Microsoft ကနေ သူ့ရဲ့ Windows တွေမှာ Default အနေနဲ့ ပါဝင်တဲ့ Edge Browser ကို Google Chrome Browser Engine ဖြစ်တဲ့ Chromium နဲ့ ပြောင်းလဲဖို့ကို ယခင်ထဲက သတင်းထွက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ ဒီ Chromium ကို အခြေခံထားတဲ့ Edge Browser ကို ထုတ်ပေးလိုက်ပါပြီ။

Microsoft Edge Browser

ဒါပေမယ့် အခုအချိန်မှာထုတ်ပေးလိုက်တဲ့ Chromium Based Edge Browser က Early Test Build တစ်ခုဖြစ်ပြီးတော့ Beta Version တောင်မဟုတ်သေးတဲ့အတွက် Error တွေကတော့ ရှိနေနိုင်ပါသေးတယ်။ အားသာချက်အနေနဲ့တော့ Chromium ကို အသုံးပြုထားတဲ့အတွက် Chrome Web Extension တွေအားလုံးကို သုံးနိုင်မှာလည်းဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီ Edge Browser အသစ်က Limited Language Support ပဲရရှိဦးမှာဖြစ်ပြီးတော့ Spellcheck နဲ့ Media Cast လို Feature တွေလည်းပါဝင်ဦးမှာမဟုတ်ပါဘူး။ နောက်ပြီး Chromium ကို အသုံးပြုထားတယ်ဆိုပေမယ့် Default Search Engine က Bing ပဲဖြစ်နေဦးမှာပါ။

Microsoft Edge Browser

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Chromium ကိုအသုံးပြုလိုက်တဲ့အတွက် Font တွေ သွင်းဖို့နဲ့ တခြားသော အမြန်နှုန်းလိုမျိုး ကိစ္စတွေမှာ အားသာလာနိုင်ပြီး Extension တွေကိုလည်း Chrome Web Store ကနေ ရယူနိုင်တာက သဘောကျဖို့ကောင်းနေပါတယ်။ နောက်ပြီး အခု Version က Test Build ဖြစ်နေသေးပေမယ့် Microsoft က Dark Theme ကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။

Microsoft Edge Browser

ဒီ Chromium ကို အသုံးပြုထားတဲ့ Microsoft Edge Browser ကို အသုံးပြုချင်တယ်ဆိုရင်တော့ ယခု Link ကနေ Sign In ဝင်ပြီး Download ဆွဲ စမ်းကြည့်လို့ရမှာပါ။ ဒါပေမယ့် Error တွေတော့ ရှိနေနိုင်ပါသေးတယ်။

Ref : Engadget