[Zawgyi]

Undersea ေဒတာစင္တာထဲမွာ Webcam တပ္ဖို႔ စဥ္းစားေနတဲ့ Microsoft

အရင္တစ္လတုန္းက အႀကီးဆုံး ေဒတာစင္တာတစ္ခုကို စေကာ့တလန္ႏိုင္ငံရဲ႕ ပင္လယ္ေရေအာက္မွာ Microsoft စမ္းသပ္ေနတယ္ဆိုတာ သိၿပီးသားျဖစ္ၾကမွာပါ။ ရည္႐ြယ္ခ်က္က စြမ္းအင္ေႁခြတာဖို႔နဲ႔ အကယ္၍မ်ား ေရထဲျမဳပ္ထားရင္ အပူစြန႔္ထုတ္အား ပိုေကာင္းလာမလားဆိုၿပီး Microsoft စမ္းသပ္ေနခဲ့တာပါ။

One of Microsoft Data Center

ဒီေနရာမွာ ျပႆနာရွိလာတာက ဆားဓာတ္ပါဝင္ေနတဲ့ ပင္လယ္ေရေၾကာင့္ ေဒတာစင္တာႀကီး သံေခ်းကိုက္လာႏိုင္မယ့္ အခ်က္ပါ။ Microsoft အေနနဲ႔ ဒီျပႆနာကို အေလးနက္ထားစဥ္းစားေနၿပီး လက္ရွိအခ်ိန္စမ္းသပ္ေနတဲ့ ေဒတာစင္တာထဲမွာ A.I (Artificial Intelligence) နည္းပညာနဲ႔ ေပါင္းစပ္ထားတဲ့ Webcam တပ္ဆင္ ေလ့လာသြားမယ္လို႔ သိရပါတယ္။

It seemed Data Center is effected by Undersea Condition

ဒီလို Webcam ကေန ေဒတာစင္တာအေျခေနကို အၿမဲမျပတ္ ေစာင့္ၾကည့္ႏိုင္မွာျဖစ္သလို အရည္ေသြးျမင့္ ကင္မရာေၾကာင့္ ငါးျပတိုက္ေတာင္ သြားစရာမလိုဘူးလို႔ အမႊမ္းတင္ထားတာ ေတြ႕ရပါတယ္။ Microsoft အဆိုရ တန္နဲ႔ခ်ီၿပီး မေရမတြက္ႏိုင္ေအာင္ မ်ားျပားလြန္းတဲ့ ငါးအုပ္ႀကီးေတြ အၿမဲလိုလို ေဒတာစင္တာေဘးမွာ ကူးခတ္ေနၾကတာမလို Webcam ကေနတဆင့္ Live-stream ၾကည့္ေနရသလိုမ်ိဳး ျမင္ေတြ႕ေနရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Server is being packed in a cylindrical shell

အခုလိုမ်ိဳး Webcam သပ္သပ္တင္ဆင္ၿပီး ေလ့လာတယ္ဆိုတာကလည္း သံေခ်းကိုက္တာထက္ ေဒတာစင္တာေဘးမွာ ျဖစ္ပ်က္ေနတဲ့ သဘာဝအေျခအေနေတြ သိရွိဖို႔ျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ၿပီး Microsoft အေနနဲ႔ လာမယ့္ ၅ ႏွစ္အတြင္း Orkney ကြၽန္းမွာ ေဒတာေပါင္း 27.6 Petabytes (27,600 Terabytes) သိမ္းဆည္းႏိုင္မယ့္ ေဒတာစင္တာေတြ ပင္လယ္ေရေအာက္မွာစမ္းသပ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

Sinking down the Sea

လက္ရွိအခ်ိန္မွာေတာ့ ေဒတာစင္တာေတြကို ပင္လယ္ေရေအာက္သုံး Cable ႀကိဳးေတြနဲ႔ စြမ္းအင္ေထာက္ပံ့ေပးသြားဖို႔ စီမံၿပီးသားျဖစ္တယ္လို႔ သိရပါတယ္။ တကယ္လို႔သာ Microsoft စမ္းသပ္ေနတဲ့ Idea သာ ႁခြင္းခ်က္မရွိ ေအာင္ျမင္လာခဲ့မယ္ဆိုရင္ ရွိရွိသမွ်ေဒတာစင္တာအားလုံး ပင္လယ္ေရအာက္ေရာက္ကုန္ေတာ့မယ္လို႔ သုံးသပ္ရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Undersea ဒေတာစင်တာထဲမှာ Webcam တပ်ဖို့ စဉ်းစားနေတဲ့ Microsoft

