတ္ဘဲ Windows 10 App ေတြပဲ ထုတ္ေပးရေတာ့မွာျဖစ္ပါတယ္။

Microsoft ဟာ ယခင္ထဲက Windows Phone App Updates ေတြကို လာမယ့္ ဇူလုိင္လ ၁ ရက္ေန႔ ၂၀၁၉ မွာ ပိတ္သိမ္းေတာ့မွာျဖစ္သလို Windows 8 Apps ေတြကလည္း လာမယ့္ ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွာ လံုးဝေပ်ာက္ကြယ္သြားေတာ့မွာျဖစ္ပါတယ္။

Windows 8.1 Phone

NetMarketShare ရဲ႕ သံုးသပ္ခ်က္အရလည္း Windows 8 သံုးတဲ့သူေတြက ျပီးခဲ့တဲ့ ဇူလုိင္လတုန္းက ၇ ရာခုိင္ႏႈန္းပဲရွိေနခဲ့ျပီၚ Windows Phone ၈ ကို အသံုးျပဳတဲ့သူေတြက ၀.၀၄ ရာခုိင္ႏႈန္းပဲ ရွိေနတဲ့အတြက္ အခုဆံုးျဖတ္ခ်က္က သိပ္ျပီးေတာ့ ထိေရာက္မႈရွိမယ္လုိ႔ မယူဆရေသးပါဘူး။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ Microsoft က Windows 10 Operating System ကိုပဲ အာရုံစိုက်နေပြီးတော့ ကျန်တဲ့ Windows 8 နဲ့ Windows 8.1 OS တွေကို တဖြည်းဖြည်းအသုံးပြုမှုနည်းပါးအောင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း Microsoft ကနေ Windows 8 အသုံးပြုသူတွေနဲ့ ပတ်သတ်တဲ့ သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

Windows 8.1 Phone

အခု သတင်းထုတ်ပြန်ချက်အရ Microsoft ဟာ လက်ရှိ Windows 8 နဲ့ 8.1 ကို အသုံးပြုနေတဲ့သူတွေအတွက် Windows Application တွေကို အသုံးပြုနိုင်မှုကို ရပ်ဆိုင်းပစ်ဖို့ စီစဉ်နေပြီးတော့ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့Application အသစ်တွေကို လက်ခံမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် Windows Application တွေကို ဆောင်ရွက်နေတဲ့ Developer တွေအနေနဲ့ Windows 8 နဲ့ 8.1 အတွက် Application တွေကို ထုတ်လို့ရမှာမဟုတ်ဘဲ Windows 10 App တွေပဲ ထုတ်ပေးရတော့မှာဖြစ်ပါတယ်။

Microsoft ဟာ ယခင်ထဲက Windows Phone App Updates တွေကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့ ၂၀၁၉ မှာ ပိတ်သိမ်းတော့မှာဖြစ်သလို Windows 8 Apps တွေကလည်း လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ လုံးဝပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။

Windows 8.1 Phone

NetMarketShare ရဲ့ သုံးသပ်ချက်အရလည်း Windows 8 သုံးတဲ့သူတွေက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၇ ရာခိုင်နှုန်းပဲရှိနေခဲ့ပြီါ် Windows Phone ၈ ကို အသုံးပြုတဲ့သူတွေက ၀.၀၄ ရာခိုင်နှုန်းပဲ ရှိနေတဲ့အတွက် အခုဆုံးဖြတ်ချက်က သိပ်ပြီးတော့ ထိရောက်မှုရှိမယ်လို့ မယူဆရသေးပါဘူး။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com