[Zawgyi]

ဗလင္စီယာအသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ ဘတ္႐ႈ၀ါရီ Batshuayi

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မႈး ဘတ္႐ႈ၀ါရီ Batshuayi ဟာ စပိန္လာလီဂါကလပ္ ဗလင္စီယာအသင္းကို ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ဘတ္႐ႈ၀ါရီ Batshuayi ဟာ ဗလင္စီယာအသင္းကို တစ္ရာသီအငွားနဲ႔ေျပာင္းေရႊ႕ခဲ႔တာပဲျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ မိုရာတာ Morata ၊ ဂ်႐ူး Giroud တို႔ေၾကာင္႔ ဘတ္႐ႈ၀ါရီ Batshuayi ဟာ ခ်ယ္လ္ဆီးအသင္းမွာ ပြဲထြက္ခြင္႔ရဖို႔ခက္ခဲေနသူပါ။ ဒီလိုအေနအထားေတြေၾကာင္႔ ဘတ္႐ႈ၀ါရီ Batshuayi ဟာ အသင္းေျပာင္းေရႊ႕ခဲ႔တာပဲျဖစ္ပါတယ္။

Batshuayi

Batshuayi

ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက ဘတ္႐ႈ၀ါရီ Batshuayi ဟာ ေဒါ႔မြန္အသင္းမွာ ရာသီ၀က္အငွားနဲ႔သြားေရာက္ ကစားခဲ႔သူျဖစ္ျပီး ေျခစြမ္းျပကစားႏိုင္ခဲ႔ကာ သြင္းဂိုး(၉)ဂိုးသြင္းယူခဲ႔ပါတယ္။ အခုလိုဆက္တိုက္ အငွားခ်ျခင္းကိုခံေနရတာေၾကာင္႔ ဘတ္႐ႈ၀ါရီ Batshuayi ရဲ႕ ခ်ယ္လ္ဆီးအသင္းအနာဂတ္ဟာ စိတ္၀င္စားစရာျဖစ္လာခဲ႔ပါတယ္။ အသက္(၂၄)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဘတ္႐ႈ၀ါရီ Batshuayi ဟာ ခ်ယ္လ္ဆီးအသင္းကို ၂၀၁၆ ခုႏွစ္က မာေဆးလ္အသင္းကေန ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး လက္ရိွအခ်ိန္ထိ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲေပါင္း(၅၃)ပြဲကစားထားကာ သြင္းဂိုး(၁၉)ဂိုးသြင္းယူထားပါတယ္။ ဘတ္႐ႈ၀ါရီ Batshuayi အေနနဲ႔ ဗလင္စီယာအသင္းမွာ ေျခစြမ္းျပကစားႏိုင္မလားဆိုတာကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားရမွာပဲ ျဖစ္ပါတယ္။

REF: BBC Sport
Photo: SPORTbible , Bundesliga
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗလင်စီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ရှုဝါရီ Batshuayi

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှုး ဘတ်ရှုဝါရီ Batshuayi ဟာ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘတ်ရှုဝါရီ Batshuayi ဟာ ဗလင်စီယာအသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှာ မိုရာတာ Morata ၊ ဂျရူး Giroud တို့ကြောင့် ဘတ်ရှုဝါရီ Batshuayi ဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ခက်ခဲနေသူပါ။ ဒီလိုအနေအထားတွေကြောင့် ဘတ်ရှုဝါရီ Batshuayi ဟာ အသင်းပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။

Batshuayi

Batshuayi

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘတ်ရှုဝါရီ Batshuayi ဟာ ဒေါ့မွန်အသင်းမှာ ရာသီဝက်အငှားနဲ့သွားရောက် ကစားခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ကာ သွင်းဂိုး(၉)ဂိုးသွင်းယူခဲ့ပါတယ်။ အခုလိုဆက်တိုက် အငှားချခြင်းကိုခံနေရတာကြောင့် ဘတ်ရှုဝါရီ Batshuayi ရဲ့ ချယ်လ်ဆီးအသင်းအနာဂတ်ဟာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဘတ်ရှုဝါရီ Batshuayi ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၆ ခုနှစ်က မာဆေးလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၅၃)ပွဲကစားထားကာ သွင်းဂိုး(၁၉)ဂိုးသွင်းယူထားပါတယ်။ ဘတ်ရှုဝါရီ Batshuayi အနေနဲ့ ဗလင်စီယာအသင်းမှာ ခြေစွမ်းပြကစားနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

REF: BBC Sport
Photo: SPORTbible , Bundesliga
Ko Kyue(Akhayar)
www.akhayar.com