
Microsoft Translate






Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Translate လုပ်တဲ့ Application တွေလို့ ဆိုလိုက်ရင် Google Translate ကိုပဲ ပြေးပြီး မြင်ကြမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Microsoft ကနေ သူရဲ့ အသုံးပြုမှုနည်းပါးတဲ့ Microsoft Translate App ကို Offline Translate နဲ့ သက်ဆိုင်တဲ့ Feature အများအပြားအဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီးတော့ Google Translate ထက်တောင် ကောင်းတယ်လို့ ကြေငြာခဲ့ပါတယ်။

Microsoft Translate

Google Translate ဟာလည်း Online Translation မှာတော့ လက်ရှိအချိန်မှာ အသုံးပြုသူအများပြားဆုံးသော Application ဖြစ်ပေမယ့် အင်တာနက်မရရှိနိုင်တဲ့ အချိန်မျိုးမှာ Translate ပြုလုပ်ချင်တယ်ဆိုရင်တော့ Language Pack ကို Download ရယူရမှာဖြစ်ပါတယ်။ အဆိုပါ Offline Translate ပြုလုပ်တာက Download ပြုလုပ်ထားတဲ့ Language Pack ကိုပဲ အခြေခံပြီးတော့ အသုံးပြုတာဖြစ်တဲ့အတွက် အချို့သောနေရာတွေမှာ စာပိုဒ်တွေအစား စာလုံးတစ်လုံးချင်းစီကိုပဲ ဘာသာပြန်သလိုမျိုးဖြစ်နေတတ်ပါတယ်။

အဲ့ဒီအတွက် Microsoft ကနေ Artificial Intelligence – AI ညဏ်ရည်တုနည်းပညာကို အသုံးပြုပြီးတော့ သူရဲ့ Offline Translation တွေမှာ ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။ အခု AI စနစ်ဟာ Download ရယူသိမ်းဆည်းထားတဲ့ Offline Language Pack တွေအပြင် Microsoft ရဲ့ Machine Learning စနစ်ကိုပါ အသုံးချပြီးတော့ အသင့်လျော်ဆုံး ဘာသာပြန်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Microsoft ကတော့ သာမန်လူတစ်ယောက်က စကားပြောတဲ့အထိနီးပါးကို တိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဟာ အခုလိုမျိုး AI ပါဝင်တဲ့ Offline Translation တွေကို ရရှိဖို့အတွက် AI Processor သီးခြားပါဝင်တဲ့ Huawei Mate 10 နဲ့ Honor 10 စမတ်ဖုန်းတွေနဲ့ မနှစ်တုန်းက အရင်ဦးဆုံးစမ်းသပ်ခဲ့တယ်လို့ သိရပြီးတော့ အခုအချိန်မှာတော့ AI Processor ပါဝင်ခြင်းမရှိတဲ့ သာမန် Mobile Devices တွေပေါ်မှာပါ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Microsoft ကတော့ ပွင့်ပွင့်လင်းလင်းပဲ အရင်တုန်းက သူတို့ရဲ့ သာမန် Download ပြုလုပ်ထားတဲ့ Data Base အပေါ်မူတည်ပြီး Translate ပြုလုပ်တာနဲ့ အခုလိုမျိုး AI ပါဝင်လာတဲ့ Neural Translation တွေရဲ့ ကွာခြားချက်က အလွန်ကြီးမားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Offline Translation မှာ အခု Microsoft ရဲ့ Translator App က Google Translate ထက် ပိုပြီး စွမ်းဆောင်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Microsoft Translate App

AI လိုမျိုး ညဏ်ရည်တုစနစ်တွေကို အသုံးပြုလာတာက အခုအချိန်မှာ နေရာတိုင်းမှာ သိသိသာသာကို တိုးတက်လာစေတာဖြစ်ပြီးတော့ အခုလိုမျိုး Translation App တွေမှာလည်း ပါဝင်လာတာက ကောင်းမွန်တဲ့ နည်းပညာတိုးတက်မှုတစ်ခုဖြစ်လာပါပြီ။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com