




Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ အခုနှစ်အတွင်းမှာ Microsoft Office Version အသစ်ဖြစ်တဲ့ Microsoft Office 2019 ကို ထုတ်ပေးတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော Microsoft ကနေ အခု Office 2019 နဲ့ပတ်သတ်တဲ့သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။

အခုသတင်းကတော့ Microsoft Office Software တွေမှာပါဝင်တဲ့ OneNote App အကြောင်းပဲဖြစ်ပါတယ်။ OneNote ဟာ Microsoft office အသုံးပြုသူတွေအများစု အသုံးပြုကြတဲ့ Notes Application တစ်ခုဖြစ်ပြီးတော့ အခုဆိုရင် Mvile Version အနေနဲ့ပါ အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် OneNote က Office 2019 မှာတော့ OFfice မှာပါလာတဲ့ Application တစ်ခုအနေနဲ့ အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုရင် Microsoft ကနေ Windows 10 Web Store မှာ OneNote Application ကို သီးခြားထုတ်ပေးထားပြီဖြစ်တဲ့အတွ့် Microsoft Office 2019 ထွက်ရှိလာတဲ့အချိန်ကြရင် OneNote ကို အဆိုပါ Windows Store ကနေပဲ အသုံးပြုရတော့မှာဖြစ်ပါတယ်။

Microsoft ကနေ Office 2019 ကို MacOS အတွက်လည်း ထုတ်လုပ်သွားမှာဖြစ်ပေမယ့် Windows ကွန်ပျူတာတွေအတွက် Office 2019 ကတော့ Windows 10 OS အသုံးပြုနေတဲ့သူတွေပဲ အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Microsoft ရဲ့ နောက်ပိုင်း Office လိုမျိုး မရှိမဖြစ် Software တွေကို အသုံးပြုနိုင်ဖို့အတွက် Windows 10 ကို အသုံးပြုဖို့တော့ လိုအပ်မှာပဲဖြစ်ပါတယ်။

အခုလက်ရှိ Microsoft Office 2016 မှာပါဝင်တဲ့ OneNote 2016 ကတော့ လာမယ့် ၂၀၂၀ ခုနှစ်အထိ ဆက်လုပ်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com