


SwiftKey & Microsoft


Windows 10 Game Bar


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Android နဲ့ iOS မှာ အကောင်းဆုံး Keyboard တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ SwiftKey Keyboard ကို သိကြမှာပါ။ အဆိုပါ SwiftKey Keyboard က Microsoft က ပိုင်ဆိုင်တဲ့ Keyboard တစ်ခုလည်းဖြစ်တဲ့အတွက် Windows မှာလည်း Swiftkey Keyboard ကို ရရှိလာနိုင်ပါတယ်။

SwiftKey Keyboard on Windows 10

အခုသတင်းက Microsoft ရဲ့ နောက်ဆုံးထွက် Windows 10 Preview ဖြစ်တဲ့ Codename Redstone 5 မှာ SwiftKey Keyboard ကို English ၊ French ၊ German ၊ Italian ၊ Spanish ၊ Brazilian နဲ့ Russian ဘာသာစကားတွေနဲ့ စတင်စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်နောက်ပိုင်း Windows 10 Version တွေမှာ SwiftKey Keyboard ပါဝင်လာမယ်ဆိုတာ ကျိန်းသေသွားပြီပဲဖြစ်ပါတယ်။

SwiftKey & Microsoft

Microsoft က အခုလိုမျိုး SwiftKey Keyboard ကို ထည့်သွင်းလာမယ့်အပြင် နောက်ထပ် Feature တစ်ခုကိုလည်း ထည့်သွင်းဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Feature အသစ်ကတော့ Microsoft ရဲ့ လက်ရှိ ရှိနေတဲ့ Game Bar ကိုအဆင့်မြှင့်တင်မှာဖြစ်ပြီးတော့ Game ရဲ့ Framerate ၊ CPU Usage ၊ GPU Usage နဲ့ System RAM Usage တွေကို ဖော်ပြနိုင်သွားတော့မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Games တွေအတွက် Third Party Software တွေကို အသုံးပြုစရာမလိုတော့ဘူးလို့တောင်ပြောလို့ရပါတယ်။

Windows 10 Game Bar

Microsoft ဟာ Windows 10 ကို တဖြည်းဖြည်း အဆင့်မြှင့်လာတာ အခုဆိုရင် တော်တော်လေးကို အသုံးပြုရတာရော Features ပိုင်းတွေမှာပါ ကောင်းမွန်လာပြီလို့ ပြောလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com