Microsoft ကေန Codename Andromeda လုိ႔ နာမည္ေပးထားတဲ့ Surface Device တစ္ခုကို ေဆာင္ရြက္ေနတာ ႏွစ္ႏွစ္နီးပါးရွိေနျပီပဲျဖစ္ပါတယ္။ အခု Surface Device က ဒီႏွစ္ေတြထဲမွာ မ်ားစြာေသာ မူပိုင္ခြင့္ေတြ၊ သတင္းေတြမွာ ပါဝင္ခဲ့ဖူးျပီးေတာ့ Dual Display ဒီဇုိင္းနဲ႔ ထြက္လာမယ္ဆုိျပီး သတင္းေတြေျမာက္မ်ားစြာ ထြက္ေပၚခဲ့တာပဲဲျဖစ္ပါတယ္။

အခုအခ်ိန္မွာ အဆုိပါ Suface Device နဲ႔ ပတ္သတ္ျပီးေတာ့ Microsoft ရဲ႕ ရုံးအတြင္းပိုင္း စာရြက္စာတမ္းတစ္ခုေပါက္ၾကားလာခဲ့ျပီးေတာ့ အဆိုပါ စာရြက္စာတမ္းအရ အခုထြက္ရွိလာမယ့္ Surface Device ဟာ အိတ္ကပ္ထဲထည့္သြားလုိ႔ရတဲ့ Surface Device တစ္ခုျဖစ္လာမယ္လုိ႔ သိရပါတယ္။

Microsoft Project Andromeda 3D Render

Microsoft က အခု Project Andromeda ကို လက္ရွိ Microsoft ကေန ခြဲထြက္လာမယ့္ Device တစ္ခုျဖစ္လာျပီးေတာ့ PC နဲ႔ Mobile ၾကားထဲကို ဝင္ေရာက္လာမယ့္ Device တစ္ခုျဖစ္မယ္လုိ႔ ယူဆထားတယ္လို႔ သိရပါတယ္။ ေပါက္ၾကားလာတဲ့ စာရြက္စာတမ္းမွာလည္း Andromeda ကို “အိပ္ကပ္ထဲထည့္သြင္းႏုိင္တဲ့ အရြယ္အစားတစ္ခုနဲ႔ တီထြင္ဆန္းသစ္မႈျမင့္မားတဲ့ Hardware နဲ႔ Software တို႔ေပါင္းစပ္ျပီး ကိုယ္ပိုင္ မ်ိဳးစံုေဆာင္ရြက္ႏုိင္တဲ့ Computing Experience တစ္ခုကို ရရွိေစမယ္” လုိ႔ ေရးသားခဲ့တာျဖစ္ပါတယ္။

Microsoft ဟာ အလားတူေဖာက္ထြက္မႈမ်ိဳးကို လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက Surface RT နဲ႔ Surface Pro တို႔နဲ႔ အတူ Tablet နဲ႔ Laptop ၂ ခု ၾကားထဲက Category တစ္ခုအေနန႔ဲ ဝင္ေရာက္ခဲ့ျပီး အခုဆိုရင္ PC Maker ေတြတင္သာမကပဲ Apple iPad Pro လုိမ်ိဳး Devices ေတြကပါ Surface ရဲ႕ လမ္းေၾကာင္းေနာက္ကို လုိက္လာၾကျပီလုိ႔ ေျပာလုိ႔ရပါတယ္။ အခု Project Andromeda ကလည္း လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက Surface လုိမ်ိဳးပဲ စမတ္ဖုန္းနဲ႔ PC ၾကားထဲကို ဝင္ေရာက္လာမယ့္ Device တစ္ခုအျဖစ္ ရည္ရြယ္ေနပံုရပါတယ္။

Microsoft Surface

Andromeda Device အသစ္က လက္ရွိ Microsoft ဆီမွာပဲ လ်ဳိ႕ဝွက္စြာနဲ႔ ေဆာင္ရြက္ေနတာျဖစ္ျပီးေတာ့ ပံုစံအရ Display ၂ ခုကို ေခါက္ထားမယ့္ ဒီဇုိင္းျဖစ္ေနတဲ့အတြက္ Display ၂ ခုကို ျဖန္႔လုိက္တဲ့အခ်ိန္မွာ Display ၂ ခုၾကားထဲက Gap မရွိေစဖုိ႔အတြက္ Microsoft က ေဆာင္ရြက္ေနရတဲ့ပံုပါပဲ။ အခု Project Andromeda ကို David Breyer ကေန 3D Concept အေနနဲ႔ ပံုေဖာ္ထားတဲ့ ဒီဇုိင္းကိုလည္း ေဖာ္ျပေပးလုိက္ပါတယ္။

