







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အခုအချိန်ဟာ နည်းပညာလောကထဲမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်တစ်ခုလို့တောင်ပြောလို့ရပါတယ်။ မကြာခင်မှာ Apple ကနေ iPhone အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိနေတဲ့အပြင် Google ကလည်း လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 အပြင် Product အသစ်တွေကို မိတ်ဆက်သွားတော့မှာပါ။ ဒါပေမယ့် အခုဆိုရင် Microsoft ကလည်း ပါဝင်လာပြီဖြစ်ပါတယ်။

Microsoft က အခုအချိန်မှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ New York မြို့မှာ Fall Press Event တစ်ခုကို ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ယခုခု Event အတွက် Invitation မှာ “Moment of Your Time” လို့ ရေးထားထားခဲ့ပြီး ဖြစ်နိုင်တာကတော့ ဒုတိယမျိုးဆက် Microsoft Surface Laptop ကို မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Microsoft Surface Event

Microsoft Surface Laptop

ဒါ့အပြင် Microsoft က Dual Screen Device တစ်ခုဖြစ်တဲ့ “Andromeda” လို့ Codename ပေးထားတဲ့ Device တစ်ခုကို ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက် အခု Event မှာလည်း မြင်လာရဖို့များနေပါတယ်။

Microsoft Surface Laptop 2nd Gen အပြင် နောက်ထပ်ဖြစ်နိုင်တာကတော့ Design ပြောင်းလဲထားတဲ့ Surface Pro အသစ်ပဲဖြစ်ပြီး အခုဆိုရင် Surface Pro တွေဟာ တူညီတဲ့ Design ကို သုံးစွဲထားတာ ကြာပြီဖြစ်တဲ့အတွက် ဘေးဘောင်တွေပိုပါးသွားတဲ့ Surface Pro တစ်ခုထွက်လာနိုင်ပါတယ်။

Microsoft Surface Laptop

ဘာပဲဖြစ်ဖြစ် ယခု စက်တင်ဘာလ ၁၂ ရက်နေ့ iPhone အသစ်တွေထွက်တဲ့အချိန်ကနေစတင်ပြီးတော့ နောက်လ အောက်တိုဘာအထိ စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com