Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Microsoft က ထုတ်လုပ်ထားတဲ့ Edge Browser ဟာ Android မှာ အသုံးပြုမှုအနည်းဆုံး Browser တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အဲ့ဒါကလည်း Edge Browser က မကောင်းတာကြောင့်မဟုတ်ပဲ Google Chrome Browser က သိသိသာသာကို ပိုပြီးကောင်းမွန်နေတာကြောင့်ဖြစ်ပါတယ်။
Microsoft Edge Browser
အခုအချိန်မှာတော့ Microsoft ကနေ Mobile Devices တွေအတွက် Edge Browser ကို Update တစ်ခုလုပ်ပေးလိုက်ပြီးတော့ အဲ့ဒါကတော့ ကြော်ငြာတွေကို Block ပြုလုပ်ပေးနိုင်တဲ့ Ads Block Feature ပဲဖြစ်ပါတယ်။
အခု ကြော်ငြာတွေကို ဖယ်ရှားတဲ့ Feature ကို အသုံးပြုဖို့ကတော့ Settings – Block Content Menu ကနေ Adblock Plus ကို On ၊ Off ပြုလုပ်ထားလို့ရပါတယ်။ အခုကြော်ငြာတွေကို Block လုပ်တာက Browser မှာ တပါတည်းပါဝင်တာဖြစ်တဲ့အတွက် ပိုပြီး အဆင်ပြေတယ်လို့ သိရပါတယ်။
Microsoft Edge Browser
Adblock Plus ဟာ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ရှိခဲ့တဲ့ Eyeo ကုမ္ပဏီကနေ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးတော့ အခုလိုမျိုး Adblock Plus ပါဝင်လာတဲ့အတွက် ပိုပြီး အသုံးပြုရတာအဆင်ပြေလာမှာဖြစ်ပါတယ်။
Zawyè (Akhayar) 
www.akhayar.com