[Zawgyi]

Microsoft Store မွာပစၥည္းလံုးဝျပတ္သြားၿပီျဖစ္တဲ့ Windows စမတ္ဖုန္းမ်ား

ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ Microsoft အေနနဲ႔ ၄င္းတို႔ရဲ႕ Windows စမတ္ဖုန္းေတြဟာ အဆံုးသတ္သြားၿပီျဖစ္ၿပီး ထပ္မံထုတ္လုပ္ဖို႔အတြက္ မျဖစ္ႏိုင္ေတာ့ေၾကာင္း အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းတို႔ရဲ႕ Online Store မွာေတာ့ Windows ဖုန္းအခ်ိဳ႕ကို ဆက္လက္ေရာင္းခ်ေနခဲ့ပါတယ္။

ဒီေန႔မွာေတာ့ Microsoft ရဲ႕ Online Store မွာရွိတဲ့ Windows စမတ္ဖုန္းေတြရဲ႕ အေရအတြက္ဟာ 0(Zero) ျဖစ္သြားပါၿပီ။ Store အေနနဲ႔ Windows ဖုန္းေတြကိုထပ္မံေရာင္းခ်ဖို႔အတြက္ Stock ျဖည့္သြင္းစရာလက္က်န္မရွိေတာ့တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အခုခ်ိန္မွာ HP Elite x3 $299, Alcatel Idol 4s $99.99 ဒါမွမဟုတ္ Idol 4s နဲ႔ VR goggles bundle $169 တို႔ကို အသစ္ဝယ္ယူလို႔မရႏိုင္ေတာ့ပါဘူး။ Microsoft ရဲ႕ Windows ဖုန္းေတြကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ Second Hand အေနနဲ႔ပဲ ဝယ္ယူလို႔ရေတာ့မွာျဖစ္ပါတယ္။

Windows ဖုန္းေတြဟာ ဝယ္လိုမႈအားမ်ားလို႔မဟုတ္ပဲ သံုးစြဲသူေတြအတြက္ အခ်ိန္မီ Update မေပးႏုိင္မႈ၊ Software အသံုးခ်မႈနယ္ပယ္မ်ားနည္းပါးလာမႈ၊ ေစ်းႏႈန္းအရလည္း အျခားၿပိဳင္ဘက္ေတြနဲ႔ ယွဥ္တဲ့အခါမွာ လက္ခံႏိုင္တဲ့အတိုင္းအတာထက္ေက်ာ္လြန္ေနမႈအစရွိတဲ့ျပႆနာေတြရွိေနပါတယ္။
ဒါ့အျပင္ ၄င္းစမတ္ဖုန္းေတြဟာ အျခား Third Party စတိုးေတြမွာေရာက္ရွိေနၿပီး အေရာင္းထိုင္းတဲ့ ဖုန္းေတြအျဖစ္ေနရာယူထားလ်က္ရွိပါတယ္။ အကယ္၍သင္ေရာ ေရြးခ်ယ္ခြင့္ရမယ္ဆိုရင္ Windows ဖုန္းကိုေရြးမလား၊ Android ဒါမွမဟုတ္ iOS ကိုေရြးမလား…

Ref;venturebeat,GSMArena

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Microsoft Store မှာပစ္စည်းလုံးဝပြတ်သွားပြီဖြစ်တဲ့ Windows စမတ်ဖုန်းများ

ပြီးခဲ့တဲ့နှစ်အတွင်းမှာ Microsoft အနေနဲ့ ၎င်းတို့ရဲ့ Windows စမတ်ဖုန်းတွေဟာ အဆုံးသတ်သွားပြီဖြစ်ပြီး ထပ်မံထုတ်လုပ်ဖို့အတွက် မဖြစ်နိုင်တော့ကြောင်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ Online Store မှာတော့ Windows ဖုန်းအချို့ကို ဆက်လက်ရောင်းချနေခဲ့ပါတယ်။

ဒီနေ့မှာတော့ Microsoft ရဲ့ Online Store မှာရှိတဲ့ Windows စမတ်ဖုန်းတွေရဲ့ အရေအတွက်ဟာ 0(Zero) ဖြစ်သွားပါပြီ။ Store အနေနဲ့ Windows ဖုန်းတွေကိုထပ်မံရောင်းချဖို့အတွက် Stock ဖြည့်သွင်းစရာလက်ကျန်မရှိတော့တာကြောင့်ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ HP Elite x3 $299, Alcatel Idol 4s $99.99 ဒါမှမဟုတ် Idol 4s နဲ့ VR goggles bundle $169 တို့ကို အသစ်ဝယ်ယူလို့မရနိုင်တော့ပါဘူး။ Microsoft ရဲ့ Windows ဖုန်းတွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Second Hand အနေနဲ့ပဲ ဝယ်ယူလို့ရတော့မှာဖြစ်ပါတယ်။

Windows ဖုန်းတွေဟာ ဝယ်လိုမှုအားများလို့မဟုတ်ပဲ သုံးစွဲသူတွေအတွက် အချိန်မီ Update မပေးနိုင်မှု၊ Software အသုံးချမှုနယ်ပယ်များနည်းပါးလာမှု၊ ဈေးနှုန်းအရလည်း အခြားပြိုင်ဘက်တွေနဲ့ ယှဉ်တဲ့အခါမှာ လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေမှုအစရှိတဲ့ပြဿနာတွေရှိနေပါတယ်။
ဒါ့အပြင် ၎င်းစမတ်ဖုန်းတွေဟာ အခြား Third Party စတိုးတွေမှာရောက်ရှိနေပြီး အရောင်းထိုင်းတဲ့ ဖုန်းတွေအဖြစ်နေရာယူထားလျက်ရှိပါတယ်။ အကယ်၍သင်ရော ရွေးချယ်ခွင့်ရမယ်ဆိုရင် Windows ဖုန်းကိုရွေးမလား၊ Android ဒါမှမဟုတ် iOS ကိုရွေးမလား…

Ref;venturebeat,GSMArena

Phone Hay Ko (Akhayar)

www.akhayar.com