


Forza Horizon 4


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိ Driving Games တွေထဲမှာ အကောင်းဆုံးဂိမ်းတစ်ခုထဲမှာ ပါဝင်တဲ့ Forza Horizon ဟာ အခုနှစ် E3 မှာ ဂိမ်းအသစ် Forza Horizon 4 ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခု Forza Horizon 4 ဂိမ်းအသစ်က PC နဲ့ Xbox One မှာ ဆော့ကစားလို့ ရမှာဖြစ်ပါတယ်။

အခု Forza Horizon 4 ဂိမ်းဟာ ယခင်ဂိမ်းတွေလိုပဲ Arcade Racer ဂိမ်အမျိုးအစားဖြစ်ပြီးတော့ Drive ၊ Drift နဲ့ Britain ရဲ့ မြို့တွေဘေးမှာ ရှိတဲ့ လမ်းတွေကို အလွန်မြန်ဆန်ပြီး ဈေးကြီးတဲ့ ပြိုင်ကားတွေနဲ့ မောင်းနှင်ရမှာပါ။

Forza Horizon 4 ဂိမ်းမှာ အသစ်အနေနဲ့ Dynamic Seasons ပါဝင်လာပြီးတော့ ရာသီဥတုနဲ့ ကားအခြေအနေပေါ်မှုတည်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ နောက်ပြီး အခု Forza Horizon 4 ဂိမ်းဟာ Xbox One X ရဲ့ 4K Power ကိုအပြည့်အဝအသုံးချနိုင်မှာဖြစ်ပါတယ်။

Forza Horizon 4

အခု Forza Horizon 4 ဂိမ်းဟာ လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ Xbox Game Pass Subscribed လုပ်ထားတဲ့သူတွေဆိုရင် အခမဲ့ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com