Mia Khalifa ကြိုက်နှစ်သက်တဲ့ ဘောလုံးသမားတွေက ဘယ်သူတွေများလဲ

မီယာခါလီဖာ Mia Khalifa ဆိုတဲ့နာမည်ကိုတော့ ပရိသတ်တွေကို အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး။ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ Adult Film လောကကို သိမ်းပိုက်ခဲ့ဖူးသူ မိန်းမချောလေး။ အခုတော့လည်း ဘ၀လမ်းခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လှမ်းနေပြီ။ Adult Film လောကမှာ ကျင်လည်ခဲ့ပေမယ့် မီယာခါလီဖာကို အထင်တော့ မသေးလိုက်နဲ့။ သူမက အားကစားနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်။ ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းရဲ့ ပရိသတ်ဖြစ်ပြီး ၀က်စ်ဟမ်း-အာဆင်နယ်ပွဲကို လာကြည့်ပြီးတော့ အာဆင်နယ်ကွင်းလယ်လူ ဂန်ဒူဇီ Mattéo Guendouzi ကိုတောင် လှောင်ပြောင်လိုက်သေး။

ဘောလုံးသမားထဲမှာ သူမ နှစ်သက်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ (တစ်မျိုးတော့ မထင်လိုက်ပါနဲ့၊ သာမန်ပရိသတ်တစ်ဦးအနေနဲ့ပါ ..ပရိသတ်ရေ)။ ဘောလုံးမင်းသားဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ် David Beckham ၊ ပြင်သစ်ဂန္ထ၀င်ကြီး ဇီဒန်း Zinedine Zidane တို့က ခါလီဖာရဲ့ အသည်းစွဲတွေ။

သူတို့အပြင် နောက်ထပ်တစ်ယောက်က ထူးထူးဆန်းဆန်းပါ။ သူမဟာ ဟတ်ဒါဖီးလ် နာမည်ကျော်ကွင်းလယ်လူ အာရွန်မွိုင်း Aaron Mooy ရဲ့ Fan ဖြစ်နေတာပါပဲ။ အာရွန်မွိုင်းကို ခါလီဖာ တင်စားခဲ့တာက NBA နာမည်ကျော် ဘက်စကတ်ဘောအားကစားသမား Kawhi Leonard နဲ့တူပါတယ်တဲ့။

“အာရွန်မွိုင်းက ဘောလုံးလောကရဲ့ Kawhi Leonard ပါပဲ။ သူ့ပုံစံတွေက Kawhi Leonard နဲ့ သွားတူတယ်။ ကင်မရာကြောက်တတ်တာ၊ တစ်ခါတစ်လေ အူကြောင်ကြောင်ပုံစံလုပ်တတ်တာမျိုးပါ။ ဒါပေမဲ့ အာရွန်မွိုင်းက အဲ့လိုလူမှန်းသိအောင် ဘယ်တော့မှ မပြသတတ်ပါဘူး”။ ပရိသတ်ကြီးရေ . . မီယာခါလီဖာကတော့ အာရွန်မွိုင်းရဲ့ ပုံစံကို ဘယ်တုန်းကတည်းက လေ့လာထားလည်းတော့ မသိဘူး။ အသေးစိတ်ကို သိနေတော့တာပဲ။ အာရွန်မွိုင်းတစ်ယောက်တော့ အခုလောက်ဆို ရင်တွေဘာတွေ ခုန်နေပြီလား မသိ . . .

REF:Goal
Photo:Stadionews,Goal,Fox Sports,Pro Soccer USA
Naing Linn(Akhayar)
www.akhayar.com