
Microsoft Notepad



Microsoft Notepad



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ Windows 10 ကို အခုနောက်ပိုင်းမှာ Updates တွေအများအပြားပေးနေပေမယ့် အဆိုပါ Update တွေက Features အသစ်တွေကို ထပ်ပြီး တိုးချဲ့ပေးလိုက်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ Windows သက်တမ်းတလျှောက်မှာ အချိန်အကြာကြီးနေပြီးမှ Notepad ကို Update ပြုလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

Microsoft Notepad

အခု Microsoft ကနေ Notepad ကို Update ပြုလုပ်ပေးလိုက်တာက သာမန် Notepad အနေနဲ့ Notes တွေမှတ်ထားတဲ့သူတွေထက် Development တွေ၊ Logs တွေနဲ့ Simple Text Manipulation ပြုလုပ်တတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး Update ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Coding ပိုင်းဆိုင်ရာမှာ Notepad ကို အသုံးပြုသူတွေအတွက်ကတော့ ပိုပြီး အဆင်ပြေလာမှာပါ။

အခု Update ကြောင့် Notepad ဟာ Unix/Linux Line Endings (LF) တွေမှာ Extended Line Ending Support ကို Support ပြုလုပ်လာပြီးတော့ Macintosh Line Endings (CR) တွေကိုလည်း Support ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် Ctrl Key နဲ့ Mouse Wheel ကို အသုံးပြုပြီးတော့ Zoom In/ Zoom Out ကိုပါ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ နောက်ထပ် Feature တစ်ခုကတော့ Line တွေ၊ Column Numbers တွေနဲ့ Word-wrap လုပ်ထားလားဆိုတာကို သိနိုင်မယ့် Status Bar ပါဝင်တော့မှာဖြစ်ပါတယ်။

Microsoft Notepad

Microsoft ကနေ နောက်ထပ်အနေနဲ့ Ctrl+Backspace ကို အသုံးပြုပြီးတော့ ပြီးခဲ့တဲ့ စာလုံးကို ဖျက်နိုင်တဲ့ Feature ကိုလည်း ထည့်သွင်းလာခဲ့တာပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Notepad က စာတွေကို Right Click ထောက်ပြီး Bing ကနေ တစ်ဆင့် ရှာဖွေနိုင်ဦးမှာဖြစ်ပါတယ်။

အခု Notepad ရဲ့ Feature အသစ်တွေကိုတော့ Microsoft ရဲ့ နောက်ထပ် Major Update တစ်ခုဖြစ်လာမယ့် Codename Redstone 5 မှာ ပါဝင်လာမှာဖြစ်ပြီးတော့ ခန့်မှန်းခြေအရ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ ထွက်ရှိလာမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com