အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးတိုက်ပွဲအကြား မြေစာပင်ဖြစ်နေရှာတဲ့ Huawei ခမျာ အခုဆိုရင် ကယ်သူမဲ့နေပြီလို့ပဲ ပြောရတော့မှာပါ။ ဒီကနေ့ပဲ ARM က Huawei နဲ့ သဘောတူညီမှုအားလုံး ဖြတ်တောက်လိုက်တဲ့အတွက် HiSilicon ဆိုတာလည်း Kirin ဘဝမှာ ရပ်တည်မနေတော့ပါဘူး။ တကယ်တမ်းဖြည့်တွေးကြည့်ရင် UK အခြေစိုက်ကုမ္ပဏီအနေနဲ့ Huawei ကို Ban စရာအကြောင်းမရှိပါဘူး။

Photo: Gizmo China

ပြဿနာကိုတော့ ပူးပေါင်းကြံစည်မှုလို့ပဲဆိုရမလား အမေရိကန်မဟာမိတ်တဖြစ်လည်း ဥရောပအနေနဲ့ HiSilicon နည်းပညာတချို့ဟာ US အခြေစိုက်ဖြစ်တယ်လို့ဆိုထားပါတယ်။ တခြားရေရာသေချာတဲ့ သတင်းတွေ မရှိပေမယ့် ARM ပိတ်တယ်ဆိုတာက Google Ban တာထက် ပိုအထိနာတယ်လို့ ပြောနိုင်ပါတယ်။

Photo: Android Community

Avengers Infinity War တုန်းကလို 1 out of Million Possibilities မျိုးဖြစ်သွားတဲ့အတွက် TSMC ကိုရွေးဖို့ပဲကျန်ပါလိမ့်မယ်။ ဘယ်လိုဆက်ဖြစ်မလဲ မပြောတတ်ပေမယ့် အမေရိကန် ကုမ္ပဏီကြီးတွေထဲက နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေတဲ့ Microsoft လည်း Huawei ဘက်မှာ ရှိမနေတော့ပါဘူး။

Photo: Windows Central

Microsoft အနေနဲ့ MateBook X Pro ကို Store ကနေဖယ်ရှားလိုက်ပြီ The Verge အဆိုရ US ရဲ့အကောင်းဆုံး Laptop စာရင်းမှာ ပါဝင်တယ်လို့သိရပါတယ်။ တကယ်လို့သာ Windows License မရှိတော့ရင် Huawei MateBook တွေဟာ MacBook Pro နဲ့ HP Spectre တို့ရဲ့ နောက်ထပ်ရွေးချယ်စရာ Affordable Laptop ဖြစ်မလာနိုင်တော့ပါဘူး။

Photo: Allue Media

ဒီလို MateBook မရှိတော့တာထက် တကယ်လို့သာ Windows Ban လိုက်ရင် Huawei အတွက် အကြီးကျယ် နှစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။ အကျိုးဆက်ကတော့ Windows Server တွေနဲ့ လည်ပတ်နေတဲ့ Network Operation အကုန်လုံး သေဆုံးရမှာဖြစ်ပါတယ်။ Microsoft အနေနဲ့ သမ္မတချမှတ်ထားတဲ့ Execute Order ကို မလိုက်နာသေးတဲ့အကြောင်းပြချက်က Huawei နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Azure Cloud Base Stack ကြီးကျန်နေလို့ဖြစ်နိုင်ပါတယ်။

Photo: Windows Central (Last Sighting)

၂၀၀၈ ကတည်းက လည်ပတ်နေတဲ့ အကြီးဆုံး Cloud ဝန်ဆောင်မှုကြီးဆိုတော့ ချက်ချင်းရပ်ပစ်လိုက်လို့ မဖြစ်နိုင်သလို Windows တခုထဲတင်မဟုတ်ဘဲ Microsoft Data Center ၊ Platform Service နဲ့ Programming Languages ၊ Frameworks စတဲ့ ဝန်ဆောင်မှုတွေအားလုံး Run နေတဲ့ Azure ဟာ Microsoft Certified ရပြီးသား Huawei Server တွေကို အားထားနေရတာပါ။

Photo: (Verdict)

ဒီအချက်ကြောင့် Mutual ဖြစ်နေတယ်လို့ တွက်ဆလို့ရပြီး Windows Ban လိုက်ရင် Potential Damage ဖြစ်လာမှာက Microsoft Cloud ဝန်ဆောင်မှုရပ်ဆိုင်းသွားမှာဖြစ်ပြီး Windows Server နဲ့သွားနေတဲ့ Network Operation တွေအားလုံး ရပ်နားရမှာဖြစ်ပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ ARM ၊ Android Ban တာထက် ပိုဆိုးတဲ့ဆုတ်ယုတ်မှုရှိလာမှာဖြစ်ပြီး Trump ရဲ့ Crack Down Operation ကို Microsoft မလုပ်သေးတာ ဒီအချက်တွေ အကြုံးဝင်နေတာကြောင့်လို့ သု့းသပ်ကြည့်နိုင်ပါတယ်။

Photo: Alphar

တကယ်တမ်း Ban မယ်ဆိုရင် ဘာတွေနှစ်နာစရာရှိလို့လဲ ဒါမှမဟုတ် Huawei Sinking ဖြစ်တယ်ဆိုတာထက် Disappear ဖြစ်သွားမှာကို မလိုလားလို့လား? အခုချိန်မှာ အမေရိကန်အစိုးရက ရက် ၉၀ စာ ယာယီလိုင်စင်သုံးစွဲခွင့်ပေးထားပြီး Stockpiling Chip တွေနဲ့ Microsoft Azure ရှိနေတဲ့အတွက် Intel ကတော့ Temporary Lift ပြီးတာနဲ့ Ban မယ်လို့ ပြောထားပြီဖြစ်ပါတယ်။ Microsoft အနေနဲ့ ရက် ၉၀ အတွင်း မ Ban ဘူးဆိုရင်တောင် Trump ကတော့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး၊ တရုတ်အစိုးရတောင် Backdoor Access မပေးနိုင်တဲ့ Huawei ကို တကယ်တွယ်မယ်ဆိုရင် သေချာသလောက်တော့ ရှိနေပြီလို့ပြောနိုင်ပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com