နာမည္ၾကီး Teardown Website တစ္ခုျဖစ္တဲ့ iFixit ကေန အခုေနာက္ဆံုးအေနနဲ႔ Microsoft ကေန မၾကာေသးခင္က မိတ္ဆက္ထားခဲ့တဲ့ Microsoft Surface Laptop 2 ကို Teardown ျပဳလုပ္ခဲ့ပါတယ္။ အခု iFixit ရဲ႕ Teardown အရေတာ့ Microsoft Surface Laptop အတြက္ ရလဒ္ေတြက မလွပျပန္ပါဘူး။

ဘာေၾကာင့္လဲဆိုရင္ iFixit ကေန Microsoft ရဲ႕ Surface Laptop 2 ကို ျပင္ဆင္ႏုိင္စြမး္ကို ရမွတ္ ဆယ္မွတ္မွာ သုညပဲ ေပးခဲ့တာျဖစ္ပါတယ္။ အခုလုိမ်ိဳး ရမွတ္ေပးတာက Surface Laptop 2 နဲ႔အတူ ထြက္ရွိခဲ့တဲ့ Surface Pro 6 ကို အမွန္ ၁ မွတ္ပဲေပးခဲ့ျပီးေတာ့ ထပ္ျပီး ထြက္ရွိလာတဲ့ရမွတ္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီႏွစ္ရဲ႕ Microsoft Surface Product ၂ ခုစလံုးက ျပင္ဆင္ရေတာ္ေတာ္ေလးကို ခက္ခဲပံုပါပဲ။

Microsoft Surface Laptop 2 Teardown

iFixit ကေတာ့ အခုလုိမ်ိဳး သုညပဲရတာက Surface Laptop 2 ကို ဖြင့္ဖုိ႔ အလြန္ခက္ခဲျပီး ဘယ္လုိျပဳျပင္မ်ိဳးကိုမဆုိ ျပဳလုပ္ဖုိ႔မျဖစ္နုိင္တာ၊ Modular Component ေတြျဖစ္တဲ့ Headphone Jack ေတြကေတာင္ လြယ္ကူစြာျပဳျပင္လုိ႔မရတာ၊ CPU ၊ RAM နဲ႔ Onboard Storage ေတြက Motherboard မွာ အေသကပ္ထားတာနဲ႔ Battery ကို ေကာ္ေတြနဲ႔ အေသကပ္ထားတာေတြေၾကာင့္ ျဖစ္ပါတယ္။

Microsoft Surface Laptop 2

အဲ့ဒီအတြက္ အခု Microsoft Surface Laptop 2 ဟာ အလြန္ပါးလႊာျပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ Ultrabook တစ္ခုျဖစ္ေပမယ့္ အခုလိုမ်ိဳး ျပဳျပင္ရမျဖစ္ႏုိင္တာကေတာ့ တကယ္ကို အၾကီးမားဆံုးအားနည္းခ်က္လုိ႔ ေျပာရမွာပါ။

Ref : iFixit

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

နာမည်ကြီး Teardown Website တစ်ခုဖြစ်တဲ့ iFixit ကနေ အခုနောက်ဆုံးအနေနဲ့ Microsoft ကနေ မကြာသေးခင်က မိတ်ဆက်ထားခဲ့တဲ့ Microsoft Surface Laptop 2 ကို Teardown ပြုလုပ်ခဲ့ပါတယ်။ အခု iFixit ရဲ့ Teardown အရတော့ Microsoft Surface Laptop အတွက် ရလဒ်တွေက မလှပပြန်ပါဘူး။

ဘာကြောင့်လဲဆိုရင် iFixit ကနေ Microsoft ရဲ့ Surface Laptop 2 ကို ပြင်ဆင်နိုင်စွမး်ကို ရမှတ် ဆယ်မှတ်မှာ သုညပဲ ပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ရမှတ်ပေးတာက Surface Laptop 2 နဲ့အတူ ထွက်ရှိခဲ့တဲ့ Surface Pro 6 ကို အမှန် ၁ မှတ်ပဲပေးခဲ့ပြီးတော့ ထပ်ပြီး ထွက်ရှိလာတဲ့ရမှတ်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်ရဲ့ Microsoft Surface Product ၂ ခုစလုံးက ပြင်ဆင်ရတော်တော်လေးကို ခက်ခဲပုံပါပဲ။

Microsoft Surface Laptop 2 Teardown

iFixit ကတော့ အခုလိုမျိုး သုညပဲရတာက Surface Laptop 2 ကို ဖွင့်ဖို့ အလွန်ခက်ခဲပြီး ဘယ်လိုပြုပြင်မျိုးကိုမဆို ပြုလုပ်ဖို့မဖြစ်နိုင်တာ၊ Modular Component တွေဖြစ်တဲ့ Headphone Jack တွေကတောင် လွယ်ကူစွာပြုပြင်လို့မရတာ၊ CPU ၊ RAM နဲ့ Onboard Storage တွေက Motherboard မှာ အသေကပ်ထားတာနဲ့ Battery ကို ကော်တွေနဲ့ အသေကပ်ထားတာတွေကြောင့် ဖြစ်ပါတယ်။

Microsoft Surface Laptop 2

အဲ့ဒီအတွက် အခု Microsoft Surface Laptop 2 ဟာ အလွန်ပါးလွှာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Ultrabook တစ်ခုဖြစ်ပေမယ့် အခုလိုမျိုး ပြုပြင်ရမဖြစ်နိုင်တာကတော့ တကယ်ကို အကြီးမားဆုံးအားနည်းချက်လို့ ပြောရမှာပါ။

Ref : iFixit

Zawyè (Akhayar) 

www.akhayar.com