Microsoft ကေန Windows 10 အသံုးျပဳသူေတြကို စမတ္ဖုန္းနဲ႔ လြယ္လြယ္ကူကူခ်ိတ္ဆက္အသံုးျပဳႏုိင္ဖို႔အတြက္ အခုေလာေလာဆယ္မွာ အေလးထားျပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း စမတ္ဖုန္းနဲ႔ PC ၾကားမွာ အခ်င္းခ်င္းခ်ိတ္ဆက္ျပီး အသံုးျပဳႏုိင္တဲ့ Windows 10 App တစ္ခုကို Microsoft ကေန စတင္စမ္းသပ္ေနပါျပီ။

Microsoft Developer Conference

Microsoft က အခု Application ကို Your Phone လုိ႔ နာမည္ေပးထားျပီးေတာ့ အခုလိုမ်ိဳး App ထုတ္သြားမယ္ဆိုတာကုိ ျပီးခဲ့တဲ့ ေမလမွာျပဳလုပ္ခဲ့တဲ့ Build Developer Conference မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ အခု Your Phone Application ကို အရင္ဆံုးအေနနဲ႔ Android ဖုန္းေတြမွာ စတင္စမ္းသပ္ေနျပီျဖစ္တယ္လုိ႔လည္း သိရပါတယ္။

အခု Your Phone Application က အသံုးျပဳဖုိ႔အတြက္ Windows 10 မွာ အရင္သြင္းထားရမွာျဖစ္ျပီးေတာ့ ဖုန္းနဲ႔ ခ်ိတ္ဆက္ထားတယ္ဆုိရင္ ဖုန္းအတြင္းက Photos ေတြနဲ႔ တျခား File ေတြကို ကြန္ပ်ဳတာမွာရွိတဲ့ Office Word ဒါမွမဟုတ္ Support ျပဳလုပ္တဲ့ Windows 10 App ေတြထဲကို Drag & Drop ျပဳလုပ္ျပီး ကူးယူရုံပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဖုန္းထဲမွာ သိုေလွာင္ထားတဲ့ File ေတြကို ရယူဖုိ႔က ၾကိဳးနဲ႔ ခ်ိတ္ဆက္ေနဖို႔မလုိဘဲ ဒီ Your Phone App ရွိတာနဲ႔ အဆင္ေျပသြားေတာ့မွာပါ။

Microsoft Your Phone App

အခု Microsoft ရဲ႕ Your Phone App က ေနာက္လာမယ့္ ေအာက္တိုဘာလမွာ ထြက္ရွိမယ့္ Codename Redstone 5 လုိ႔ ေပးထားတဲ့ Windows 10 Major Update မွာ ပါဝင္လာမယ္လုိ႔ ယူဆရျပီးေတာ့ Windows 10 Update မွာ တစ္ခါတည္းပါလာမလား၊ ဒါမွမဟုတ္ သီးျခား App တစ္ခုအေနနဲ႔ Windows Store ကေန အသံုးျပဳရမလားဆိုတာကေတာ့ Microsoft ကေန အတည္ျပဳထားျခင္းမရွိေသးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ကနေ Windows 10 အသုံးပြုသူတွေကို စမတ်ဖုန်းနဲ့ လွယ်လွယ်ကူကူချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အခုလောလောဆယ်မှာ အလေးထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း စမတ်ဖုန်းနဲ့ PC ကြားမှာ အချင်းချင်းချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Windows 10 App တစ်ခုကို Microsoft ကနေ စတင်စမ်းသပ်နေပါပြီ။

Microsoft Developer Conference

Microsoft က အခု Application ကို Your Phone လို့ နာမည်ပေးထားပြီးတော့ အခုလိုမျိုး App ထုတ်သွားမယ်ဆိုတာကို ပြီးခဲ့တဲ့ မေလမှာပြုလုပ်ခဲ့တဲ့ Build Developer Conference မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အခု Your Phone Application ကို အရင်ဆုံးအနေနဲ့ Android ဖုန်းတွေမှာ စတင်စမ်းသပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အခု Your Phone Application က အသုံးပြုဖို့အတွက် Windows 10 မှာ အရင်သွင်းထားရမှာဖြစ်ပြီးတော့ ဖုန်းနဲ့ ချိတ်ဆက်ထားတယ်ဆိုရင် ဖုန်းအတွင်းက Photos တွေနဲ့ တခြား File တွေကို ကွန်ပျုတာမှာရှိတဲ့ Office Word ဒါမှမဟုတ် Support ပြုလုပ်တဲ့ Windows 10 App တွေထဲကို Drag & Drop ပြုလုပ်ပြီး ကူးယူရုံပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းထဲမှာ သိုလှောင်ထားတဲ့ File တွေကို ရယူဖို့က ကြိုးနဲ့ ချိတ်ဆက်နေဖို့မလိုဘဲ ဒီ Your Phone App ရှိတာနဲ့ အဆင်ပြေသွားတော့မှာပါ။

Microsoft Your Phone App

အခု Microsoft ရဲ့ Your Phone App က နောက်လာမယ့် အောက်တိုဘာလမှာ ထွက်ရှိမယ့် Codename Redstone 5 လို့ ပေးထားတဲ့ Windows 10 Major Update မှာ ပါဝင်လာမယ်လို့ ယူဆရပြီးတော့ Windows 10 Update မှာ တစ်ခါတည်းပါလာမလား၊ ဒါမှမဟုတ် သီးခြား App တစ်ခုအနေနဲ့ Windows Store ကနေ အသုံးပြုရမလားဆိုတာကတော့ Microsoft ကနေ အတည်ပြုထားခြင်းမရှိသေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com