USB Flash Drive တွေကို ကွန်ပျူတာမှာတပ်ထားပြီး File Transfer ပြုလုပ်ပြီးလို့ ဒီအတိုင်းဆွဲဖြုတ်လိုက်တယ်ဆိုရင် တစ်ခါတရံမှာ Data တွေ ပျက်သွားတာ၊ Corrupt ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ အခုလိုမျိုးဖြစ်ရတာက USB Flash Drive တွေကို ဖြုတ်တဲ့နေရာမှာ Safely Remove မပြုလုပ်မိတာကြောင့် အဖြစ်များပါတယ်။

အခုအချိန်မှာတော့ Microsoft ကနေ ဒီလိုမျိုး USB Flash Drive တွေကို ဆွဲဖြုတ်တဲ့နေရာမှာ Safely Remove မလုပ်မိတာကို စိတ်ပူရာမလိုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း အခုအချိန်မှာ Microsoft ကနေ Windows 10 မှာ “Quick Removal” Feature ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပြီး အဆိုပါ Feature က နောက်ဆုံး Windows 10 Update ဖြစ်တဲ့ Version 1809 မှာပါဝင်လာမှာပဲဖြစ်ပါတယ်။

ဒါကလည်း ယခင်တုန်းက Microsoft က Windows တွေမှာ USB Flash Drive တွေကို ကြိုက်တဲ့အချိန် ဆွဲဖြုတ်လို့ရတဲ့အစား File Transfer အတွက်ကို ပိုပြိးအလေးပေးထားခဲ့ပေးပြီး ဒီလိုမျိုးပြုလုပ်ခဲ့တဲ့အတွက် Safely Remove Feature က အရေးကြီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Windows 10 Version 1809 တင်ထားတဲ့ အသုံးပြုသူတွေအနေနဲ့ USB Flash Drive တွေကို Safely Remove ပြုလုပ်စရာမလိုအပ်ဘဲ စတင်အသုံးပြုနေနိုင်မှာပါ။ လောလောဆယ်မှာတော့ Safely Remove Icon က Taskbar မှာ ရှိနေဦးမှာဖြစ်ပေမယ့် နောက်လာမယ့် Windows Update တွေမှာတော့ ဒါက ပါဝင်တော့မှာမဟုတ်တော့ဘူးလို့လည်း သိရပါတယ်။

Ref : The Verge