







Ref : Windows Blog

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Microsoft က အခုမှပြန်ပြီး တရားဝင် Stable Update ထုတ်ပေးနေတဲ့ Windows 10 October Update ဟာ အဓိကပြောင်းလဲသွားတဲ့ Feature အနေနဲ့ Windows File Explorer မှာပါ Dark Theme ရရှိလာတာပဲဖြစ်ပါတယ်။ Microsoft က ယခင်တုန်းက Windows Setting Menu ထဲမှာပဲ Dark Theme ကို ရရှိအောင်လုပ်ပေးခဲ့တာဖြစ်ပေမယ့် အခု October Update ကြမှ File Explorer ကိုပါ Dark Theme Support ပေးခဲ့တာပါ။

အခုလိုမျိုး Windows 10 က October Update မှာ File Explorer Dark Theme ကို Support ပေးသလိုပဲ Apple ကလည်း MacOS Mojave မှာ Dark Theme ကို စတင်မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအပြင် Google ကလည်း Android Apps တွေက Dark Theme မှာပိုမိုပြီး အသုံးပြုရတာအဆင်ပြေသလို OLED Display စမတ်ဖုန်းတွေအတွက်လည်း Battery စားပိုပြီး သက်သာတယ်လို့ ပြောကြားခဲ့ပြီး Dark Theme ကို Android System App တွေမှာ ရရှိအောင် ဆောင်ရွက်နေပါတယ်။ အဲ့ဒီအတွက် ၂၀၁၈ ခုနှစ်ဟာ Dark Theme တွေပြန်လည်ခေတ်စားတဲ့နှစ်တစ်နှစ်လို့တောင် ပြောလို့ရပါတယ်။

Windows 10 New Light Theme

ဒါပေမယ့် အခုအချိန်မှာ Microsoft က နောက်နှစ်မှာတော့ Light Theme ဘက်ကို ပြန်သွားချင်တဲ့ပုံစံပါပဲ။ ဘာကြောင့်လည်းဆိုရင် အခုနောက်ဆုံးထွက်ရှိလာတဲ့ Windows 10 Test Build မှာ လုံးဝပုံစံပြောင်းသွားတဲ့ Light Theme အသစ်ကိုပါ မိတ်ဆက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုပြောင်းသွားတဲ့ Light Theme ဟာဆိုရင် System Wide Theme ဖြစ်သလို မြင်နေရတဲ့ UI အများစုဟာလည်း လုံးဝကိုအဖြူရောင်ဖြစ်သွားတာပါ။

Windows 10 New Light Theme

Microsoft က အခုလိုမျိုး Light Theme ကိုပဲပြောင်းလဲခဲ့တာမျိုးမဟုတ်ဘဲ Windows 10 ရဲ့ Default Wallpaper ကိုပါ အခု Theme အသစ်နဲ့ လိုက်ဖက်အောင်ပြောင်းလဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် အခုပြောင်းလဲမှုက Windows အသစ်ပြောင်းသွားတာမဟုတ်ပေမယ့် UI ပိုင်း ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရပါတယ်။

Windows 10 Insider Update

အခု Light Theme ကို လာမယ့် ၂၀၁၉ ဧပြီလမှာ Codename 19H1 လို့ အမည်ပေးထားတဲ့ Windows 10 Major Update မှာ ရရှိမှာဖြစ်ပြီးတော့ အခုကစပြီး အဆိုပါ Major Update မှာ ပါဝင်လာမယ့် Feature Update အသစ်တွေကိုအစောဆုံးအသုံးပြုချင်ရင်တော့ Windows Insider အနေနဲ့ အဖွဲ့ဝင်ထားမှပဲရဦးမှာပါ။

Ref : Windows Blog

Zawyè (Akhayar) 

www.akhayar.com