[Zawgyi]



ပိုလည်း ချစ်မိပါတယ်..
Love you all so much

မိစန္ဒီနဲ့ Lancifer

မိစန္ဒီနဲ့ Lancifer







Lancifer

Lancifer


Yoe Lu (Akhayar)

www.akhayar.com

[Unicode]

အမေရိကန်အဆိုတော် Lancifer နဲ့ သီချင်းသစ်တစ်ပုဒ် ပူးတွဲဖန်တီးလိုက်တဲ့ မိစန္ဒီ

အနုပညာလှုပ်ရှားမှုတွေကို ခပ်သွက်သွက်ပြုလုပ်နေတဲ့ အဆိုတော် မိစန္ဒီကတော့ အမေရိကန်အနုပညာရှင်အဆိုတော် Lancifer နဲ့  ပူးပေါင်းပြီး ‘High 5’ ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ကို ချပြလိုက်ပါပြီ။ ဒီသီချင်းအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲလည်း လုပ်ခဲ့ပြီး မိစန္ဒီက သူ့ Timeline မှာ ခုလို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

“ဒီနေ့ပွဲလေးကို ကြွရောက်ပေးတဲ့ Media အကို အမများအားလုံးကို ကျေးဇူးပါရှင့်.. ရုတ်တရက် စီစဉ်လိုက်တဲ့ ပွဲဆိုပေမယ့် အရမ်းစည်ကားတဲ့ ပွဲလေး တစ်ပွဲဖြစ်ခဲ့ပါတယ်..
တကူးတက အချိန်ပေးကြတဲ့ အတွက် ဝမ်းသာမိပါတယ်..
ပိုလည်း ချစ်မိပါတယ်..
ကူညီစီစဉ်ပေးသော Bo Bo Entertainment ကိုလည်း ကျေးဇူးတင်ပါတယ်.. မရှိမဖြစ်လိုအပ်သော သမီး Thinzar Thet Aung .. သမီးဘာတွေ လုပ်နေမှန်း သေချာမသိသော်လည်း လုပ်မျှအကုန် ကူညီပေးသော mommy Htwe Htwe Kyi ကိုလည် အရမ်းကျေးဇူးပါ.. သီချင်းအကြောင်း ဘာမှန်း သေချာ မသိပေမယ့်လည်း လာပေးတဲ့ ဦးဘိုစန်း San Win Oo ကိုလည်း ကျေးဇူးပါ.. အဝေးရောက် my brother Chan Tha ပြီးမှ party ကြမယ်နော်
Make-up Mi Mi Khine Hello team အားလုံး
အခမ်းအနားမှူး လုပ်ပေးတဲ့ ကိုလင်း Lin Nai Ooကိုလည်း ကျေးဇူးအထူးပါနော်…
Love you all so much
နားမထောင်ရသေးတဲ့ ပရိတ်သတ်တွေလည်း High-5 သီချင်းလေးကို အားပေးပါဦးလို့ ” ဆိုပြီး ဖော်ပြခဲ့တာပါ။

မိစန္ဒီနဲ့ Lancifer

မိစန္ဒီနဲ့ Lancifer

စာနယ်ဇင်းပွဲမှာတွေ့ရတဲ့ မိစန္ဒီနဲ့ Lancifer

စာနယ်ဇင်းပွဲမှာတွေ့ရတဲ့ မိစန္ဒီနဲ့ Lancifer

စာနယ်ဇင်းပွဲမှာတွေ့ရတဲ့ မိစန္ဒီနဲ့ Lancifer

စာနယ်ဇင်းပွဲမှာတွေ့ရတဲ့ မိစန္ဒီနဲ့ Lancifer

သီချင်းလေးရဲ့ အဓိပ္ပာယ်က ရခဲတဲ့ လူ့ဘဝခဏလေးမှာ အချင်းချင်းဘာလို့ မုန်းနေမှာလဲ။ ငါတို့တွေ High Five လုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်လို့ ရည်ရွယ်ရေးစပ်ထားတာ ဖြစ်ပါတယ်တဲ့။

မိစန္ဒီနဲ့ သီချင်းပူးတွဲဖန်တီးခဲ့တဲ့ Lancifer ဆိုတာကတော့ ပြီးခဲ့တဲ့မတ်လကလည်း  မြန်မာအဆိုတော် ဖြူဖြူကျော်သိန်း၊ နောက်ထပ်အမေရိကန်တေးရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Wendell Ray တို့နဲ့ ပူးပေါင်းပြီး ‘Miracle’ ဆိုတဲ့ သီချင်းတစ်ပုဒ်ထွက်ရှိထားသူပါ။

Lancifer

Lancifer

Lancifer ဟာ အမေရိကန်လူမျိုး သီချင်းရေးဆရာလည်းဟုတ်၊ Rapper အဆိုတော်တစ်ယောက်လည်း ဟုတ်တဲ့ International Artist တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မိစန္ဒီကြီးရဲ့ သီချင်းသစ်လေးကို နားထောင်ပြီးကြပြီလား။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Mi Sandi’s Facebook ၊ Lancifer Facebook