Microsoft ဟာ Surface ဖုန္းအသစ္ကုိ ျပန္လည္ ထုတ္လုပ္ဖုိ႔အတြက္ အရိပ္အျမြက္ ေျပာခဲ့ပါတယ္။ ယခင္ကေတာ့ CEO ျဖစ္သူ Satya Nadella က ၂၀၁၇ ခုႏွစ္မွာ Microsoft ရဲ႕ Mobile ပစၥည္းသစ္ကုိ ထုတ္လုပ္ဖုိ႔အတြက္ ျငင္းဆန္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဒီသတင္းပတ္အတြင္း Nadella က အင္တာဗ်ဴးတစ္ခုမွာ ဖုန္းသစ္အေၾကာင္းကုိ အေလးေပးေျပာၾကားခဲ့ပါတယ္။ “…ေျပာရာမယ္ဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႔ ဖုန္းေတြ ထပ္မံ ထုတ္လုပ္သြားဦးမွာပါ။ ဒါေပမယ့္ ဒီဖုန္းေတြက ဒီေန႔ေခတ္နဲ႔ တူညီမွာ မဟုတ္ပါဘူး” လုိ႔ ဆုိခဲ့ပါတယ္။

ဒါဟာဆုိရင္ ေျပာၾကားတဲ့အထဲမွာ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ အခ်က္တစ္ခ်က္လည္း ျဖစ္ၿပီး Microsoft အေနနဲ႔ Hardware တစ္ခုခုကုိ ဒီႏွစ္ထဲမွာ ထုတ္လုပ္ဖုိ႔ စီစဥ္ေနတဲ့ သတင္းေတြကုိပုိမုိ ထင္ရွားသြားေစခဲ့ပါတယ္။

Surface လုိင္းမွာ ေအာင္ျမင္မႈေတြ ရဖုိ႔ ၾကံေဆာင္ေနတဲ့ Microsoft အေနနဲ႔ Surface Book, Surface Pro, Surface Studio တုိ႔ရဲ႕ ေနာက္ Surface Laptop ကုိ ပါထုတ္လုပ္ထားပါတယ္။

Surface Laptop ဟာ MacBook နဲ႔ MacBook Ari ပစၥည္းေတြနဲ႔ ေစ်းႏႈန္းခ်င္းတူတဲ့အျပင္ ပံုစံအရလည္း  ထပ္တူညီတာေၾကာင့္ တုိက္ရုိက္ယွဥ္ၿပိဳင္ဖုိ႔အတြက္ ထုတ္လုပ္ခဲ့ပံုရပါတယ္။ တျခားဖုန္းေတြနဲ႔ မတူညီေအာင္ထုတ္လုပ္မယ္လုိ႔ ေျပာၾကားခဲ့ပံုအရ ဖုန္းမွာ AR ေတြ Flexible Display ေတြနဲ႔ တျခားနည္းပညာသစ္ေတြကုိ ထည့္သြင္းဖုိ႔ ႀကိဳးပမ္းေနတယ္လုိ႔ သတင္းေတြက ဆုိပါတယ္။

Joker (Akhayar)

Ref: Forbes

============

Surface ဖုန်းသစ်အတွက် အစီအစဉ်ကို Microsoft အတည်ပြု

Microsoft ဟာ Surface ဖုန်းအသစ်ကို ပြန်လည် ထုတ်လုပ်ဖို့အတွက် အရိပ်အမြွက် ပြောခဲ့ပါတယ်။ ယခင်ကတော့ CEO ဖြစ်သူ Satya Nadella က ၂၀၁၇ ခုနှစ်မှာ Microsoft ရဲ့ Mobile ပစ္စည်းသစ်ကို ထုတ်လုပ်ဖို့အတွက် ငြင်းဆန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီသတင်းပတ်အတွင်း Nadella က အင်တာဗျူးတစ်ခုမှာ ဖုန်းသစ်အကြောင်းကို အလေးပေးပြောကြားခဲ့ပါတယ်။ “…ပြောရာမယ်ဆိုရင်တော့ ကျွန်တော်တို့ ဖုန်းတွေ ထပ်မံ ထုတ်လုပ်သွားဦးမှာပါ။ ဒါပေမယ့် ဒီဖုန်းတွေက ဒီနေ့ခေတ်နဲ့ တူညီမှာ မဟုတ်ပါဘူး” လို့ ဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ပြောကြားတဲ့အထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်လည်း ဖြစ်ပြီး Microsoft အနေနဲ့ Hardware တစ်ခုခုကို ဒီနှစ်ထဲမှာ ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ သတင်းတွေကိုပိုမို ထင်ရှားသွားစေခဲ့ပါတယ်။

Surface လိုင်းမှာ အောင်မြင်မှုတွေ ရဖို့ ကြံဆောင်နေတဲ့ Microsoft အနေနဲ့ Surface Book, Surface Pro, Surface Studio တို့ရဲ့ နောက် Surface Laptop ကို ပါထုတ်လုပ်ထားပါတယ်။

Surface Laptop ဟာ MacBook နဲ့ MacBook Ari ပစ္စည်းတွေနဲ့ စျေးနှုန်းချင်းတူတဲ့အပြင် ပုံစံအရလည်း  ထပ်တူညီတာကြောင့် တိုက်ရိုက်ယှဉ်ပြိုင်ဖို့အတွက် ထုတ်လုပ်ခဲ့ပုံရပါတယ်။ တခြားဖုန်းတွေနဲ့ မတူညီအောင်ထုတ်လုပ်မယ်လို့ ပြောကြားခဲ့ပုံအရ ဖုန်းမှာ AR တွေ Flexible Display တွေနဲ့ တခြားနည်းပညာသစ်တွေကို ထည့်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

Joker (Akhayar)

Ref: Forbes