နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ကနေ အခုအချိန်မှာ ကြီးမားတဲ့ သတင်းတစ်ခုကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Microsoft ကနေ လက်ရှိမှာ အဌားယာဉ်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab အပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုရင်းနှီးမြုပ်နှံမှုတွေဟာ Data Service တွေနဲ့ AI Project တွေအပေါ်မှာ အဓိကပူးပေါင်းလုပ်ကိုင်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။

Grab

အခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုအရ စင်္ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab က Microsoft Azure ကို Cloud Computing Service Platform တစ်ခုအနေနဲ့စတင်အသုံးပြုတော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Microsoft ရော Grab ကပါ ငွေကြေးဘယ်လောက်ပါဝင်ပတ်သတ်ခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Microsoft

အခုလိုမျိုး ပူးပေါင်းမှုဟာ Grab အတွက် Microsoft ရဲ့ လက်ရှိ Digital Platform တွေကို အသုံးပြုလာနိုင်မှာဖြစ်ပြီး အခုအချိန်မှာ Grab ကလည်း အဌားယာဉ်ဝန်ဆောင်မှုတွေအပြင် Payment Service နဲ့ Food Delivery ကိုပါ ဆောင်ရွက်နေတဲ့အတွက် နောက်ပိုင်းမှာ ပိုပြီးတောင်တိုးတက်လာနိုင်ပါသေးတယ်။ ဒီအတွက်ကိုလည်း Microsoft ရဲ့ Executive Vice President ဖြစ်တဲ့ Peggy Johnson ကနေ အခု Partnership ကနေ နှစ်ဦးနှစ်ဖက်လုံးအတွက် အလွန်အမြန်တိုးတက်နေတဲ့ နယ်ပယ်မှာ တိုးတက်မှုတွေကို ဆန်းသစ်တီထွင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးလိုက်တာဖြစ်တယ်” ဆိုပြီးလည်း ပြောကြားခဲ့ပါသေးတယ်။

အခု ကုမ္ပဏီ ၂ ခုပူးပေါင်းမှုကနေ ဆန်းသစ်တဲ့ နည်းပညာ Project တွေကိုလည်း ပြုလုပ်လာမှာဖြစ်ပြီးတော့ အဆိုပါ Project တွေမှာ AI ပါဝင်တဲ့ Facial Recognition စနစ်တွေလည်းပါဝင်ပြီးတော့ ယခင်တုန်းက ခေတ်ဟောင် ID စနစ်တွေကို အစားထိုးလာဖို့ရှိပေါတယ်။ ဒါ့အပြင် Natural Language Processing ၊ Machine Learning နဲ့ AI တွေကို Grab Platform ဆီကို သယ်ဆောင်လာမှာဖြစ်ပြီးတော့ Map Creation ၊ Fraud Detection အပြင် လက်ရှိရောက်နေတဲ့နေရာကို ဓါတ်ပုံရိုက်လိုက်တာနဲ့တင် အဆိုပါ ဓါတ်ပုံကို ရောက်နေတဲ့ တည်နေရာအဖြစ် Grab Driver ကို အသိပေးနိုင်မယ့် Feature တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Grab

အခု Microsoft လိုမျိုးပဲ Toyota ကလည်း မကြာသေးမီကမှ Grab ကို ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြုပ်နှံခဲ့ပြီးတော့ တခြားသော Investor တွေကလည်း နောက်ထပ် ၁ ဘီလီယံရင်းနှီးမြုပ်နှံခဲ့တဲ့အတွက် Grab အနေနဲ့ မကြာခင်နှစ်ပိုင်းအတွင်းမှာ သိသိသာသာတိုးတက်လာဖွယ်ရှိနေပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

[UNICODE]


Grab


Microsoft



Grab


Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com