
Microsoft CEO


Microsoft News



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ရဲ့ MSN ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်တုန်းထဲက Windows နဲ့ Microsoft Edge ကို အသုံးပြုနေတဲ့သူတွေဆိုရင် သိကြမှာပါ။ အခုအချိန်မှာတော့ Microsoft ကနေ MSN News ကို ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။

Microsoft CEO

အခုလိုမျိုး MSN News ကို ဖျက်သိမ်းလိုက်ပြီးတော့ MSN နေရာမှာ Microsoft News နာမည်နဲ့ iOS နဲ့ Android App တွေကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ Microsoft News ရဲ့ Editor-in-chief ဖြစ်တဲ့ Rob Bennett ရဲ့ ပြောကြားချက်အရတော့ အခု Microsoft News က Microsoft Edge ၊ Windows 10 ၊ Skype ၊ Xbox နဲ့ Outlook.com တို့က News App မှာလည်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft News

လက်ရှိအချိန်မှာ Microsoft ကနေ Premium Publishers ပေါင်း ၁၀၀၀ ရှိနေပြီးတော့ Brands ပေါင်း ၃၀၀၀ ကျော်ရဲ့ သတင်းတွေကို AI နဲ့ လူသား Editor တွေကို အသုံးပြုပြီးတော့ Microsoft News ကို အသုံးပြုသွားတယ်လို့ သိရပါတယ်။ Microsoft ရဲ့ AI ဟာဆိုရင် Content ပေါင်း ၁ သိန်းကျော်ကို နေ့စဉ်စစ်ဆေးနေပြီးတော့ လူသား Editor ပေါင်း အယောက် ၈၀၀ ကျော်ကိုလည်း Top Stories တွေကို စာဖတ်သူတွေကို Update အဖြစ်ဆုံး သတင်းတွေပေးနိုင်အောင်စီစစ်ပေးနေတာဖြစ်ပါတယ်။

အခု ဒီဇိုင်းပြောင်းလဲထားတဲ့ Microsoft News App ဟာ အခုအချိန်မှာ iOS နဲ့ Android မှာ ရရှိနေပြီးဖြစ်ပြီးတော့ Dark Mode၊ Continuous Reading နဲ့ Breaking News Alert Feature တွေပါဝင်တဲ့အတွက် တော်တော်လေးကို ကောင်းတဲ့ News App တစ်ခုလို့ ပြောလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com