Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Microsoft ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Surface Laptop အသစ်ကို မိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ အခုအချိန််မှာတော့ Microsoft ကနေ အဆိုပါ Microsoft Surface Laptop 2 ကို တရုတ်နိုင်ငံအတွက် အထူးသီးသန့် Edition အနေနဲ့ ထုတ်ပေးလိုက်တော့မှာပါ။
Microsoft Surface Laptop 2
အခု Microsoft က ထုတ်လိုက်တဲ့ Surface Laptop 2 ကတော့ လောလောဆယ်မှာ အကောင်းဆုံး Windows Laptop တစ်ခုဖြစ်လာပြီးတော့ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ Special Edition အနေနဲ့ ပန်းရောင်နဲ့ ထုတ်ပေးလိုက်မှာပါ။ Microsoft ကတော့ အခု Surface Laptop အသစ်ရဲ့ နာမည်ကို Blush Color လို့ ပေးထားတာလည်း ဖြစ်ပါတယ်။
အခု Surface Laptop အရောင်အသစ်ကို Surface ရဲ့ Chief အနေနဲ့ တာဝန်ယူထားတဲ့ Panos Panay ကနေ Beijing မြို့မှာ မိတ်ဆက်သွားတာဖြစ်ပါတယ်။ အခုလိုမျိုး Microsoft Surface Laptop 2 က တခြားသောနိုင်ငံတွေမှာ Matte Black အပါအဝင် အရောင်စုစုပေါင်း ၄ မျိုးနဲ့ ရရှိနေပေမယ့် အခု ပန်းရောင်အသစ်ကိုတော့ တရုတ်နိုင်ငံမှာပဲရရှိမှာဖြစ်ပါတယ်။
Microsoft Surface Laptop 2
Microsoft ရဲ့ Surface Laptop 2 က နောက်ဆုံးထွက် 8th Gen Processor တွေပါဝင်ပြီး အနိမ့်ဆုံး Version က RAM 8GB ပါဝင်လာတာပဲဖြစ်ပါတယ်။ အခု Surface Laptop 2 က ယခင် Surface Laptop နဲ့ ယှဉ်ရင် ဒီဇိုင်းပိုင်းပြောင်းလဲမှုမရှိခဲ့ပေမယ့် ယခင်ကထက် ၈၅ ရာခိုင်နှုန်းပိုပြီး မြန်ဆန်လာမယ်လို့ သိရပါတယ်။
Microsoft Surface Laptop 2
အခုလိုမျိုး တရုတ်နိုင်ငံအတွက် ပန်းရောင် နဲ့ ရွှေရောင် Product တွေကို ထုတ်လုပ်တာက ယခင်ထဲကဆောင်ရွက်နေတဲ့အရာတစ်ခုဖြစ်ပြီးတော့ ယခင်တုန်းကလည်း Apple က Rose Gold iPhone တွေကို တရုတ်မှာ မိတ်ဆက်ခဲ့ဖူးပါသေးတယ်။ အခုလည်း ပန်းရောင် Surface Laptop 2 တွေကို စတင်ပြီး Pre-order မှာလို့ရနေပြီလို့ သိရပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com