Microsoft ဟာ အခု Project Andromeda ကို လက္ရွိ Surface Devices ေတြလုိမ်ိဳးပဲ Pen Support ရရွိေအာင္ေဆာင္ရြက္ေနျပီးေတာ့ အိတ္ကပ္ထဲထည့္သြားလုိ႔ရမယ့္ Device တစ္ခုလည္း ျဖစ္လာမယ့္အတြက္ Microsoft က တကယ္လုိ႔ အေရးတၾကီး Note ေရးစရာရွိရင္ Pen နဲ႔ပါ ခ်က္ခ်င္းခ်ေရးႏုိင္ေအာင္ စဥ္းစားေနပံုပါပဲ။ Processor ပိုင္းအေနနဲ႔ကေတာ့ Microsoft က ARM Based Processor ကိုလည္း စမ္းသပ္ေနတယ္လုိ႔သိရတဲ့အတြက္ Final Product က Intel Processor သံုးလာမွာလား? Qualcomm ရဲ႕ ARM Processor အသစ္ကိုပဲ သံုးလာမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Microsoft ရုံးတြင္းေပါက္ၾကားခဲ့တဲ့ စာရြက္စာတမ္းအရေတာ့ Microsoft ဟာ အခု Project Andromeda Device ကို ယခုႏွစ္အတြင္းမွာ ထုတ္လုပ္ေရာင္းခ်သြားဖို႔ စီစဥ္ေနျပီးေတာ့ မၾကာခင္မွာ Microsoft နဲ႔ ပါတနာအျဖစ္တြဲဖက္လုပ္ေကာင္ေနတဲ့ PC Maker ေတြက ထုတ္လုပ္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

Asus Project PRECOG

အခုလုိမ်ိဳး Dual Display Device ေတြကို Microsoft တစ္ဦးတည္းေဆာင္ရြက္ေနတာမဟုတ္ပဲ Intel ကလည္း အလားတူေဆာင္ရြက္ေနတာျဖစ္ပါတယ္။ Intel ကိုယ္တုိင္ကလည္း Dual Display နဲ႔ Prototype ေတြထုတ္လုပ္ခဲ့ဖူးသလုိ Asus ကလည္း Project PRECOG ကို ျပသထားျပီးျဖစ္ေနပါတယ္။ Asus PRECOG ကေတာ့ ေနာက္ႏွစ္မွာ ေစ်းကြက္အတြင္းကို ေရာင္းခ်မယ္လုိ႔ ေျပာၾကားခဲ့သလုိပဲ Lenovo ကလည္း အလားတူ Dual Display Device ေတြကို ေဆာင္ရြက္ေနတယ္လုိ႔ သိရတဲ့အတြက္ ဘယ္သူက အခု Dual Display Device ေတြကို အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မလဲဆုိတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ကနေ Codename Andromeda လို့ နာမည်ပေးထားတဲ့ Surface Device တစ်ခုကို ဆောင်ရွက်နေတာ နှစ်နှစ်နီးပါးရှိနေပြီပဲဖြစ်ပါတယ်။ အခု Surface Device က ဒီနှစ်တွေထဲမှာ များစွာသော မူပိုင်ခွင့်တွေ၊ သတင်းတွေမှာ ပါဝင်ခဲ့ဖူးပြီးတော့ Dual Display ဒီဇိုင်းနဲ့ ထွက်လာမယ်ဆိုပြီး သတင်းတွေမြောက်များစွာ ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာ အဆိုပါ Suface Device နဲ့ ပတ်သတ်ပြီးတော့ Microsoft ရဲ့ ရုံးအတွင်းပိုင်း စာရွက်စာတမ်းတစ်ခုပေါက်ကြားလာခဲ့ပြီးတော့ အဆိုပါ စာရွက်စာတမ်းအရ အခုထွက်ရှိလာမယ့် Surface Device ဟာ အိတ်ကပ်ထဲထည့်သွားလို့ရတဲ့ Surface Device တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

