[Zawgyi] 




Ref: Venturebeat

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

GitHub ကို $7.5 Billion နဲ့ဝယ်ယူဖို့ အတည်ပြုလိုက်တဲ့ Microsoft

Microsoft က GitHub ကို $7.5 Billion နဲ့ဝယ်ယူဖို့ သဘောတူညီလိုက်ပါပြီ။ မဝယ်ခင်ကတည်းက Microsoft နဲ့ပတ်သက်တဲ့ သတင်းတွေထွက်နေခဲ့ပေမယ့် သေချာမသိခဲ့ရပါဘူး။ အခုတော့ ဝယ်ယူမယ့်ကိုစ္စကသေချာသွားပါပြီ။ GitHub ဆိုတာကတော့ ၂၀၀၈ ခုနှစ် San Francisco မှာစတင်တည်ထောင်ခဲ့ပြီး Developer တွေ အခမဲ့သုံးနိုင်တဲ့ Open Source Libraries ကြီးပါ။ 

Microsoft ရဲ့ပြောကြားချက်အရ GitHub က Developer ဦးစားပေးအနေနဲ့ရှိနေဦးမှာဖြစ်ပြီး Platform ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာနဲ့ဆက်လက်လည်ပတ်နေဦးမယ်လို့ သိရပါတယ်။ “Microsoft က Developer တွေကိုဦးစားပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ GitHub နဲ့ပူးပေါင်းတာက Developer တွေရဲ့လွတ်လပ်မှု၊ ပွင့်လင်းမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေအတွက်ဖြစ်တယ်” လို့ Microsoft CEO Stya Nadella ကဆိုပါတယ်။ 

GitHub က Developer တွေအတွက်တော့ တန်ဖိုးရှိတဲ့ Code-hosting Repository တစ်ခုပါ။ Developer တော်တော်များများကတော့ GitHub က Microsoft လက်အောက်ရောက်သွားတဲ့အချက်ကို သိပ်သဘောမကျကြပါဘူး။ GitHub မှာလည်း CEO နေရာလွတ်နေတာကြောင့် Cofounder ဖြစ်တဲ့ Chris Wanstrath က အခုလို Microsoft ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။ GitHub က Microsoft ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတာကြောင့် Microsoft Corporate VP ဖြစ်တဲ့ Nat Friedman က GitHub ရဲ့ CEO အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ Cofounder ဖြစ်တဲ့ Wanstrath ကတော့ ဆက်လက်ပါဝင်နေဦးမှာဖြစ်ပေမယ့် GitHub ကတော့ Microsoft ရဲ့အစီအစဉ်အောက်မှာပဲ ရှိနေမှာပါ။ 

Ref: Venturebeat

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။