အရင်တစ်လတုန်းက အကြီးဆုံး ဒေတာစင်တာတစ်ခုကို စကော့တလန်နိုင်ငံရဲ့ ပင်လယ်ရေအောက်မှာ Microsoft စမ်းသပ်နေတယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ ရည်ရွယ်ချက်က စွမ်းအင်ခြွေတာဖို့နဲ့ အကယ်၍များ ရေထဲမြုပ်ထားရင် အပူစွန့်ထုတ်အား ပိုကောင်းလာမလားဆိုပြီး Microsoft စမ်းသပ်နေခဲ့တာပါ။

One of Microsoft Data Center

ဒီနေရာမှာ ပြဿနာရှိလာတာက ဆားဓာတ်ပါဝင်နေတဲ့ ပင်လယ်ရေကြောင့် ဒေတာစင်တာကြီး သံချေးကိုက်လာနိုင်မယ့် အချက်ပါ။ Microsoft အနေနဲ့ ဒီပြဿနာကို အလေးနက်ထားစဉ်းစားနေပြီး လက်ရှိအချိန်စမ်းသပ်နေတဲ့ ဒေတာစင်တာထဲမှာ A.I (Artificial Intelligence) နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ Webcam တပ်ဆင် လေ့လာသွားမယ်လို့ သိရပါတယ်။

It seemed Data Center is effected by Undersea Condition

ဒီလို Webcam ကနေ ဒေတာစင်တာအခြေနေကို အမြဲမပြတ် စောင့်ကြည့်နိုင်မှာဖြစ်သလို အရည်သွေးမြင့် ကင်မရာကြောင့် ငါးပြတိုက်တောင် သွားစရာမလိုဘူးလို့ အမွှမ်းတင်ထားတာ တွေ့ရပါတယ်။ Microsoft အဆိုရ တန်နဲ့ချီပြီး မရေမတွက်နိုင်အောင် များပြားလွန်းတဲ့ ငါးအုပ်ကြီးတွေ အမြဲလိုလို ဒေတာစင်တာဘေးမှာ ကူးခတ်နေကြတာမလို Webcam ကနေတဆင့် Live-stream ကြည့်နေရသလိုမျိုး မြင်တွေ့နေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Server is being packed in a cylindrical shell

အခုလိုမျိုး Webcam သပ်သပ်တင်ဆင်ပြီး လေ့လာတယ်ဆိုတာကလည်း သံချေးကိုက်တာထက် ဒေတာစင်တာဘေးမှာ ဖြစ်ပျက်နေတဲ့ သဘာဝအခြေအနေတွေ သိရှိဖို့ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး Microsoft အနေနဲ့ လာမယ့် ၅ နှစ်အတွင်း Orkney ကျွန်းမှာ ဒေတာပေါင်း 27.6 Petabytes (27,600 Terabytes) သိမ်းဆည်းနိုင်မယ့် ဒေတာစင်တာတွေ ပင်လယ်ရေအောက်မှာစမ်းသပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Sinking down the Sea

လက်ရှိအချိန်မှာတော့ ဒေတာစင်တာတွေကို ပင်လယ်ရေအောက်သုံး Cable ကြိုးတွေနဲ့ စွမ်းအင်ထောက်ပံ့ပေးသွားဖို့ စီမံပြီးသားဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့သာ Microsoft စမ်းသပ်နေတဲ့ Idea သာ ခြွင်းချက်မရှိ အောင်မြင်လာခဲ့မယ်ဆိုရင် ရှိရှိသမျှဒေတာစင်တာအားလုံး ပင်လယ်ရေအာက်ရောက်ကုန်တော့မယ်လို့ သုံးသပ်ရပါတယ်။

2B (Akhayar)

www.akhayar.com