Microsoft CEO Satya Nadella ကို Starbucks ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် လျာထား

Satya Nadella ဟာ Starbucks ဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီ Microsoft ရဲ့ CEO ဟာ ဘုတ်အဖွဲ့ဝင်အဖြစ် လျာထားခံရတဲ့ သုံးယောက်ထဲက တစ်ယောက် ဖြစ်ပြီး အကယ်၍ ရှယ်ယာရှင်တွေကသာ သဘောတူမယ်ဆိုရင် Starbucks ရဲ့ ဘုတ်အဖွဲ့ဝင်ဦးရေဟာ  ၁၄ ယောက်ထိ ရှိလာမှာ ဖြစ်ပါတယ်။

International Operations နဲ့ Distribution နယ်ပယ်ထဲက Nadella ရဲ့ တန်ဖိုးရှိတဲ့ အတွေးအမြင်တွေ အတွေ့အကြုံတွေအတွက် သူ့ကို ကမ်းလှမ်းခဲ့တာလို့ Starbucks က ပြောကြားခဲ့ပါတယ်။ တကယ်လည်း သူ့ရဲ့ စွမ်းဆာင်ရည်ဟာ Starbucks ရဲ့ နည်းပညာပိုင်းကို အထောက်အပံ့ဖြစ်စေမှာပါ။ Nadella ဟာ အိန္ဒိယနိုင်ငံ Hyderabad မြို့မှာ မွေးဖွားခဲ့ပြီး  Microsoft ရဲ့ ထိပ်ပိုင်းရာထူးကို ကမ်းလှမ်းခံခဲ့ရကာ ဖေဖော်ဝါရီ ၂၄ မှာ စတင်တာယန ရောက်ရှိခဲ့တာပါ။

Nadella ရဲ့ အပြောအရတော့ “Starbucks ကို အမြဲသောက်နေကျ ဖောက်သည်တစ်ယောက်အနေနဲ့ သူ့ရဲ့ ဖောက်သည်တွေနဲ့ လူမှုပတ်ဝန်းအကျင်ပေါ်ထားတဲ့ ကုမ္ပဏီရဲ့ ဦးတည်ချက်ကိုရော၊ စိတ်အားထက်သန်မှုကိုရော အမြဲသဘောကျခဲ့တာပါ။ ကျွန်တော့်ရဲ့ နည်းပညာနယ်ပယ်ထဲက အတွေ့အကြုံတွေဟာ ကုမ္ပဏီရဲ့ တန်ဖိုးတစ်ခုဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုထားပါတယ်။

 

You May Also Like : “Xiaomi ရဲ့ Vice President “Hugo Barra” ကို Facebook အတွက် Zuckerberg ခေါ်ယူ

 

သူနဲ့ အတူ လျာထားခံရတဲ့ နောက်ထပ်နှစ်ယောက်ကတော့ Lego ရဲ့ Executive Chairman Jørgen Vig Knudstorp နဲ့ Walmart က ပိုင်ဆိုင်တဲ့ Sam’s Club ရဲ့ ဥက္ကဌလည်းဖြစ်၊ CEO လည်း ဖြစ်တဲ့ Rosalind Brewer တို့ပဲ ဖြစ်ပါတယ်။

“ယခုလို ပိုနေမြဲ ကျားနေမြဲအခြေအနေကို ပြောင်းလဲပစ်ဖို့ ဆန်းသစ်တီထွင်မှုများနဲ့ တွန်းအားပေးမှုများဟာလည်း ကျွန်တော်တို့ Starbucks ရဲ့ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ကမ္ဘာ့အဆင့်ရှိ၊ တန်းမြင့် ခေါင်းဆောင်တွေကို ဘုတ်အဖွဲ့အတွင်း နေရာပေးကြိုဆိုခြင်း အားဖြင့် ယခုလို မကြုံစဖူးအပြောင်းအလဲများနေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုကို ခိုင်ခံ့စေမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ နည်းပညာ၊နည်းဗျူဟာနဲ့ လက်လီအရောင်းပိုင်းတွေမှာလည်း ပိုမိုကျွမ်းကျင်မှုတွေ ပေါင်းထည့်နိုင်မှာ ဖြစ်ပါတယ်” လို့ Starbucs ရဲ့ Chairman နဲ့ CEO ဖြစ်တဲ့ Howard Schultz က ပြောကြားခဲ့ပါတယ်။

Starbucks ရဲ့  မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် နှစ်ပတ်လည်ရှယ်ယာရှင်အစည်းအဝေးမှာတော့ ဒီကိစ္စအတွက် အတည်ပြုချက်ထွက်လာမှာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

Yoe Lu (Akhayar)

www.akhayar.com

Ref : Techcrunch

Photocredit : Windows Central