[Zawgyi] 

Microsoft က နည္းပညာေလာကရဲ႕ အနာဂတ္ကို ဦးေဆာင္သြားမလားဆိုတာေတာ့ အခုအခ်ိန္မွာ မေျပာႏိုင္ေသးေပမယ့္ သူတို႔ရဲ႕နည္းပညာေတြကေတာ့ အနာဂတ္အတြက္ အက်ိဳးရွိမွာအမွန္ပါပဲ။ လြန္ခဲ့တဲ့နွစ္ေတြကလည္း Microsoft က Data Ceter အေသးတစ္ခုကို ပင္လယ္ေရေအာက္မွာႁမွဳပ္ထားၿပီး စမ္းသပ္မႈတစ္ခုလုပ္ခဲ့ပါတယ္။ 

Carrying The Tube

အခုတစ္ေခါက္မွာေတာ့ Data Center ႀကီးတစ္ခုကို Engineer အဖြဲ႔နဲ႔ ပူးေပါင္းၿပီး အလံုပိတ္ Tube ထဲမွာ လိုအပ္တဲ့စက္အစိတ္အပိုင္းေတြထည့္လိုက္ပါတယ္။ အဲ့ဒီ Tube ကို စေကာ့တလန္ ကမ္း႐ိုးတန္းအနီးက ပင္လယ္ျပင္ေအာက္ကို ခ်လိုက္တာပဲျဖစ္ပါတယ္။ Data Center မွာေတာ့ Server ေပါင္း ၈၆၄ ခုပါဝင္ပါတယ္။ Data 27.6 Petabytes (GB ေပါင္း သိန္းႏွစ္ရာေက်ာ္ခန္႔) အထိသိမ္းဆည္းထားႏိုင္ပါတယ္။ ရုပ္ရွင္ဇာတ္ကားေပါင္း ၅ သန္းဝန္းက်င္အထိ သိမ္းဆည္းထားႏိုင္တဲ့ ပမာဏပဲျဖစ္ပါတယ္။ 

အဆိုပါ Data Center ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ အိမ္သံုး စြမ္းေဆာင္ရည္ျမင့္ Desktop ကြန္ပ်ဴတာေပါင္း အလံုးတစ္ေထာင္နီးပါးရဲ႕ စြမ္းေဆာင္ရည္နဲ႔ညီမွ်တယ္လို႔ သိရပါတယ္။ အဲ့ဒီလို စြမ္းေဆာင္ရည္ျမင့္ Data Center ႀကီးကိုေတာ့ Underwater Cable နဲ႔သြယ္တန္းထားၿပီး Orkney ကၽြန္းကရတဲ့ ျပည္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ေတြနဲ႔ လည္ပတ္ေစပါတယ္။ ေရထဲမွာထားမယ့္သက္တမ္းကေတာ့ ၅ ႏွစ္ျဖစ္တယ္လို႔သိရပါတယ္။ အဲ့ဒီအတြက္ ၅ ႏွစ္အတြင္းမွာ ျပဳျပင္ထိမ္းသိမ္းစရာမလိုေအာင္ တစ္ခါတည္း ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေပးထားၿပီးသားလည္း ျဖစ္ပါတယ္။ အခုလိုစမ္းသပ္မႈျပဳလုပ္တာ ေအာင္ျမင္သြားခဲ့တယ္ဆိုရင္ေတာ့ ေနာက္ပို္င္း Data Center ေတြကိုလည္း ေရေအာက္မွာပဲထားသြားဖို႔ Microsoft ကစီစဥ္ေနပါတယ္။ အခုလို ေရေအာက္မွာထားရတဲ့အေၾကာင္းအရင္းကေတာ့ Data Center ေတြကို ေအးေအာင္လုပ္ဖို႔ လိုအပ္မယ့္ကုန္က်ေငြကို သက္သာေစတာေၾကာင့္ပဲျဖစ္ပါတယ္္။ 

Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

အပူသက်သာစေဖို့ Data Center တစ်ခုကို ၅ နှစ်လောက် ရေထဲမှာထားမယ့် Microsoft

Microsoft က နည်းပညာလောကရဲ့ အနာဂတ်ကို ဦးဆောင်သွားမလားဆိုတာတော့ အခုအချိန်မှာ မပြောနိုင်သေးပေမယ့် သူတို့ရဲ့နည်းပညာတွေကတော့ အနာဂတ်အတွက် အကျိုးရှိမှာအမှန်ပါပဲ။ လွန်ခဲ့တဲ့နှစ်တွေကလည်း Microsoft က Data Ceter အသေးတစ်ခုကို ပင်လယ်ရေအောက်မှာမြှုပ်ထားပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ 

Carrying The Tube

အခုတစ်ခေါက်မှာတော့ Data Center ကြီးတစ်ခုကို Engineer အဖွဲ့နဲ့ ပူးပေါင်းပြီး အလုံပိတ် Tube ထဲမှာ လိုအပ်တဲ့စက်အစိတ်အပိုင်းတွေထည့်လိုက်ပါတယ်။ အဲ့ဒီ Tube ကို စကော့တလန် ကမ်းရိုးတန်းအနီးက ပင်လယ်ပြင်အောက်ကို ချလိုက်တာပဲဖြစ်ပါတယ်။ Data Center မှာတော့ Server ပေါင်း ၈၆၄ ခုပါဝင်ပါတယ်။ Data 27.6 Petabytes (GB ပေါင်း သိန်းနှစ်ရာကျော်ခန့်) အထိသိမ်းဆည်းထားနိုင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၅ သန်းဝန်းကျင်အထိ သိမ်းဆည်းထားနိုင်တဲ့ ပမာဏပဲဖြစ်ပါတယ်။ 

အဆိုပါ Data Center ရဲ့ စွမ်းဆောင်ရည်ကတော့ အိမ်သုံး စွမ်းဆောင်ရည်မြင့် Desktop ကွန်ပျူတာပေါင်း အလုံးတစ်ထောင်နီးပါးရဲ့ စွမ်းဆောင်ရည်နဲ့ညီမျှတယ်လို့ သိရပါတယ်။ အဲ့ဒီလို စွမ်းဆောင်ရည်မြင့် Data Center ကြီးကိုတော့ Underwater Cable နဲ့သွယ်တန်းထားပြီး Orkney ကျွန်းကရတဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့ လည်ပတ်စေပါတယ်။ ရေထဲမှာထားမယ့်သက်တမ်းကတော့ ၅ နှစ်ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအတွက် ၅ နှစ်အတွင်းမှာ ပြုပြင်ထိမ်းသိမ်းစရာမလိုအောင် တစ်ခါတည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ပေးထားပြီးသားလည်း ဖြစ်ပါတယ်။ အခုလိုစမ်းသပ်မှုပြုလုပ်တာ အောင်မြင်သွားခဲ့တယ်ဆိုရင်တော့ နောက်ပိုင်း Data Center တွေကိုလည်း ရေအောက်မှာပဲထားသွားဖို့ Microsoft ကစီစဉ်နေပါတယ်။ အခုလို ရေအောက်မှာထားရတဲ့အကြောင်းအရင်းကတော့ Data Center တွေကို အေးအောင်လုပ်ဖို့ လိုအပ်မယ့်ကုန်ကျငွေကို သက်သာစေတာကြောင့်ပဲဖြစ်ပါတယ်။

Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။