
Microsoft Surface Pro

အခုသတင်းက WinFuture.de Website ကနေ အဓိကပေါက်ကြားလာခဲ့တာဖြစ်ပြီး သူတို့ရဲ့ အဆိုအရတော့ အဆိုပါ ဒေါ်လာ ၄၀၀ တန် Surface Tablet က Intel ကနေ လက်ရှိထွက်ရှိထားတဲ့ Core i3 ၊ i5 တွေကို အသုံးပြုမှာမဟုတ်ဘဲ သူ့ထက်နိမ့်တဲ့ Pentium Processor တွေကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft Surface Pro



Microsoft Surface Pro


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ ပြီးခဲ့တဲ့လပိုင်းထဲက Apple ရဲ့ ဈေးနှုန်းသက်သာတဲ့ iPad တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင် Surface Tablets တွေထုတ်လုပ်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ သတင်းတွေကမှန်ကန်ပြီးတော့ အဆိုပါ Microsoft Surface Tablet အသစ်မှာ အသုံးပြုလာနိုင်တဲ့ Processor သတင်းတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။

Microsoft Surface Pro

အခုသတင်းက WinFuture.de Website ကနေ အဓိကပေါက်ကြားလာခဲ့တာဖြစ်ပြီး သူတို့ရဲ့ အဆိုအရတော့ အဆိုပါ ဒေါ်လာ ၄၀၀ တန် Surface Tablet က Intel ကနေ လက်ရှိထွက်ရှိထားတဲ့ Core i3 ၊ i5 တွေကို အသုံးပြုမှာမဟုတ်ပဲ သူ့ထက်နိမ့်တဲ့ Pentium Processor တွေကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft Surface Pro

အစောပိုင်း Bloomberg ရဲ့ သတင်းပို့ချက်အရလည်း အဆိုပါ Microsoft Surface Tablet က FCC မှာ စစ်ဆေးမှုခံယူပြီးပြီဖြစ်ပြီး 10″ Display ၊ Rounded Corners ၊ USB Type C Charging စနစ်နဲ့ လက်ရှိ Surface Tablet တွေရဲ့ အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းပိုပြီး ပေါ့ပါးမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှ WinFuture.de ကနေ ထွက်ပေါ်လာတဲ့သတင်းတွေအရ Microsoft ရဲ့ ဒေါ်လာ ၄၀၀ တန် Surface Tablet က အနိမ့်ဆုံးအနေနဲ့ Processor ကို Intel Pentium Silver N5000 Processor ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုပြီးဈေးကြီးတဲ့ Surface Tablet Version ကတော့ Intel Pentium Gold 4410Y ဒါမှမဟုတ် Intel Pentium Gold 4415Y Processor တွေကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft Surface Pro

Microsoft ကိုယ်တိုင်ကတော့ ယခုလိုမျိုး ဈေးသက်သာတဲ့ Surface Tablet ကို ပြုလုပ်နေတယ်ဆိုတာကို လက်ရှိအချိန်အထိ အတည်ပြုပေးခြင်းမရှိသေးပေမယ့် ယခင်ကလည်း ဈေးသက်သာတဲ့ Surface 3 Tablet ကို ထုတ်ပေးခဲ့ဖူးတဲ့အတွက် အခု ဒေါ်လာ ၄၀၀ တန် Surface Tablet က မကြာခင်ထွက်ရှိလာနိုင်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com