
Microsoft OneDrive







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ သူရဲ့ Online Storage ဖြစ်တဲ့ OneDrive အပေါ်ကို ယခင်က WannaCry လိုမျိုး Ransomware Virus တွေကနေ ကာကွယ်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းလာခဲ့ပါတယ်။ အခု Feature အသစ်တစ်ခုကတော့ Files Restore Feature ပဲဖြစ်ပြီး အခု Feature ဟာ OneDrive မှာ Files တွေကို မတော်တဆဖျက်မိသွားတယ်ဆိုရင် ပြန်လည် Restore လုပ်နိုင်မှာဖြစ်ပါတယ်။

Microsoft OneDrive

Microsoft က File Restore Feature ကို Local PC တွေမှာ သိမ်းထားတဲ့ Files တွေကို Ransomware Virus မတော်တဆတိုက်ခိုက်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီးတော့ မတော်တဆ Files တွေ ပျက်သွားခဲ့ရင်တောင်မှ ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Feature ဟာ Office 365 အသုံးပြုသူတွေပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ရက် ၃၀ အတွင်း မှားဖျက်မိတဲ့ Files တွေကို ပြန်လည် Restore ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Microsoft ရဲ့ အခု Files Restore Feature ဟာ ဘယ်လောက်အထိ အဆင့်မြင့်သလဲဆိုရင် တကယ်လို့ Cloud ပေါ်က Files တွေအများအပြားကို တကြိမ်ထဲနဲ့ ဖျက်ပစ်တာကို တွေ့ရှိတယ်ဆိုရင် Microsoft ကနေ အသုံးပြုသူတွေကို Email ဒါမှမဟုတ် Mobile / Desktop Notification ပေးပို့ပြီးတော့ Ransomware မတိုက်ခိုက်ခံရခင် အချိန်ကို ပြန်လည်ပြီး Restore ပြုလုပ်နိုင်တဲ့ Recovery Process ကို ပြုလုပ်စေမှာဖြစ်ပါတယ်။ ဒါက လက်ရှိ ဘယ် Cloud Storage Service တွေမှာမှ မရရှိနိုင်သေးတဲ့ Service တစ်ခုဖြစ်ပြီးတော့ OneDrive က သင့်ရဲ့ Files တွေကို အလုံခြုံဆုံးသိမ်းထားနိုင်မယ့် Cloud Storage တစ်ခုဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ Microsoft ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါသေးတယ်။

OneDrive Files Restore Feature

အခုလိုမျိုး လုံခြုံရေး Feature တွေအပြင် Microsoft က File တွေနဲ့ Folder တွေ Share တဲ့အချိန်မှာလည်း Password ထားပြီး Sharing ပြုလုပ်နိုင်တဲ့ Function ကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။ အဲ့ဒီအတွက် File ဒါမှမဟုတ် Folder တစ်ခုကို Share ပေးလိုက်ပေမယ့် အခြားတစ်ယောက်က Download Link ကို ရယူပြီး Download ပြုလုပ်နိုင်တာမျိုး ရှိမှာမဟုတ်တော့ပါဘူး။

နောက်ထပ်လည်း Microsoft ရဲ့ Mail Service တစ်ခုဖြစ်တဲ့ Outlook.com ကိုလည်း Email ကို ပိုပြီးလုံခြုံအောင် Encrypted လုပ်ပေးနေပြီဖြစ်ပါတယ်။ အခု Feature ကိုလည်း Office 365 အသုံးပြုသူတွေပဲရရှိသေးတာဖြစ်ပြီးတော့ Message တစ်ခုချင်းစီအလိုက် Encryption ကို Enable လုပ်ထားနိုင်မှာပါ။ တကယ်လို့ Email တွေထဲမှာလည်း Social Security Numbers တွေပါဝင်တယ်ဆိုရင်လည်း Encrypt လုပ်ဖို့ အကြံပေးသွားဦးမှာဖြစ်ပါတယ်။

Microsoft ရဲ့ ယခု Files Restore ၊ Ransomware Protection နဲ့ Outlook.com Encryption Service တွေဟာ ယနေ့ကစတင်ပြီးတော့ ရရှိနိုင်ပြီဖြစ်ပြီးတော့ Password Protected OneDrive Link တွေကတော့ လာမယ့်ရက်သတ္တပတ်တွေမှ ရရှိမယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com