Microsoft ကေန မနက္ျဖန္ေအာက္တုိဘာလ ၂ ရက္ေန႔မွာ New York City မွာ Surface Hardware Event တစ္ခုကို ျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။ အခု Event မွာ Microsoft ကေန မႏွစ္ကစတင္မိတ္ဆက္ေပးခဲ့တဲ့ Surface Laptop ရဲ႕ မ်ိဳးဆက္သစ္နဲ႔ Surface Pro 6 ေတြကို အဓိကျမင္ေတြ႕ရမယ္လုိ႔ ယူဆထားၾကတာျဖစ္ပါတယ္။

Surface Laptop

အခုအခ်ိန္မွာေတာ့ တကယ့္ Device ေတြမေၾကညာခင္ တစ္ရက္အလိုမွာ WinFuture ကေန Leak သတင္းတစ္ခုကို ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ ဒါကေတာ့ လက္ရွိအခ်ိန္အထိ Microsoft ကေန အခု Surface Device အသစ္ေတြမွာ USB-C Port ေတြကို ထည့္သြင္းမွာမဟုတ္ေသးတာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး ၂၀၁၈ ႏွစ္ကုန္ပိုင္းအခ်ိန္မွာ လူတုိင္းက USB-C ကို အသံုးျပဳေနျပီျဖစ္တဲ့အတြက္ Microsoft ရဲ႕ အခုဆံုးျဖတ္ခ်က္က အျငင္းပြားစရာပါ။

Surface Laptop 2

Microsoft ဟာ ျပီးခဲ့တဲ့လပိုင္းတုန္းက ထုတ္လုပ္ခဲ့တဲ့ Surface Go မွာေတာ့ USB-C ကို ထည့္သြင္းေပးခဲ့တဲ့အတြက္ အခု Surface Laptop 2 မွာလည္း USB-C ပါဝင္လာမယ္လုိ႔ ယူဆထားၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုေတာ့ Microsoft က USB-C အစား mini-Display Port နဲ႔ Surface Connector ကိုပဲ ဦးစားေပးျပီး ထည့္သြင္းသြားမယ့္ပံုပါပဲ။

WinFuture ရဲ႕ ေျပာၾကားခ်က္အရေတာ့ Surface Laptop 2 ဟာ အနိမ့္ဆံုးအေနနဲ႔ 8GB RAM ၊ Intel Core i5 Processor နဲ႔ 128GB SSD ေတြပါဝင္မယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ မႏွစ္ကလုိမ်ိဳး အနိမ့္ဆံုး Entry Model က သံုးစားမရတဲ့ RAM 4GB ပဲ ပါဝင္မွာေတာ့မဟုတ္ေတာ့ပါဘူး။

Surface Laptop 2

အခု Surface Laptop 2 နဲ႔ Surface Pro 6 ေတြဟာ ဒီဇုိင္းပိုင္းအရ ေျပာင္းလဲမႈၾကီးၾကီးမားမာမရွိေလာက္ဘဲ Black Color Option ကုိပဲ ေရြးခ်ယ္ႏုိင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ကနေ မနက်ဖြန်အောက်တိုဘာလ ၂ ရက်နေ့မှာ New York City မှာ Surface Hardware Event တစ်ခုကို ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ အခု Event မှာ Microsoft ကနေ မနှစ်ကစတင်မိတ်ဆက်ပေးခဲ့တဲ့ Surface Laptop ရဲ့ မျိုးဆက်သစ်နဲ့ Surface Pro 6 တွေကို အဓိကမြင်တွေ့ရမယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။

Surface Laptop

အခုအချိန်မှာတော့ တကယ့် Device တွေမကြေညာခင် တစ်ရက်အလိုမှာ WinFuture ကနေ Leak သတင်းတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါကတော့ လက်ရှိအချိန်အထိ Microsoft ကနေ အခု Surface Device အသစ်တွေမှာ USB-C Port တွေကို ထည့်သွင်းမှာမဟုတ်သေးတာပဲဖြစ်ပါတယ်။ အခုလိုမျိုး ၂၀၁၈ နှစ်ကုန်ပိုင်းအချိန်မှာ လူတိုင်းက USB-C ကို အသုံးပြုနေပြီဖြစ်တဲ့အတွက် Microsoft ရဲ့ အခုဆုံးဖြတ်ချက်က အငြင်းပွားစရာပါ။

Surface Laptop 2

Microsoft ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ထုတ်လုပ်ခဲ့တဲ့ Surface Go မှာတော့ USB-C ကို ထည့်သွင်းပေးခဲ့တဲ့အတွက် အခု Surface Laptop 2 မှာလည်း USB-C ပါဝင်လာမယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ Microsoft က USB-C အစား mini-Display Port နဲ့ Surface Connector ကိုပဲ ဦးစားပေးပြီး ထည့်သွင်းသွားမယ့်ပုံပါပဲ။

WinFuture ရဲ့ ပြောကြားချက်အရတော့ Surface Laptop 2 ဟာ အနိမ့်ဆုံးအနေနဲ့ 8GB RAM ၊ Intel Core i5 Processor နဲ့ 128GB SSD တွေပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် မနှစ်ကလိုမျိုး အနိမ့်ဆုံး Entry Model က သုံးစားမရတဲ့ RAM 4GB ပဲ ပါဝင်မှာတော့မဟုတ်တော့ပါဘူး။

Surface Laptop 2

အခု Surface Laptop 2 နဲ့ Surface Pro 6 တွေဟာ ဒီဇိုင်းပိုင်းအရ ပြောင်းလဲမှုကြီးကြီးမားမာမရှိလောက်ဘဲ Black Color Option ကိုပဲ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com