[Zawgyi] 





Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Microsoft Office အတွက် Design ပိုင်းမှာ Upgrade လုပ်ပေးလိုက်ပြီ

Microsoft Office က ကိုယ်ရေးကိုယ်တာအတွက်ကအစ ရုံးလုပ်ငန်းတွေအထိ လူသုံးအများဆုံးသုံးတဲ့ Software အဖြစ် အချိန်အကြာကြီးရှိနေခဲ့တာပါ။ အခုဆိုရင် Microsoft က Office နဲ့ပတ်သက်သမျှကို Design ပိုင်းအရ ကြည့်ကောင်းအောင် Upgrade လုပ်ပေးလိုက်ပါပြီ။ 

Office Word Icon Evolution

Software က လက်နဲ့ကိုင်လို့မရတဲ့အတွက် အမြင်ပိုင်းမှာက ပိုပြီးအရေးပါပါတယ်။ လှနေတယ်ဆိုတာထက် Software Experience အရ သပ်သပ်ရပ်ရပ်ရှိတာ၊ သုံးရလွယ်တာ၊ အမြင်ရှင်းတာဆိုတဲ့အချက်တွေက ပိုပြီးအရေးကြီးသလို တစ်ခုခုပြောင်းသွားတာက အသုံးပြုရတဲ့အတွေ့အကြုံတစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ အခု Microsoft ပြောင်းပေးလိုက်တဲ့ Design ကတော့ ရိုးရှင်းတဲ့ဖက်ကို ပိုပြီးဦးစားပေးထားတယ်ဆိုတာ အောက်က Video မှာတွေ့နိုင်ပါတယ်။ 

Office App တွေ အများကြီးရှိလို့ တစ်ခုချင်းစီရဲ့ Icon တွေကို ပိုပြီးရှင်းအောင်၊ မြင်သာအောင် အသေးစိတ်ပြင်ပေးထားတာကို တွေ့ရပါတယ်။ မြင်လိုက်တာနဲ့ ဘာ App လဲဆိုတာကို ကောင်းကောင်းခွဲခြားနိုင်စေဖို့အတွက်ကို အရောင်၊ စာလုံးနဲ့ သရုပ်ဖော်ပုံအသေးလေးတွေကို လှလှပပပေါင်းပေးထားတာပါ။ Software တွေအတွက်လည်း ပိုကောင်းတဲ့ User Interface တွေကို ပြောင်းသုံးပေးလာပြီး Windows 10 ရဲ့ Fluent Design အငွေ့အသက်တွေလည်း ပါလာပါပြီ။ Office တွေကတော့ အများကြီးပိုကောင်းလာဖို့ပဲရှိပါတော့တယ်။ 

Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com