[Zawgyi]

ေမြးစားသမီးကုိ လိင္ပုိင္းဆုိင္ရာ ထိပါးခဲ့တဲ့ ဒါရုိက္တာ Woody Allen နဲ႔ အလုပ္ဆက္မလုပ္ဘူးလုိ႔ဆုိတဲ့  Michael Caine

(၃၂) ႏွစ္အရြယ္ရွိတဲ့ အေမရိကန္မင္းသမီးေခ်ာ Dylan Farrow ဟာ သူမ (၇) ႏွစ္အရြယ္တုန္းက ေမြးစားအေဖ ဒါရုိက္တာ Woody Allen ဟာ လိင္ပုိင္းဆုိင္ရာ ထိပါးခဲ့တယ္လုိ႔ ဇန္နဝါရီလ (၁၈) ရက္ေန႔တုန္းက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “ကြ်န္မရဲ႕ မိန္းမကုိယ္ကုိ လက္နဲ႔ ပြတ္သပ္ေပးပါတယ္။ အဲဒီအခ်ိန္တုန္းက ကြ်န္မ (၇) ႏွစ္ပဲ ရွိပါေသးတယ္” လုိ႔ ေျပာၾကားခဲ့ပါတယ္။

Dylan Farrow & Woody Allen

Dylan Farrow & Woody Allen

ဒီသတင္းကုိ ၾကားလုိက္တဲ့ေနာက္ပုိင္းမွာ  အဂၤလိပ္မင္းသားႀကီး Michael Caine က အလြန္အမင္း ေဒါသျဖစ္သြားၿပီး ဒီလုိဒါရုိက္တာမ်ိဳးနဲ႔ ဘယ္ေတာ့မွ အလုပ္ဆက္မလုပ္ပါဘူးလုိ႔ Guardian သတင္းစာမွာ ဖြင့္ဟသြားပါတယ္။ “ကြ်န္ေတာ္က NSPCC (National Society for the Prevention of Cruelty to Children) အဖြဲ႕ဝင္ပါ။ အထူးသျဖင့္ ကေလးသူငယ္ေတြကုိ လိင္ပုိင္းဆုိင္ရာထိပါးလာရင္ လက္မခံႏုိင္ဘူး။ ကြ်န္ေတာ္ ဒါရုိက္တာ Woody Allen ကုိ ခင္ပါတယ္။ သူနဲ႔လည္း အလုပ္ေတြအမ်ားႀကီး တြဲလုပ္ဖူးတယ္။ ေရွ႕ဆက္လုပ္ျဖစ္မွာေတာ့ မဟုတ္ပါဘူး” လုိ႔ ဆုိသြားပါတယ္။

Michael Caine

Michael Caine

(၈၄) ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီး Michael Caine ဟာ အႏုပညာေလာကထဲကုိ ၁၉၅၃ခုႏွစ္ကတည္းက ဝင္ေရာက္လာခဲ့ၿပီး ဒါရုိက္တာ Woody Allen ရုိက္ကူးတဲ့ ‘Hannah and Her Sisters (1986)’ ဇာတ္ကားမွာ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပုိ႔ဆု (Academy Award for Best Supporting Actor) ရရွိခဲ့ပါတယ္။ Woody Allen ဟာ ဒါရုိက္တာအျပင္ ဇာတ္ညႊန္းဆရာ၊ သရုပ္ေဆာင္နဲ႔ ထုတ္လုပ္သူေတြအျဖစ္ လုပ္ကုိင္ခဲ့သူပါ။ အႏုပညာေလာကမွာ ထူးခြ်န္သူျဖစ္ၿပီး အကယ္ဒမီဆုကုိ (၄) ႀကိမ္အထိ ရခဲ့သူပါ။ ဒါေပမယ့္ အခုလုိမ်ိဳး မေကာင္းသတင္းထြက္လာတာက သူ႕အတြက္ သမုိင္းမေကာင္းလွဘူးလုိ႔ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မွေးစားသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးခဲ့တဲ့ ဒါရိုက်တာ Woody Allen နဲ့ အလုပ်ဆက်မလုပ်ဘူးလို့ဆိုတဲ့  Michael Caine

(၃၂) နှစ်အရွယ်ရှိတဲ့ အမေရိကန်မင်းသမီးချော Dylan Farrow ဟာ သူမ (၇) နှစ်အရွယ်တုန်းက မွေးစားအဖေ ဒါရိုက်တာ Woody Allen ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးခဲ့တယ်လို့ ဇန်နဝါရီလ (၁၈) ရက်နေ့တုန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်မရဲ့ မိန်းမကိုယ်ကို လက်နဲ့ ပွတ်သပ်ပေးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မ (၇) နှစ်ပဲ ရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

Dylan Farrow & Woody Allen

Dylan Farrow & Woody Allen

ဒီသတင်းကို ကြားလိုက်တဲ့နောက်ပိုင်းမှာ  အင်္ဂလိပ်မင်းသားကြီး Michael Caine က အလွန်အမင်း ဒေါသဖြစ်သွားပြီး ဒီလိုဒါရိုက်တာမျိုးနဲ့ ဘယ်တော့မှ အလုပ်ဆက်မလုပ်ပါဘူးလို့ Guardian သတင်းစာမှာ ဖွင့်ဟသွားပါတယ်။ “ကျွန်တော်က NSPCC (National Society for the Prevention of Cruelty to Children) အဖွဲ့ဝင်ပါ။ အထူးသဖြင့် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာထိပါးလာရင် လက်မခံနိုင်ဘူး။ ကျွန်တော် ဒါရိုက်တာ Woody Allen ကို ခင်ပါတယ်။ သူနဲ့လည်း အလုပ်တွေအများကြီး တွဲလုပ်ဖူးတယ်။ ရှေ့ဆက်လုပ်ဖြစ်မှာတော့ မဟုတ်ပါဘူး” လို့ ဆိုသွားပါတယ်။

Michael Caine

Michael Caine

(၈၄) နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Michael Caine ဟာ အနုပညာလောကထဲကို ၁၉၅၃ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဒါရိုက်တာ Woody Allen ရိုက်ကူးတဲ့ ‘Hannah and Her Sisters (1986)’ ဇာတ်ကားမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (Academy Award for Best Supporting Actor) ရရှိခဲ့ပါတယ်။ Woody Allen ဟာ ဒါရိုက်တာအပြင် ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်နဲ့ ထုတ်လုပ်သူတွေအဖြစ် လုပ်ကိုင်ခဲ့သူပါ။ အနုပညာလောကမှာ ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုကို (၄) ကြိမ်အထိ ရခဲ့သူပါ။ ဒါပေမယ့် အခုလိုမျိုး မကောင်းသတင်းထွက်လာတာက သူ့အတွက် သမိုင်းမကောင်းလှဘူးလို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com