[Zawgyi]





ကျော်စိုးအောင် (အခရာ)

www.akhayar.com

[Unicode]

Johns Hopkins University ကို ဒေါ်လာ ၁.၈ ဘီလီယံ လှူဒါန်းလိုက်တဲ့ Michael Bloomberg

လုပ်ငန်းရှင်ကြီး Michael Bloomberg ဟာ Johns Hopkins University ကို ဒေါ်လာ ၁.၈ ဘီလီယံ (ဒေါ်လာ ၁,၈ဝဝ သန်း) လှူဒါန်းမှာဖြစ်ကြောင်း Bloomberg Philanthropies ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

သူဟာ Johns Hopkins University ရဲ့ ကျောင်းသားဟောင်းဖြစ်ပြီး ၁၉၆၄ခုနှစ်မှာ သိပ္ပံဘွဲ့ ကို ရရှိခဲ့သူပါ။ သူဟာ ဒေါ်လာ ၆.၄ ဘီလီယံအထိ လှူဒါန်းခဲ့ပြီး နာမည်ကျော်ပရဟိတသမားလို့ ဆိုရမှာပါ။

အသားတင်ကြွယ်ဝမှု ဒေါ်လာ ၄၆.၃ ဘီလီယံအထိရှိတဲ့ Michael Bloomberg ဟာ ကမ္ဘာပေါ်မှာ (၁၄) ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သာမန်မိသားစုဝင်တွေအနေနဲ့ ကျောင်းလခမြင့်မားတဲ့ တက္ကသိုလ်တွေမှာ ပညာမသင်နိုင်တဲ့အခြေအနေမှာ သူဟာ Johns Hopkins University ကို လူတန်းစားမျိုးစုံ တက်ရောက်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com