Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Microsoft လို့ ဆိုလိုက်တာနဲ့ PC Hardware တွေ၊ Windows နဲ့ MS Office လိုမျိုး Software တွေ ထုတ်တဲ့နေရာမှာ လူသိများတဲ့ကုမ္ပဏီတစ်ခုပါ။ ဒါပေမယ့် မနေ့ညက ကျင်းပသွားခဲ့တဲ့ Surface Hardware Event မှာ Microsoft က ပုံမှန်ကနေခွဲထွက်ခဲ့တဲ့ Product တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။
Microsoft Surface Headphones
အဲ့ဒါကတော့ Surface Headphones ပဲဖြစ်ပြီးတော့ မနေ့က ကြေညာသွားတဲ့ Surface Pro 6 ၊ Surface Studio 2 နဲ့ Surface Laptop 2 တွေအပြင် မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Light Gray အရောင်နဲ့ပဲ ရရှိနိုင်မှာဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အခု Over-Ear Wireless Surface Headphones ဟာ Premium Sound Quality ကိုပေးစွမ်းနိုင်မယ့်အပြင် အသုံးပြုသူတွေကိုယ်တိုင် ဘယ်လောက် Noise Canceling လုပ်ချင်သလဲဆိုတာကအစ စိတ်ကြိုက်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Noise-Canceling Feature ကို ပြင်ဆင်ဖို့ကလည်း ဘယ်ဘက် Ear Cup က Dial ကို လှည့်လိုက်ရုံပါပဲ။
Microsoft Surface Headphones
Microsoft က အခု Surface Headphones မှာ ပုံမှန် ညာဘက် Ear Cup က Dial ကို လှည့်ပြီး Volume အတိုးအလျော့လုပ်တာအပြင် Sony WH-1000XM3 လိုမျိုး Ear Cup အပေါ်ကကနေ Gestures တွေကို အသုံးပြုပြီး Play ၊ Pause ၊ Skip Track တွေကို ပြုလုပ်နိုင်ဦးမှာပါ။ ဒါ့အပြင် Microsoft ရဲ့ Cortana Assistant ပါဝင်မှာဖြစ်ပြီး USB-C ကနေ အားပြန်သွင်းရမှာဖြစ်ပါတယ်။ အသုံးပြုတဲ့နေရာမှာတော့ Bluetooth နဲ့ဆိုရင် Battery Life က ၁၅ နာရီရှိမှာဖြစ်ပြီး Headphone Jack ကနေ နားထောင်မယ်ဆိုရင်တော့ နာရီ ၅၀ ကြာရှည်ခံမှာဖြစ်ပါတယ်။ အားပြန်သွင်းမယ်ဆိုရင်လည်း ၂ နာရီအတွက် အားပြန်သွင်းနိုင်မှာပါ။
Microsoft ရဲ့ ပြောကြားချက်အရတော့ အခု Surface Headphones ဟာ လုံးဝအံ့အားသင့်ဖို့ကောင်းတဲ့ Sound Quality ကို ဖန်တီးပေးမှာဖြစ်ပြီး Ambient Noise Control Level ကိုလည်း 13 Levels အထိ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Noise Canceling နဲ့ အကောင်းဆုံးသော Call Experience တွေအတွက် Beam-forming Microphone ၂ ခုစီနဲ့ စုစုပေါင်း Microphone ၈ လုံးထည့်သွင်းပေးထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
Microsoft Surface Headphones
Microsoft ရဲ့ ယခု Surface Headphones တွေဟာ ၃ နှစ်ကြာ Develop ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအကောင်းဆုံး Noise-Canceling Headphones တွေဖြစ်တဲ့ Sony နဲ့ Bose တို့ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com