Apple ကြန္ပ်ဴတာေတြအတြက္ macOS အသစ္ျဖစ္တဲ့ Mojave မွာ အဓိကေျပာင္းလဲမႈတစ္ခုအေနနဲ႔ System Wide Dark Theme ကို Support ျပဳလုပ္လာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ Microsoft ကလည္း macOS Mojave ကို အသံုးျပဳေနတဲ့သူေတြအတြက္ Update တစ္ခုကို ထုတ္ေပးေတာ့မွာပါ။

Office

အခု Microsoft က macOS Mojave အသံုးျပဳသူတဲ့သူေတြအတြက္ ျပဳလုပ္မယ့္ Update ကေတာ့ Microsoft Office မွာျဖစ္ျပီး မၾကာခင္မွာ Microsoft Office ကလည္း macOS Mojave မွာ Dark Theme ရရွိလာေတာ့မွာျဖစ္ပါတယ္။ အခုသတင္းကို Microsoft ရဲ႕ Office Product Manager ျဖစ္တဲ့ Akshay Bakshi ကေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ လာမယ့္အပတ္ကစတင္ျပီးရရွိလာေတာ့မွာျဖစ္တယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Microsoft Office ကို Dark Theme ကို ရရွိလာမွာက Office 265 ကို အသံုးျပဳေနတဲ့သူေတြအတြက္ပဲရရွိဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ Microsoft က Office 2019 ကိုလည္း macOS အတြက္ မၾကာေသးမီကမွ ထုတ္ေပးထားတဲ့အတြက္ အခုလုိမ်ိဳး Office 365 သံုးတဲ့သူေတြပဲရရွိမွာက အနည္းငယ္စိတ္ထင့္စရာျဖစ္ေနပါျပီ။

Office

အခု Office အတြက္ Dark Theme ကိုေတာ့ Microsoft Windows အသံုးျပဳေနတဲ့သူေတြအေနနဲ႔ ယခင္ထဲက ရရွိေနတာျဖစ္ျပီးေတာ့ Windows 10 October 2018 Update မွာလည္း Dark Theme ကို ထည့္သြင္းေပးလာတဲ့အတြက္ ေနာက္ပိုင္းမွာ Operating System ေတြအကုန္လံုးက Dark Theme ဘက္ကို သြားေတာ့မယ့္ပံုပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကွန်ပျူတာတွေအတွက် macOS အသစ်ဖြစ်တဲ့ Mojave မှာ အဓိကပြောင်းလဲမှုတစ်ခုအနေနဲ့ System Wide Dark Theme ကို Support ပြုလုပ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ Microsoft ကလည်း macOS Mojave ကို အသုံးပြုနေတဲ့သူတွေအတွက် Update တစ်ခုကို ထုတ်ပေးတော့မှာပါ။

Office

အခု Microsoft က macOS Mojave အသုံးပြုသူတဲ့သူတွေအတွက် ပြုလုပ်မယ့် Update ကတော့ Microsoft Office မှာဖြစ်ပြီး မကြာခင်မှာ Microsoft Office ကလည်း macOS Mojave မှာ Dark Theme ရရှိလာတော့မှာဖြစ်ပါတယ်။ အခုသတင်းကို Microsoft ရဲ့ Office Product Manager ဖြစ်တဲ့ Akshay Bakshi ကပြောကြားခဲ့တာဖြစ်ပြီးတော့ လာမယ့်အပတ်ကစတင်ပြီးရရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Microsoft Office ကို Dark Theme ကို ရရှိလာမှာက Office 265 ကို အသုံးပြုနေတဲ့သူတွေအတွက်ပဲရရှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Microsoft က Office 2019 ကိုလည်း macOS အတွက် မကြာသေးမီကမှ ထုတ်ပေးထားတဲ့အတွက် အခုလိုမျိုး Office 365 သုံးတဲ့သူတွေပဲရရှိမှာက အနည်းငယ်စိတ်ထင့်စရာဖြစ်နေပါပြီ။

Office

အခု Office အတွက် Dark Theme ကိုတော့ Microsoft Windows အသုံးပြုနေတဲ့သူတွေအနေနဲ့ ယခင်ထဲက ရရှိနေတာဖြစ်ပြီးတော့ Windows 10 October 2018 Update မှာလည်း Dark Theme ကို ထည့်သွင်းပေးလာတဲ့အတွက် နောက်ပိုင်းမှာ Operating System တွေအကုန်လုံးက Dark Theme ဘက်ကို သွားတော့မယ့်ပုံပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com