
Groove Music



Groove Music




Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft က ပြီးခဲ့တဲ့နှစ်တုန်းက သူရဲ့ Groove Music Streaming Service ကို ရပ်ဆိုင်းလိုက်ပြီးတော့ Spotify ကို လွှဲပြောင်းပေးခဲ့တာကို မှတ်မိကြဦးမှာပါ။ အဆိုပါ Groove Music ကို ရပ်ဆိုင်းမှုဟာ Music Streaming Service အတွက်ပဲဖြစ်ပေမယ့် အခုအချိန်မှာတော့ Groove Music App ကိုပါ ရပ်ဆိုင်းပစ်တော့မယ့်ပုံပါပဲ။

Groove Music

ဘာဖြစ်လို့လဲဆိုရင် Microsoft ကနေ လက်ရှိအချိန်မှာ Groove Music App ကို iOS နဲ့ Android မှာ ယနေ့ ဇွန်လ ၁ ရက်နေ့ ၂၀၁၈ ခုနှစ်ကနေ စတင်ပြီးတော့ Download ပြုလုပ်ခွင့်ကို ပိတ်သိမ်းလိုက်ပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး Download ပြုလုပ်ခွင့်ပိတ်သိမ်းလိုက်သလိုပဲ လက်ရှိ Groove Music App ကို အသုံးပြုနေတဲ့သူတွေအနေနဲ့လည်း လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ ၂၀၁၈ မှာ လုံးဝ Service တွေအကုန်လုံးကို ရပ်ဆိုင်းလိုက်မှာဖြစ်ပါတယ်။

Groove Music

အဲ့ဒီအတွက် အခုအချိန်မှာ Groove Music Streaming Service က သေဆုံးသွားပြီဖြစ်တဲ့အပြင် OneDrive က Music တွေကိုတောင် Groove Music ကတစ်ဆင့် နားဆင်နိုင်မှာမဟုတ်တော့ပါဘူး။

Groove Music on Windows 10

အခုအချိန်မှာ Groove Music ဟာ Mobile App တွေမရှိတော့ပေမယ့် Windows 10 မှာတော့ Default Music App အနေနဲ့ ပါဝင်နေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပါဝင်နိုင်ဖွယ်မရှိတော့ပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com