အရင်လတုန်းက ဘာ Gaming PC ၊ Console တလုံးမှရှိနေစရာမလိုဘဲ AAA ဂိမ်းတွေကို Streaming ဆော့ကစားနိုင်မယ့် Google Stadia မိတ်ဆက်ခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ ၈ သောင်းလောက် ရင်းလိုက်ရင်ပဲ 4K 60fps အပြည့်နဲ့ ကစားနိုင်မှာဆိုတော့ အဲ့ဒီငွေနဲ့ညီမျှတဲ့ ဂိမ်းတဂိမ်းကို ပိုက်ဆံကုန်ခံ 4K မရတဲ့ ကိုယ့်ကွန်ပျူတာမှာ ဘာကိစ္စမှာ ဆော့နေတော့မှာလဲ?

Google Stadia

၈ သောင်းဆိုရင် 5BB ရဲ့ 26Mbps Plan ဝယ်ပြီး အေးဆေး Streaming ဆော့လို့ရနေပြီဆိုတော့ Stadia ပေါ်လာရင် ဂိမ်းမင်းလောက အပြောင်းလဲ ဖြစ်လာနိုင်ပါတယ်။ အခုလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အကောင်ထည်ဖော်နေတဲ့ Project xCloud ရဲ့ မင်္ဂလာသတင်း ထွက်ရှိလာပြီဖြစ်ပြီး Microsoft အဆိုရ ဂိမ်းအမျိုးစားပေါင်း ၃,၅၀၀ ကို တပြိုင်နက် Streaming ဆော့လို့ရမှာဖြစ်ပါတယ်။

Photo: Web Flow

အခုချိန်မှာ Capcom နဲ့ Paradox Developer ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး XBox ဂိမ်းတွေကို ကမ္ဘာတဝှမ်းက Azure Data Center ၁၃ နေရာက Streaming လုပ်နိုင်အောင် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ရရှိနိုင်မယ့် Region တွေကတော့ North America ၊ Asia နဲ့ Europe တို့ဖြစ်ပြီး Developer တွေအနေနဲ့ ဖုန်းလို Display သေးသေးလေးနဲ့ ဆော့ရင် Font တိုင်မပတ်စေဖို့ Size Adjustment လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။

နောက်ပြီး Single Server တခုထဲကနေ Multiplayer ပွဲတွေ Hosting လုပ်ပေးတဲ့အခါမှာလည်း Latency နည်းစေဖို့ Tweak လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Stadia နဲ့အပြိုင် xCloud ဝန်ဆောင်မှုက တမျိုးတဖုံ ဆွဲဆောင်မှုရှိနေပေမယ့် Microsoft ကတော့ Public Trail Dtae (အစမ်းသုံးခွင့်) မသတ်မှတ်ထားသေးပါဘူး။

Photo: Online

နောက်ပြီး Stadia တုန်းကလို 4K အတွက် 40Mbps ၊ Full HD အတွက် 15Mbps အင်တာနက်မြန်နှုန်း အတိကျမထုတ်ပြန်သေးလို့ E3 2019 ကျမှ သိရမယ်ထင်ပါတယ်။ ဘယ်လိုပဲပြောပြော XBox ဂိမ်း ၃,၅၀၀ ကို တပြိုင်နက် Streaming လုပ်နိုင်မယ်ဆိုတာက အထင်ကြီးစရာဖြစ်ပြီး Resolution ဘယ်လောက် ၊ Requirement ဘယ်လောက် လိုမလဲဆိုတာကိုတော့ E3 မှာ Microsoft ထည့်ပြောသွားမယ်ထင်ပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com