Microsoft အနေနဲ့ ကီဗင်စကော့ကို နည်းပညာအမှုဆောင်အရာရှိအသစ် (CTO)အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။  ဒါဟာ Linkedln မှာ ဒုတိယဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ စကော့အတွက် ရာထူးတိုးမြှင့်ခံရခြင်းလည်းဖြစ်ပါတယ်။

ဒီလိုခန့်အပ်ခြင်းဟာ လူမှုကွန်ယက်စီးပွားရေးနဲ့ Microsoft အကြား မဟာဗျူဟာတွေချမှတ်ဖို့ ၊ကုမ္ပဏီနှစ်ခုပေါင်းစည်းတိုးတက်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။

ရာထူးသစ်ရရှိသွားတယ်ဆိုပေမယ့် စကော့ဟာ Linkedln ကိုစီမံခန့်ခွဲပြီး CEO နာဒဲလားဆီကို တိုက်ရိုက်အစီရင်ခံရမယ့်တာဝန်က ရှိနေတုန်းပါပဲ။  စကော့အနေနဲ့ ၂၀၁၁ ခုနစ်အချိန် Linkedln နဲ့မချိတ်ဆက်ခင်ကတည်းက Google အပါအဝင် နည်းပညာကုမ္ပဏီအများကြီးမှာ အလုပ်လုပ်ခဲ့ဖူးသူပါ။

Pinterest နဲ့ဆက်နွယ်မှုရှိသလို LiveLoop ကိုတီထွင်ဖန်တီးရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ စကော့ကို ရာထူးတိုးမြှင့်မှုနဲ့ပတ်သက်ပြီး နာဒဲလားက “ကီဗင်ဟာ သူ့ရဲ့များစွာသော အတွေ့အကြုံတွေကို ယူဆောင်လာခဲ့ပြီး လူတွေနဲ့အဖွဲ့အစည်းကိုတိုးတက်အောင် လုပ်ဆောင်ပါလိမ့်မယ်’’ လို့ပြောပြခဲ့ပါတယ်။

You May Also Like:Facebook’s Bug ကြောင့် ဟက်ကာများ ဗီဒီယိုတိုင်းကို အလွယ်တကူဖျက်နိုင်

www.akhayar.com