Beta Version အနေနဲ့မဟုတ်တော့ပဲ Play Store မှာ Download ရယူနိုင်ပြီဖြစ်တဲ့ Microsoft Edge Browser

Beta Version အနေနဲ့မဟုတ်တော့ပဲ Play Store မှာ Download ရယူနိုင်ပြီဖြစ်တဲ့ Microsoft Edge Browser






Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Android မှာ အသုံးပြုနိုင်တဲ့ Web Browser တွေမျိုးစုံရှိနေတာဖြစ်ပါတယ်။ အသုံးအများဆုံး Browser တွေကိုပြောပါဆိုရင် Google Chrome နဲ့ Opera Browser တွေပဲရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Microsoft ကနေ Edge Browser ကို Android အတွက်ထုတ်ပေးခဲ့ပြီး အဲ့ဒီအချိန်တုန်းကတော့ Preview အနေနဲ့ပဲ Beta Version ကို အသုံးပြုလို့ရခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက Microsoft Edge Browser ကို အသုံးပြုဖို့အတွက် Windows 10 Insider ဖြစ်နေဖို့လိုအပ်သလို Register ပြုလုပ်ထားဖို့ပါ လိုအပ်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google Play Store မှာပဲ Stable Version ကို အလွယ်တကူ Download ရယူနိုင်နေပြီဖြစ်ပါတယ်။

Microsoft Edge Browser ဟာဆိုရင် Interface ရိုးရှင်းပြီး အမြန်နှုန်းကလည်း Google Chrome ထက်တောင် မြန်ဆန်တယ်လို့ ပြောလို့ရပါသေးတယ်။

Microsoft Edge Browser မှာ အမြန်နှုန်းအပြင် နောက်ထပ်အားသာချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ ကွန်ပျူတာမှာ Windows 10 Fall Creator Update ကို အသုံးပြုနေတယ်ဆိုရင် ဖုန်းက Edge Browser မှာ ကြည့်ရှုနေတဲ့ Website ကို ချက်ခြင်း ကွန်ပျူတာကို ပေးပို့နိုင်တဲ့ Continue On PC Feature ပါဝင်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီအချက်က ဖုန်းနဲ့ကွန်ပျူတာကြား အင်တာနက်သုံးတဲ့နေရာမှာ သိသိသာသာမြန်ဆန်စေမှာပါ။

တကယ်လို့ Microsoft Edge Browser ကို အသုံးမပြုကြည့်ရသေးရင် အခုပဲ ဒီ Link မှာ Download လုပ်လို့ရပါတယ်။

Zawyè (Akhayar) 

www.akhayar.com