Windows 10
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Microsoft ဟာ အခုနှစ်အတွက် ပထမဆုံးသော Windows 10 Major Update ဖြစ်တဲ့ Codename Redstone 4 ကို ပြီးခဲ့တဲ့ ဧပြီရယ်လ ၁၀ ရက်နေ့က ထုတ်လုပ်ဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Update မထုတ်ပေးခင် အချိန်အတွင်းမှာ အခု Windows 10 Major Update ကို ေခတ္တရွေ့ဆိုင်းလိုက်ရပါတယ်။
Windows 10
Microsoft ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Dona Sakar ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Windows Update ဟာ ကွန်ပျူတာတွေအပေါ်ကို Blue Screen of Death လို့ ခေါ်တဲ့ Screen အပြာရောင်ဖြစ်ပြီး Crash ဖြစ်နိုင်ခြေများပြားနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Microsoft ကနောက်ပိုင်းမှာ Update အသစ်ထုတ်ပြီး ပြန်လည်ပြင်ဆင်ထားတဲ့ လုံးဝရွေ့ဆိုင်းလိုက်ပြီး အခုဖြစ်နေတဲ့ Error ကို ကြိုတင်ပြင်ဆင်ပြီးမှ ပြန်လည်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
အခု Windows 10 ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Version 17134 ဟာ Windows Insider Fast Ring မှာ အသုံးပြုနေနိုင်ပြီဖြစ်ပြီးတော့ Slow Ring နဲ့ Stable Update တွေကို မကြာခင် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာတော့ Windows 10 ရဲ့ Major Update Version ကို အသုံးပြုနိုင်တော့မှာပါ။
Microsoft ဟာ အခု Major Update နာမည်ကို အစက Spring Creators Update လို့ နာမည်ပေးဖို့ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ Window 10 April 2018 Update လို့ပဲပေးသွားမှာဖြစ်ပြီးတော့ Codename အနေနဲ့ Redstone 4 လို့ ပေးထားတာပဲဖြစ်ပါတယ်။
Windows 10 Timeline Feature
အခု Windows 10 Update မှာ Timeline Feature ၊ HDR Support ၊ Fluent Design Changes တွေ အဓိကပါဝင်လာမှာပဲဖြစ်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com