
Microsoft Movies & TV



Microsoft Movies & TV


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Google Play Movies & TV Application ဆိုတာက လက်ရှိအချိန်မှာ Android ဖုန်းအသုံးပြုသူတွေအတွက် ရုပ်ရှင်နဲ့ ဇတ်လမ်းတွဲတွေကြည့်ရှုနိုင်တဲ့ Application တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Microsoft ကလည်း Google ကို အခုလိုမျိုး Movies & TV App ကို Android နဲ့ iOS အတွက် ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။

Microsoft Movies & TV

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Microsoft ကနေ Windows 10 Mobile OS ဟာ လုံးသေဆုံးသွားပြီလို့ ကြေညာခဲ့ပြီးတော့ အဆိုပါ အချိန်ကနေ စတင်ပြီးတော့ သူ့ရဲ့ အကောင်းဆုံးသော Windows 10 Applications တွေကို iOS နဲ့ Android ဖုန်းတွေအတွက် ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ အဆိုပါ Applications တွေထဲမှာ Microsoft Edge Browser နဲ့ Microsoft Launcher တွေအဓိကပါဝင်ပြီးတော့ အခုအချိန်မှာတော့ Movies & TV App လိုမျိုး Application တွေကတော့ PC ၊ Xbox နဲ့ Windows 10 Mobile Browser တွေမှာပဲ ရရှိနေသေးတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခု Windows Central ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Microsoft ကနေ အခု Movies & TV App ကို Android နဲ့ iOS အတွက် ထွက်ပေါ်လာမယ်လို့သိရပါတယ်။ အဆိုပါ Movies & TV App က လက်ရှိအချိန်မှာ Microsoft ရဲ့ Windows Store မှာ အအောင်မြင်ဆုံး Application တစ်ခုဖြစ်ပြီးတော့ Apple iTunes လို Services တွေကို ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။

Microsoft Movies & TV

ဒါပေမယ့် အခု Windows Central ရဲ့ ပြောကြားချက်အရတော့ အခု Application ကို ချက်ချင်းကြီး ထွက်ရှိလာမှာတော့ မဟုတ်သေးဘူးလို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com