[Zawgyi]

ျပင္းထန္တဲ့ ဦးေခါင္းဒဏ္ရာေၾကာင့္ ေဆး႐ုံကုိ တင္ပုိ႔ခဲ့ရတဲ့ အဲဗာတန္ေနာက္ခံလူ Michael Keane

အဲဗာတန္အသင္းေနာက္ခံလူ မုိက္ကယ္ကိန္း Michael Keane ဟာ ဘုန္းေမာက္နဲ႔ ကစားခဲ့တဲ့ပဲြမွာ ဦးေခါင္းဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိခဲ့လုိ႔ ေဆး႐ုံကုိ အလ်င္အျမန္တင္ပုိ႔ခဲ့ရပါတယ္။ မုိက္ကယ္ကင္းဟာ ေဘာလုံးကုိ ေခါင္းတိုက္ဖုိ႔ ႀကိဳးစားခဲ့ရာက အသင္းေဖာ္ ေဂးယီ Gueye နဲ႔ ေခါင္းခ်င္းဆုိင္ တိုက္မိသလုိျဖစ္ခဲ့ၿပီး မိနစ္အနည္းငယ္ၾကာတဲ့အထိ သတိလစ္သြားခဲ့တယ္။ အဲဗာတန္ေဆးအဖဲြ႕က မုိက္ကယ္ကင္းကုိ အေရးေပၚ ေရွးဦးသူနာျပဳစုခဲ့ရၿပီး ေအာက္စီဂ်င္ေပးခဲ့ရတဲ့အျပင္ ေဆး႐ုံကုိ ခ်က္ခ်င္းတင္ပုိ႔ခဲ့ရတာျဖစ္ပါတယ္။

Gueye-managed-to-get-back-to-his-feet-but-there-was-some-worry-for-the-health-of-Michael-Keane

Gueye-managed-to-get-back-to-his-feet-but-there-was-some-worry-for-the-health-of-Michael-Keane

မုိက္ကယ္ကင္းကုိ ထမ္းစင္နဲ႔ သယ္ေဆာင္သြားခ်ိန္မွာ ႏွစ္ဖက္ပရိသတ္ေတြက လက္ခုပ္တီးၿပီး အားေပးခဲ့ၾကပါတယ္။ မုိက္ကယ္ကင္းရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး အဲဗာတန္အသင္းကေတာ့ Update သတင္း မထုတ္ျပန္ေသးပါဘူး။ အဲဗာတန္အသင္းနည္းျပ မာကုိေဆးလ္ဗားက “မုိက္ကယ္ကင္းကုိ ခ်က္ခ်င္းပဲ ေဆး႐ုံ တင္ပုိခဲ့ရပါတယ္။ Update သတင္းကုိ ကၽြန္ေတာ္လည္း ေစာင့္ေမွ်ာ္ေနပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔အတြက္ ေကာင္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဘာမွ ဆုိးဆုိးရြားရြား မျဖစ္ပါေစနဲ႔လုိ႔ပဲ ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ အဲဒီပဲြမွာ မုိက္ကယ္ကင္းဟာ အဲဗာတန္အသင္းအတြက္ ဒုတိယဂုိး သြင္းယူခဲ့ေပမယ့္ သူ႔အသင္းက ႏုိင္ပဲြမရခဲ့ဘဲ (၂)ဂုိးစီ သေရက်ခဲ့ပါတယ္။

REF:The Sun
Photo:Getty Images,Reuters
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံကို တင်ပို့ခဲ့ရတဲ့ အဲဗာတန်နောက်ခံလူ Michael Keane

အဲဗာတန်အသင်းနောက်ခံလူ မိုက်ကယ်ကိန်း Michael Keane ဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့လို့ ဆေးရုံကို အလျင်အမြန်တင်ပို့ခဲ့ရပါတယ်။ မိုက်ကယ်ကင်းဟာ ဘောလုံးကို ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ရာက အသင်းဖော် ဂေးယီ Gueye နဲ့ ခေါင်းချင်းဆိုင် တိုက်မိသလိုဖြစ်ခဲ့ပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ သတိလစ်သွားခဲ့တယ်။ အဲဗာတန်ဆေးအဖွဲ့က မိုက်ကယ်ကင်းကို အရေးပေါ် ရှေးဦးသူနာပြုစုခဲ့ရပြီး အောက်စီဂျင်ပေးခဲ့ရတဲ့အပြင် ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ရတာဖြစ်ပါတယ်။

Gueye-managed-to-get-back-to-his-feet-but-there-was-some-worry-for-the-health-of-Michael-Keane

Gueye-managed-to-get-back-to-his-feet-but-there-was-some-worry-for-the-health-of-Michael-Keane

မိုက်ကယ်ကင်းကို ထမ်းစင်နဲ့ သယ်ဆောင်သွားချိန်မှာ နှစ်ဖက်ပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။ မိုက်ကယ်ကင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဲဗာတန်အသင်းကတော့ Update သတင်း မထုတ်ပြန်သေးပါဘူး။ အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက “မိုက်ကယ်ကင်းကို ချက်ချင်းပဲ ဆေးရုံ တင်ပိုခဲ့ရပါတယ်။ Update သတင်းကို ကျွန်တော်လည်း စောင့်မျှော်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့တယ်။ အဲဒီပွဲမှာ မိုက်ကယ်ကင်းဟာ အဲဗာတန်အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့ပေမယ့် သူ့အသင်းက နိုင်ပွဲမရခဲ့ဘဲ (၂)ဂိုးစီ သရေကျခဲ့ပါတယ်။

REF:The Sun
Photo:Getty Images,Reuters
Naing Linn(Akhayar)
www.akhayar.com