ARM-based PC တွေအတွက် 64-bit App Support ပေးသွားမယ့် Microsoft





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက ARM-based Processor တွေဖြစ်တဲ့ Qualcomm Snapdragon Processor တွေပေါ်မှာ WIndows 10 OS ကို Run နိုင်တဲ့ Always-Connected PC တွေထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ARM-based PC တွေမှာ အားနည်းချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ 64-Bit App တွေကို Support မလုပ်တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Microsoft က အခုပြဿနာကို ဖြေရှင်းပေးသွားမယ့်ပုံပါပဲ။ Microsoft ရဲ့ General Manager ဖြစ်တဲ့ Erin Chappie ရဲ့ ပြောကြားချက်အရတော့ အခု ARM64 Apps တွေအတွက် Software Development Kit (SDK) ကို လာမယ့် Build Developer Conference မှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အခုထွက်ရှိလာမယ့် SDK အသစ်နဲ့ဆိုရင် Developer တွေက သူတို့ရဲ့ Apps တွေကို Asus NovaGo လိုမျိုး ARM-based PC တွေမှာ 64-bit Version အနေနဲ့ Run နိုင်မှာပဲဖြစ်ပါတယ်။ ဒါက နောက်ပိုင်းမှာ Qualcomm ရဲ့ ARM Processor တွေအသုံးပြုထားတဲ့ PC တွေအတွက်တော့ ကောင်းမွန်တဲ့အနာဂတ်တစ်ခုဖြစ်ပြီးတော့ Intel Processor အသုံးပြုထားတဲ့ PC တွေအတိုင်းဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ အခု Always-Connected PC တွေဟာ Windows 10 S နဲ့ပဲ ထွက်ရှိထားသေးတာဖြစ်ပြီးတော့ Windows 10 S ဟာ Windows Store မှာရှိတဲ့ App တွေကိုပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Window 10 S တွေကိုလည်း Windows 10 Pro ကို အခမဲ့ Upgrade လုပ်နိုင်ခွင့်ပေးသွားမှာဖြစ်တဲ့အတွက် အခုလိုမျိုး 64-Bit App Support ရရှိလာတာက နောက်ပိုင်းကွန်ပျူတာတွေဝယ်ယူမယ်ဆိုရင် Intel ၊ AMD Processor တွေအပြင် အခြားသော ARM-based Processor တွေသုံးထားတဲ့ ကွန်ပျူတာတွေပါတွေ့လာရတော့မှာဖြစ်ပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com