Microsoft Project Andromeda 3D Render

Microsoft က အခု Project Andromeda ကို လက်ရှိ Microsoft ကနေ ခွဲထွက်လာမယ့် Device တစ်ခုဖြစ်လာပြီးတော့ PC နဲ့ Mobile ကြားထဲကို ဝင်ရောက်လာမယ့် Device တစ်ခုဖြစ်မယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းမှာလည်း Andromeda ကို “အိပ်ကပ်ထဲထည့်သွင်းနိုင်တဲ့ အရွယ်အစားတစ်ခုနဲ့ တီထွင်ဆန်းသစ်မှုမြင့်မားတဲ့ Hardware နဲ့ Software တို့ပေါင်းစပ်ပြီး ကိုယ်ပိုင် မျိုးစုံဆောင်ရွက်နိုင်တဲ့ Computing Experience တစ်ခုကို ရရှိစေမယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Microsoft ဟာ အလားတူဖောက်ထွက်မှုမျိုးကို လွန်ခဲ့တဲ့ ၆ နှစ်တုန်းက Surface RT နဲ့ Surface Pro တို့နဲ့ အတူ Tablet နဲ့ Laptop ၂ ခု ကြားထဲက Category တစ်ခုအနေနဲ့ ဝင်ရောက်ခဲ့ပြီး အခုဆိုရင် PC Maker တွေတင်သာမကပဲ Apple iPad Pro လိုမျိုး Devices တွေကပါ Surface ရဲ့ လမ်းကြောင်းနောက်ကို လိုက်လာကြပြီလို့ ပြောလို့ရပါတယ်။ အခု Project Andromeda ကလည်း လွန်ခဲ့တဲ့ ၆ နှစ်တုန်းက Surface လိုမျိုးပဲ စမတ်ဖုန်းနဲ့ PC ကြားထဲကို ဝင်ရောက်လာမယ့် Device တစ်ခုအဖြစ် ရည်ရွယ်နေပုံရပါတယ်။

Microsoft Surface

Andromeda Device အသစ်က လက်ရှိ Microsoft ဆီမှာပဲ လျို့ဝှက်စွာနဲ့ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ပုံစံအရ Display ၂ ခုကို ခေါက်ထားမယ့် ဒီဇိုင်းဖြစ်နေတဲ့အတွက် Display ၂ ခုကို ဖြန့်လိုက်တဲ့အချိန်မှာ Display ၂ ခုကြားထဲက Gap မရှိစေဖို့အတွက် Microsoft က ဆောင်ရွက်နေရတဲ့ပုံပါပဲ။ အခု Project Andromeda ကို David Breyer ကနေ 3D Concept အနေနဲ့ ပုံဖော်ထားတဲ့ ဒီဇိုင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Microsoft ဟာ အခု Project Andromeda ကို လက်ရှိ Surface Devices တွေလိုမျိုးပဲ Pen Support ရရှိအောင်ဆောင်ရွက်နေပြီးတော့ အိတ်ကပ်ထဲထည့်သွားလို့ရမယ့် Device တစ်ခုလည်း ဖြစ်လာမယ့်အတွက် Microsoft က တကယ်လို့ အရေးတကြီး Note ရေးစရာရှိရင် Pen နဲ့ပါ ချက်ချင်းချရေးနိုင်အောင် စဉ်းစားနေပုံပါပဲ။ Processor ပိုင်းအနေနဲ့ကတော့ Microsoft က ARM Based Processor ကိုလည်း စမ်းသပ်နေတယ်လို့သိရတဲ့အတွက် Final Product က Intel Processor သုံးလာမှာလား? Qualcomm ရဲ့ ARM Processor အသစ်ကိုပဲ သုံးလာမလားကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Microsoft ရုံးတွင်းပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းအရတော့ Microsoft ဟာ အခု Project Andromeda Device ကို ယခုနှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်နေပြီးတော့ မကြာခင်မှာ Microsoft နဲ့ ပါတနာအဖြစ်တွဲဖက်လုပ်ကောင်နေတဲ့ PC Maker တွေက ထုတ်လုပ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Asus Project PRECOG

အခုလိုမျိုး Dual Display Device တွေကို Microsoft တစ်ဦးတည်းဆောင်ရွက်နေတာမဟုတ်ပဲ Intel ကလည်း အလားတူဆောင်ရွက်နေတာဖြစ်ပါတယ်။ Intel ကိုယ်တိုင်ကလည်း Dual Display နဲ့ Prototype တွေထုတ်လုပ်ခဲ့ဖူးသလို Asus ကလည်း Project PRECOG ကို ပြသထားပြီးဖြစ်နေပါတယ်။ Asus PRECOG ကတော့ နောက်နှစ်မှာ ဈေးကွက်အတွင်းကို ရောင်းချမယ်လို့ ပြောကြားခဲ့သလိုပဲ Lenovo ကလည်း အလားတူ Dual Display Device တွေကို ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် ဘယ်သူက အခု Dual Display Device တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com